Home သတင်း ယခုနှစ် ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူးပွဲ‌တော်အတွင်း ‌လောင်းကစားများ တားမြစ်မည်

ယခုနှစ် ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူးပွဲ‌တော်အတွင်း ‌လောင်းကစားများ တားမြစ်မည်

2217
ကရင်နှစ်သစ်ကူးဖြစ်‌မြောက်‌ရေးအစည်းအ‌ဝေး Credit - Nan Zar Ni Oo


နိုဝင်ဘာလ ၂၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ ‌ကျေးရွာလူထု ရပ်မိရပ်ဖများမှ နှစ်စဉ် ဦး‌ဆောင် ကျင်းပသည့် ကရင်နှစ်၂၇၅၉ ခု၊ ပြာသိုလဆန်း ၁ ရက်(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)‌နေ့တွင် ကျ‌ရောက်မည့် ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်အတွင်း ‌လောင်းကစားဝိုင်း၊ အာဝါ‌ဒေးများ ခွင့်ပြုသွားမည်မဟုတ် ‌ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက နားလည်မှုဖြင့် ထည့်သွင်းခွင့်ပြုမှုများရှိခဲ့သည့် အဆိုပါ‌လောင်းကစားဝိုင်းများကို ယခုနှစ် ဝင်း‌ရော်‌ဒေသ ကျုံခဝန်ရွာတွင် ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်အတွင်း ထည့်သွင်းခွင့် မပြု ရခြင်းအ‌ကြောင်းရင်းနှင့်ပတ်သက်၍ ပွဲကျင်းပ‌ရေး‌ကော်မတီ၏ အ‌ထောက်အကူပြု အကြံ‌ပေး ‌စော‌ယောင့် သာအဲဆန်က ယခုလို‌ပြောသည်။

‌စော‌ယောင့်သာအဲဆန်က “နှစ်သစ်ကူးမှာ ‌လောင်းကစား‌တွေ ခွင့်မပြုဖို့ KNU(ကရင်အမျိုးသားအစည်းအရုံး) က‌ရော အစိုးရကပါ တားမြစ်ထားပါတယ်။ ခါတိုင်းနှစ်‌တွေက နားလည်မှုနဲ့ ‌လောင်းကစားဝိုင်း‌တွေ ခွင့်ပြုထားခဲ့ ‌ပေမယ့် ဒီနှစ်‌တော့ လုံးဝ ခွင့်မပြု‌တော့ပါဘူး” ဟု နိုဝင်ဘာလ ၂၇ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ကရင်နှစ်သစ်ကူး‌နေ့၌ ‌လောင်းကစားဝိုင်းများ ထည့်သွင်း ပြုလုပ်‌စေခြင်းသည် နှစ်သစ်ကူးအနှစ်သာရနှင့် မလိုက်ဖက်ဘဲ ဆန့်ကျင်လျက်ရှိပြီး လူမျိုးတစ်မျိုး၏ ဂုဏ် သိက္ခာ၊ တန်ဖိုးများလည်း ကျဆင်းနိုင်‌သော‌ကြောင့် ‌လောင်းကစားခွင့်မပြု‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီမှ ဆုံးဖြတ်လိုက်သည်ဟု ‌စော‌ယောင့်သာအဲဆန်မှ ဆက်‌ပြောသည်။

ဝင်း‌ရော်‌ဒေသရှိ ရွာ‌ပေါင်း ၂ဝ ‌ကျော်မှ နှစ် ၅ဝ ‌ကျော်ကြာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကရင်နှစ်သစ်ကူး‌နေ့ကို ခလယ်-တံခွန်တိုင်ရွာနှင့် ဖားပြရွာ၌သာ နှစ်စဉ်ပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် ကျုံခဝန်ရွာ၌ ပထမဦးဆုံးအကြိမ် အဖြစ် ပြုလုပ်သွားမည်လည်း ဖြစ်‌ကြောင်း ကျင်းပ‌ရေး တာဝန်ရှိသူထံမှသိရသည်။

ကျပ်သိန်း‌ပေါင်း တစ်ရာ‌ကျော် ကုန်ကျရန် လျာထားသည့် ဝင်း‌ရော်‌ဒေသနှစ်သစ်ကူး‌နေ့ အထိမ်းအမှတ်တွင် ကရင်စာ‌ပေပြိုင်ပွဲ၊ ဒုံးအကပြိုင်ပွဲ၊ ကရင်ရိုးရာလက်‌ဝှေ့၊ ‌ဘောလုံးပွဲများ၊ ပြခန်းများလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်‌ကြောင်း ကျင်းပ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

အလားတူ KNU၊ ဒူးပလာယာခရိုင်အဆင့်အ‌နေဖြင့် KNU၊ ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော်-DKBA၊ ကရင် ငြိမ်းချမ်း‌ရေးအဖွဲ့-KNU KNLA(PC) နှင့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်-BGF ကရင်လက်နက်ကိုင် ၄ ဖွဲ့ ‌ပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိမ်‌ချောင်း‌ကျေးရွာ တွင် ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဟု သိရသည်။

ယခင်က ကရင်နှစ်သစ်ကူး‌နေ့အပါအဝင် အခြား‌သော ‌နေ့ထူး‌နေ့မြတ်များ၊ ဘာသာ‌ရေး ပွဲ‌တော်များ အ‌ပေါ်ခုတုံးလုပ်ကာ ‌လောင်းကစား (အာဝါ‌ဒေး)ဝိုင်းများကို ကရင်ပြည်နယ်အတွင်းရှိ ‌နေရာအချို့တွင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၊ ‌ခေါင်းစဉ်အမျိုးမျိုးဖြင့် နားလည်မှုရယူကာ ထည့်သွင်း ခွင့်ပြုထားမှုများ လည်းရှိခဲ့သည်။

နိုင်ငံတဝှမ်း အစိုးရမှ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ထားသည့် ပြာသိုလဆန်း ၁ ရက်‌နေ့တွင် ကျ‌ရောက်‌သော ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို အဂင်္လိပ်ကိုလိုနီ‌ခေတ် ၁၉၃၈ ခုနှစ်မှစ၍ ကျင်းပခဲ့ကြခြင်းဖြစ်သည်။