Home သတင်း တာဝန်ရှိသူများမှ ‌ရေမည်းပြဿနာ အမြန်ဆုံး ‌ဖြေရှင်း‌ပေး‌ရေး KNDP တိုက်တွန်း

တာဝန်ရှိသူများမှ ‌ရေမည်းပြဿနာ အမြန်ဆုံး ‌ဖြေရှင်း‌ပေး‌ရေး KNDP တိုက်တွန်း

2272
ကရင်ပြည်နယ်အ‌ခြေစိုက် ‌သော KNDP ပါတီ ဥက္ကဌ မန်း‌အောင်ပြည်စိုး

နိုဝင်ဘာလ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အင်းအိုင်၊ ‌ရေတွင်းများမှ ‌ရေများမည်းနက်လာသည့်ကိစ္စဖြစ်‌ပေါ်ပြီး‌နောက်ပိုင်း ‌ရေပြဿနာပူပန်‌နေရဆဲ ‌ဒေသခံများ၏ ဆင်းရဲဒုက္ခ‌ရောက်မှုများကို တာဝန်ရှိသူအဆင့်ဆင့်တို့မှ လိုအပ်‌သော အကူအညီများ အ‌ဆောတလျင် ‌ဆောင်ရွက်‌ပေးသင့်‌ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP က သ‌ဘောထားထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ကရင်ပြည်နယ် အ‌ခြေစိုက်ပါတီတစ်ခုဖြစ်‌သော KNDP ပါတီမှ ‌ရေမည်း ပြဿနာ‌ကြောင့် လူထုစိုးရိမ်မှုဖြစ်‌ပေါ် ‌နေသည့် ‌သောက်သုံး‌ရေများအ‌ပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝ ပြန်လည်ရရှိ‌စေ‌ရေး သက်ဆိုင်ရာ တာဝန် ရှိသူများမှ ‌ဖြေရှင်း‌ဆောင်ရွက်‌ပေးရန် နိုဝင်ဘာလ ၁၈ရက်‌နေ့က သ‌ဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက “တို့ကိုယ်တိုင်သွားခဲ့ပြီးပြီ။ ‌ကျောက်မီး‌သွေးကို ဒီအတိုင်းပဲ အမိုးအကာမရှိ ပုံထားတာ‌တွေ တို့‌တွေ့ခဲ့ရတယ်။ ‌မြေ‌အောက်စိမ့်ဝင်ပြီး‌တော့ ‌ရေမဲသွားတဲ့ အ‌နေအထားမျိုးက‌နေ မသုံးသင့်၊ မသုံးရဲတဲ့ သံသယ‌တွေက ဆုံးမှာမှ မဟုတ်ဘဲ။ ဒီလို (ပြည်သူ‌တွေရဲ့)ပူပင်‌ကြောင့်ကြမှုအတွက် တာဝန်ရှိသူ ‌တွေက (အမြန်ဆုံး) မ‌ဖြေရှင်းကြ‌တော့ဘူးလား” ဟု နိုဝင်ဘာလ ၁၈ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌စေတနာရှင်များ၏ ‌ရေအလှူ‌ကြောင့် လက်ရှိအချိန်အတွင်း အဆင်‌ပြေ‌နေ‌သော်လည်း ‌ရေရှည်တွင် မဖြစ်နိုင်သည့်အတွက် တာဝန်ရှိသူများဖြစ်သည့် ပြည်နယ်အစိုးရအပါအဝင် ပြည်‌ထောင်စုအစိုးရ၊ ဘိလပ်‌မြေ စက်ရုံမှ တာဝန်ရှိသူများအ‌နေဖြင့် ပြည်သူများအတွက် အလျင်အမြန်အ‌စောတလျင် စီစဉ်‌ဆောင်ရွက်‌ပေးသင့် ‌ကြောင်းလည်း မန်း‌အောင်ပြည်စိုးက ဆက်လက်‌ပြောဆိုသည်။

အဆိုပါ ‌သောက်သုံး‌ရေအခက်အခဲဖြစ်‌နေသည့် ‌ဒေသခံရွာသားများ ‌သောက်သုံး‌ရေရရှိရန် ပြည်နယ်အစိုးရမှ ‌ရေလှူဒါန်း‌ပေးမှုများ၊ ‌ကျေးရွာအချို့တွင် အဝီစိတွင်းများ သွား‌ရောက် တူး‌ဖော်မှု‌ပေးမှုများရှိခဲ့သည့်အပြင် ‌စေတ နာရှင်များမှလည်း ‌နေ့စဉ်‌ရေသွား‌ရောက်လှူဒါန်းမှုများရှိသည်ဟု သိရသည်။

KNDP ပါတီအ‌နေဖြင့်လည်း နိုဝင်ဘာလ ၁၈ရက်‌နေ့က ‌ရေမည်းပြဿနာ‌ကြောင့် ‌သောက်သုံး‌ရေ အခက် အခဲဖြစ်‌နေသည့် ဘိလပ်‌မြေစက်ရုံအနီးရှိ နတ်ကုန်း၊ ငှက်‌ပျော‌တော၊ ‌ကော့ပတိုင်စသည့် ‌ကျေးရွာ(၅) ရွာအတွက် အလားတူ သုံး‌ရေ နှင့် ‌သောက်‌ရေသန့်များသွား ‌ရောက်လှူဒါန်းမှုများရှိခဲ့သည်။

KNDP မှ ‌သောက်‌ရေ၊ သုံး‌ရေ သွား‌ရောက်လာဒါန်းခဲ့စဉ် (Photo-Mahn Soe)

လွန်ခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းက ဘားကပ်၊ ‌အောက်‌ကော့ရင်း၊ ရ‌သေ့ပျံ၊ ပန်းကုန်းစသည့် ‌ကျေးရွာ အုပ်စုအတွင်းရှိ ‌ကျေးရွာများတွင် ‌ဒေသခံများအသုံးပြု‌သောက်သုံး‌နေ‌သော ‌သောက်သုံး‌ရေကန်၊ ‌ရေတွင်းများ အတွင်း ပုံမှန်မဟုတ်သည့် ‌ရေများမည်းနက်လာခြင်းနှင့်အတူ ငါးများ‌သေဆုံးမှုများ ဖြစ်‌ပေါ်ခြင်း‌ကြောင့် ‌သောက် သုံး‌ရေ အသုံးပြုရန် ခက်ခဲလာခြင်းဖြစ်သည်။

ထို့အတူ ဖြစ်‌ပေါ်ခဲ့သည့်‌ရေမည်းပြဿနာ ‌နောက်ဆက်တွဲများ‌ကြောင့် ‌ဒေသခံများအပြင် လယ်ယာလုပ်ငန်း အ တွက် ၎င်းတို့‌မွေးမြူထားသည့် ကျွဲ၊ နွားများ အတွက်ပါ ‌ရေအခက်အခဲကြုံ‌တွေ့‌နေရသလိုလက်ရှိအချိန်အထိ ‌ရေအလှူရှင်များ၏ လာ‌ရောက် လှူဒါန်း‌နေမှုများအ‌ပေါ်တွင်သာ ဆက်လက်မှီခို‌နေရဆဲဖြစ်‌ကြောင်း ‌ဒေသခံ များက‌ပြောဆိုသည်။