Home သတင်း တရားဝင် တင်ပို့သည့် ဆန်ကွဲ တန် ၂၅၀၊ ထိုင်းဘက်မှ ဖမ်းဆီးမှုကိုု မြန်မာကုန်သည်များ မ‌ကျေနပ်

တရားဝင် တင်ပို့သည့် ဆန်ကွဲ တန် ၂၅၀၊ ထိုင်းဘက်မှ ဖမ်းဆီးမှုကိုု မြန်မာကုန်သည်များ မ‌ကျေနပ်

3021
ဗိုလ်ချုပ်လမ်းရှိ နယ်စပ် ကုန်သည်ကြီးများရုံးတွင် ယ‌နေ့(နိုဝင်ဘာ ၂၅ ရက်)တွင် သတင်းမီဒီယာများကို ‌တွေ့ဆုံရှင်းလင်းပွဲ (Photo_Nay Naw)


နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မြဝတီ အမှတ် ၂ ချစ်ကြည်‌ရေးတံတားမှ တစ်ဆင့် နိုဝင်ဘာ ၂၁ ရက်တွင် ကုန်တင် ကား ၇ စီးဖြင့် တင်ပို့သည့် ဆန်ကွဲ တန် ၂၅ဝ ကာလတန်ဖိုး ကျပ်သိန်း ၇၀ဝကို ထိုင်းဘက်က ဆန်များတင်ပို့ သည်ဟုဆိုကာ ဖမ်းဆီးခြင်းခံရသည်ဟု ဆန်ကွဲတင်ပို့သူ ကုန်သည်‌ဒေါ်မြင့်မြင့်သူက ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နစ်နာသူဘက်က မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နယ်စပ် ကုန်သည်ကြီးများရုံးတွင် ယ‌နေ့(နိုဝင်ဘာ ၂၅ ရက်)တွင် သတင်းမီဒီယာများကို ‌တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကုန်သည် ‌ဒေါ်မြင့်မြင့်သူက “ အဆင့်ဆင့် အစစ်‌ဆေးခံပြီး ထိုင်းဘက်ကိုတရားဝင်တင်ပို့ခဲ့ပါတယ်။ ထိုင်းဘက် တံတားကြီးထိပ်ကို ‌ရောက်‌တော့ တရားဝင်တင်သွင်းလာတဲ့ဆန်ကွဲ‌တွေကို“ဆန်” ‌တွေ ဆိုပြီး ဖမ်းလိုက်တာပါ။ ဒါကိုသူတို့က သူတို့သတင်းစာ‌တွေမှာပါ ‌ဖော်ပြကြပါတယ်” ဟု မီဒီယာများသို့ ‌ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဆန်တင်ပို့ခွင့် မရှိ‌သော်လည်း ဆန်ကွဲ တင်ပို့ခွင့်ရှိခြင်း‌ကြောင့် တရားဝင်တင်ပို့ခြင်းဖြစ်ပြီး ယခုလိုဖမ်းဆီးကာ ဒဏ်‌ကြေး‌ပေး‌ဆောင်ရန် ထိုင်းတာဝန်ရှိသူများက ‌ပြောဆိုခြင်းသည် ‌ငွေညှစ်သည့် သ‌ဘော ဟုထင်မြင်‌ကြောင်း ‌ဒေါ်မြင့်မြင့်သူက ဆက်‌ပြောသည်။

“ကျမအထင်က‌တော့ မတရားဖမ်းဆီးပြီး‌ငွေညှစ်တာ လို့ပဲထင်ပါတယ်။ ထိုင်းဘက်ကသာ မြန်မာဘက်ကို သွင်း ကုန်‌တွေများ‌နေတာပါ။ မြန်မာဘက်က တင်ပို့တဲ့ပစ္စည်း အလွန်နည်းပါတယ်။ အခု ဆန်ကွဲကား ၇ စီးဟာ မြဝတီအမှတ် ၂ ချစ်ကြည်‌ရေးတံတား BCF ဇုန်က‌နေအဆင့်ဆင့် စစ်‌ဆေးပြီးမှ တင်ပို့တဲ့ပစ္စည်းဖြစ်တာ‌ကြောင့် ဖမ်းဆီးလိုက်တာဟာ တမင်ညစ်ပတ်ဖမ်းဆီးတာလို့ပဲ ထင်ပါတယ်၊ ဒါကို သက်ဆိုင်ရာအထက်ဌာနကို တင်ပြ သွားမှာပါ”ဟု မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း၊ ဥက္ကဌ‌ဒေါ်သင်းသင်းမြတ်က ‌ပြောသည်။

ဗိုလ်ချုပ်လမ်းရှိ နယ်စပ် ကုန်သည်ကြီးများရုံး (Photo_Nay Naw )

ချစ်ကြည်‌ရေး တံတား‌ပေါ်မှ တင်ပို့သည့် ကုန်ပစ္စည်းများကို ထိုင်းဘက်က တင်းကြပ်စွာစစ်‌ဆေးခြင်းများ ရှိကာ ယခု ဖမ်းဆီးထားသည့် ဆန်ကွဲများကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ ကဖီဘန်းနှင့် မဲကုလမ်းဆုံအနီး ဂို‌ဒောင်တစ်ခု တွင် ထိန်းသိမ်းထား‌ကြောင်း သိရသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ဖြစ်စဉ်အ‌ပေါ် မြဝတီမြို့နယ်အ‌ကောက်ခွန်ဦးစီးဌာန၊ မြို့နယ်အ‌ကောက်ခွန်ဦးစီးမှူး ဦးလှမျိုး‌အောင်က “ ဌာန အ‌နေနဲ့ စာရွက်စာတန်း‌တွေ၊ ကုန်ပစ္စည်း၊ ကုန်တန်ချိန်နဲ့ ပို့တဲ့ပစ္စည်းက တရားဝင်ပစ္စည်းဖြစ်ရဲ့လား၊ တရား မဝင် ပစ္စည်း‌တွေလား အစရှိတာ‌တွေကို ‌သေချာစွာ စစ်‌ဆေးရပါတယ်။ စစ်ပြီးမှန်ကန်မှ လက်မှတ်ထိုး၊ စည်းတံ ဆိပ်‌တွေထုပြီး ‌သေချာပြီဆိုမှလွှတ်‌ပေးရတာပါ။ ဒါ‌ကြောင့် ၂၁ ရက်‌နေ့က စစ်‌ဆေးလွှတ်‌ပေး လိုက်တဲ့ ကား ၇ စီးမှာ တင်‌ဆောင်ခဲ့တဲ့ကုန်‌တွေဟာ တရားဝင်တင်ပို့ခွင့် ရှိတဲ့ဆန်ကွဲ‌တွေ မှန်ကန်တယ်ဆိုတာ အာမခံပါတယ်” ဟု ‌ပြောသည်။

မြန်မာဘက်ခြမ်းမှ တရားဝင် တင်ပို့သည့်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံဘက်က တင်းကြပ်စွာ စစ်‌ဆေးမှုများ ရှိ‌နေ‌သော်လည်း ထိုင်နိုင်ငံဘက်ခြမ်းမှ ကုန်ပစ္စည်းများကို ‌သောင်ရင်းမြစ်ကမ်းတစ်‌လျှောက် တရားမဝင် နယ်စပ်ဖြတ်‌ကျော် ‌လှေဂိတ် ၂ဝ ‌ကျော်ခန့်မှ တင်သွင်းလျက်ရှိ‌နေဆဲ ဖြစ်‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။