Home သတင်း စာသင်‌ကျောင်းဝင်းထဲ ကျင်ငယ်စွန့်သည့် တရုတ်နိုင်ငံသားများကို မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်

စာသင်‌ကျောင်းဝင်းထဲ ကျင်ငယ်စွန့်သည့် တရုတ်နိုင်ငံသားများကို မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်

2792
Photo_Nay Naw

‌အောက်တိုဘာ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အထက(ခွဲ)‌အောင်‌မြေ‌ရွှေဘုံ‌ကျောင်းဝင်းအတွင်း ယမန်‌နေ့ (နိုဝင်ဘာ ၁ ရက်) ညဦးပိုင်းက အရက်‌သေစာ ‌သောက်စားထား‌သော တရုတ်နိုင်ငံသားများ မဖွယ်မရာအပြုအမူနှင့် ကျင်ငယ်စွန့်ခဲ့သည့်အတွက် ‌ကျောင်းသားမိဘများ၏ တိုင်ကြားမှု‌ကြောင့် မြဝတီမြို့မရဲစခန်းတွင် အဆိုပါ တရုတ်နိုင်ငံသားများကို အမှုဖွင့်စစ်‌ဆေး‌နေ‌ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်‌တွေ့ရှိခဲ့သူ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူကိုစန်းဝင်းက “မ‌နေ့ည ၆ နာရီခွဲ‌လောက်မှာ ‌ကျောင်းဝင်းနှင့် ‌ပေ ၂ဝ ခန့် အကွာအ‌ဝေးမှာရှိတဲ့စီ ချွမ်း တရုတ်စား ‌သောက်ဆိုင် က‌နေ အရက်‌သေစာ‌သောက်စားမူးယစ်‌နေကြတဲ့ တရုတ်နိုင်ငံသား (၁၅)ဦးခန့်ထဲမှ ၄ ဦးခန့် ‌ကျောင်း အတွင်းဝင်လာပြီး ၎င်းတို့ရဲ့ တန်ဆာ‌ပေါ်တဲ့အထိ မဖွယ်မရာပြုမူပြီး မတ်တပ်ရပ်ကာ ကျင် ငယ်စွန့် ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ ‌ကျောင်းဝင်းအ‌ပေါက်ဝမှာရှိ‌နေတဲ့ တရုတ်နိုင်ငံသား ၁၁ဦးခန့်ကလည်း ‌ကျောင်းဝင်းနံရံမှာ ကျင်ငယ်စွန့်ဖို့ ကြိုးစား‌နေသလို ‌ကျောင်းဝင်းထဲ ဝင်လာဖို့ ကြိုးစား‌နေသူ‌တွေကိုလည်း ‌တွေ့ရတယ်။”ဟု ဆိုသည်။

ဆက်လက်၍ “အဲ့ဒါ‌ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူ‌တွေကို အ‌ကြောင်းကြားပြီး ‌ကျောင်းဝင်းအတွင်း ဝင်ပြီး မဖွယ်မရာအပြုအမူဖြင့် ကျင်ငယ်စွန့်ခဲ့ကြတဲ့ တရုတ်နိုင်ငံသားများကို လာ‌ရောက်ဖမ်းဆီး‌စေကာ ထိ‌ရောက်တဲ့ အ‌ရေးယူမူရှိ‌စေလိုတဲ့အတွက် ၎င်းမှ တရားလိုပြုလုပ်၍ မြဝတီမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားတယ်”ဟု ကိုစန်းဝင်းက ဆက်‌ပြောသည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အထက(ခွဲ)‌အောင်‌မြေ‌ရွှေဘုံ‌ကျောင်းတွင် ‌ကျောင်းသား/‌ကျောင်းသူ ၁,၀၀ဝ (တစ်‌ထောင်)‌ကျော်ရှိပြီး (၁၀)တန်း‌ကျောင်းသူ/‌ကျောင်းသား ၃၆ ဦးရှိသည်။ ည‌နေ ၄နာရီခွဲ မှ ည ၆ နာရီခွဲထိ အချိန်ပိုသင်ကြားမှုများရှိ‌နေသလို ‌နောက်ပိုင်းတွင် ၁ဝ တန်း‌ကျောင်းသား/သူများကို ညပိုင်းစခန်းသွင်းကာ သင်ကြား‌ပေးရန် စီစဉ်‌နေသည့်အတွက် ယခုလို ‌ကျောင်းဝင်းအတွင်း မဖွယ်မရာ ပြုလုပ်မှုမှာ ‌စော်ကားလွန်းရာ‌ရောက်သည့်အတွက် ထိ‌ရောက်စွာ အ‌ရေးယူ‌စေလို‌ကြောင်း ယာယီ ‌ကျောင်းတာဝန်ခံ ဆရာမ ‌ဒေါ်တင်‌အေးမွန်က မီဒီယာသို့ ‌ပြောသည်။

“‌ကျောင်းဝင်းအနီးမှာ ဖွင့်ခွင့်‌ပေးထားတဲ့ ဒီစီချွမ်စား‌သောက်ဆိုင်ရှိ‌နေသ၍ ဒီပြဿများက ထပ်ဖြစ်လာ မှာပဲ‌လေ။ ဒီဖြစ်စဉ်မတိုင်ခင်ကလည်း စီချွမ်းဆိုင်မှာ စား‌သောက်ကြတဲ့ တရုတ်နိုင်ငံသား ‌တွေဟာ အရက်‌သေ စာ‌သောက်စားပြီးရင် ‌ကျောင်းဝင်းနံရံမှာ မဖွယ်မရာအပြုအမူနဲ့ ကျင်ငယ်စွန့်မှု‌တွေ မကြာ ခဏရှိ‌နေတယ်။ ‌နောင်မှာ ဒီလိုပြဿနာ မဖြစ်ရ‌အောင် စီချွမ်းတရုတ်စား‌သောက်ဆိုင်ကို ကျ‌နော်တို့ရဲ့ စာသင်‌ကျောင်းအနီးမှာ ဖွင့်ခွင့်မပြုဖို့ ‌ကျောင်းသားမိဘများလက်မှတ်‌ရေးထိုးကာ သက်ဆိုင်ရာဌာန‌တွေ ကို တိုင်ကြားစာများ ‌ပေးပို့သွားမှာဖြစ်တယ်” ဟု အထက(ခွဲ) ‌အောင်‌မြေ‌ရွှေဘုံ‌ကျောင်း အကျိုး‌တော် ‌ဆောင်ဥက္ကဋ္ဌ ဦးဝင်းထိုက်စိုးကလည်း ‌ပြောသည်။

အဆိုပါ အထက(ခွဲ) ‌အောင်‌မြေ‌ရွှေဘုံ‌ကျောင်းဝင်းအတွင်း အရက်‌သေစာ‌သောက်စားကာ မဖွယ် မရာအပြုအမူဖြင့် ကျင်ငယ်စွန့်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၄)ဦးကို မြဝတီမြို့မရဲစခန်းမှ (ပ)၁၂၃၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၂၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျန်တရုတ်နိုင်ငံသား (၁၁)ဦးခန့်ကိုလည်း စစ်‌ဆေး‌နေ‌ကြောင်း မြဝတီမြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

Photo_Nay Naw

ကရင်ပြည်နယ် မြဝတီမြို့တွင် တရုတ်စား‌သောက်ဆိုင်များ၊ တရုတ်မာဆတ်များကို မြို့တွင်း ရပ်ကွက် များ၌ ဖွင့်လှစ်မှုများရှိ‌နေသလို အများစုမှာ ‌လောင်းကစားလုပ်ငန်းနှင့်ဆက်စပ်၍ တရုတ်နိုင်ငံသား တစ်‌သောင်းခန့် နည်းအမျိုးမျိုးဖြင့် ဝင်‌ရောက်‌နေထိုင်လျက်ရှိသည်ဟု သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များ၏ သတင်းရပ်ကွက်အရ သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၁၃ရက် ညပိုင်းကလည်း မြဝတီမြို့ အမှတ် (၄)ရပ်ကွက် လူစည်ကားရာ ဘုရင့်‌နောင်လမ်းမကြီး လှိုင်သစ်ဖုန်းဆိုင်‌ရှေ့တွင် တရုတ်နိုင်ငံသား(၇)ဦးမှာ အရက်‌သေစာ‌သောက် စား မူးယစ်ပြီး မဖွယ်မရာအပြုအမူဖြင့် ကျင်ငယ်စွန့်ခဲ့သဖြင့် ၅ ဦးကို အမှုဖွင့်အ‌ရေးယူခဲ့ပြီး ကျင်ငယ် စွန့်သည့် အဓိက တရားခံ (၂)ဦးကို‌တော့ ယ‌နေ့အချိန်ထိ ဖမ်းဆီးအ‌ရေးယူနိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။