Home သတင်း ကျုံဒိုးမြို့ ဗုံး‌ပေါက်ကွဲမှု ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် အရပ်သား ၁ ဦး‌သေဆုံးကာ ၉ ဦးခန့်ဒဏ်ရာရရှိ

ကျုံဒိုးမြို့ ဗုံး‌ပေါက်ကွဲမှု ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် အရပ်သား ၁ ဦး‌သေဆုံးကာ ၉ ဦးခန့်ဒဏ်ရာရရှိ

3692

နိုဝင်ဘာ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့ အမှတ်(၁)ရပ်ကွက် ‌ချောင်းဖျားလမ်းမ၊ ရဲစခန်းအနီးတွင် နိုဝင်ဘာလ ၁၁ရက် ည ၈ နာရီဝန်းကျင်အချိန်ခန့်က ရဲလှည့် ကင်းကားတစ်စီးအား အမည်မသိ အဖွဲ့ တစ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့်ပစ်ခတ် ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး ‌သေဆုံး ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၁ ရက်ည ၇း၄ဝ အချိန်ခန့်က ကျုံဒိုးနယ်‌မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း ဦးစီး‌သော ရဲတပ်ဖွဲ့ဝင် ၇ ဦးသည် မြို့တွင်း လှည့်ကင်း‌ဆောင်ရွက်‌နေစဉ် ကျုံဒိုးမြို့ ရဲစခန်းအနီး အမှတ် (၁)ရပ်ကွက် ‌ချောင်းဖျားလမ်းဆုံ (‌ဒေသအ‌ခေါ်) ‌မှောင်ခိုဂိတ်အနီးအ‌ရောက်တွင် အဖွဲ့အစည်း (စိစစ်ဆဲ) အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်‌ရောက်ရှိလာပြီး ကားအနီးချဉ်းကပ်ပြီး ကား၏ဝဲ ဘက်‌ဘေးသို့ လက်ပစ်ဗုံးဖြင့် ပစ်‌ပေါက်ကာ ‌ချောင်းဖျား‌ကျေးရွာဘက်သို့ ‌မောင်းနှင်ထွက်‌ပြေး သွား‌ကြောင်း ရဲသတင်းထုတ်ပြန်မှုတွင် ‌ဖော်ပြထားသည်။

အဆိုပါ အမည်မသိလူနှစ်ဦးမှ ဗုံးဖြင့်ပစ်ခတ်‌ပေါက်ကွဲမှု‌ကြောင့် ရဲလှည့်ကင်းယာဉ်‌ပေါ်ပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် အနီးဝန်းကျင်ရှိ အရပ်သား ၁ ဦး အခင်းဖြစ်‌နေရာတွင် ‌သေဆုံးခဲ့သည်။ ထို‌နောက် ထိခိုက်ဒဏ်ရာရရှိသူ စခန်းမှူး ရဲအုပ် မျိုးမင်းထွန်း အပါအဝင် ဒဏ်ရာရသူ ရဲတပ်ဖွဲ့ဝင် ၅ ဦးနှင့် အရပ်သား ၃ ဦးအား ဘားအံပြည်သူ့ ‌ဆေး ရုံသို့ ပို့‌ဆောင်စဉ် ရဲတပ်ကြပ်ကြီး ၁ဦးမှာ ‌ဆေးရုံအ‌ရောက်တွင် ‌သေဆုံးခဲ့‌ကြောင်း သိရသည်။

ယခုကဲ့သို့ လက်ပစ်ဗုံးဖြင့် လာ‌ရောက်ပစ်ခတ်ရသည့် အ‌ကြောင်းအရင်းကို ရဲတပ်ဖွဲ့မှ မှတ်ချက် တစ်စုံတစ်ရာ ‌ပြောကြားခြင်း မရှိ‌သေးဘဲ လက်ပစ်ဗုံးပစ်ခတ်သည့် တရားခံများကို အမြန်ဆုံး ဖမ်းဆီအ‌ရေးယူနိုင်ရန် စုံစမ်းစစ်‌ဆေးမှုများ ‌ဆောင်ရွက်‌နေ‌ကြောင်း ရဲတပ်ဖွဲ့ဘက်က ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၅ရက်‌နေ့၊ ည ၇ နာရီအချိန်ခန့်တွင်လည်း ‌ကော့ကရိတ်မြို့ အမှတ် ၁ ရပ် ကွက် ‌ချောင်း‌တောင် ကွက်သစ် ၂ လမ်းတွင် ‌နေထိုင်သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် -DKBA အဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ ‌စော‌ဝေ့ထူးအား ‌နေအိမ်တွင် ‌သေနတ်ဖြင့် လုပ်ကြံခံရမှု ဖြစ်ပွားခဲ့ပြီး တရားခံကို ယ‌နေ့ထိ ဖမ်းဆီးရမိခြင်း မရှိ‌သေး‌ကြောင်း သိရသည်။