Home သတင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်‌ရေးအတွက် စွမ်း‌ဆောင်‌ပေးမည်ဟု ကရင်ဝန်ကြီးချုပ်‌ပြော

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်‌ရေးအတွက် စွမ်း‌ဆောင်‌ပေးမည်ဟု ကရင်ဝန်ကြီးချုပ်‌ပြော

1996

နိုဝင်ဘာ ၁၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဖွံ့ဖြိုးတိုးတက်‌ရေးအတွက် စွမ်း‌ဆောင်‌ပေးသွားမည်ဟု နိုဝင်ဘာလ ၉ ရက်‌နေ့က ခလယ်-တံခွန်တိုင် ရွာ ဇီးဖြူကုန်း‌ကျောင်း၌ ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် မြို့နယ်အဆင့် ကရင်စာ‌ပေပြိုင်ပွဲဆု ချီးမြှင့်ခြင်း အခမ်းအနား တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောသည်။

“ကိုယ့်စာ‌ပေ ယဉ်‌ကျေးမှု‌တွေကို ‌ဖော်ထုတ်ရမယ်။ ထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ဓာတ်‌တွေရှိရင် ဘယ်လိုအ‌ခြေ‌နေမှာပဲဖြစ်‌နေကျ မတို့‌ဆောင်ရွက်နိုင်ပါတယ်။ ကရင်စာ‌ပေတိုးတက်လာဖို့ဟာ ကျမတို့မှာ လုံးဝရာနှုန်းပြည့်တာဝန်ရှိပါတယ်။ တတ်နိုင်သမျှကိုယ် စွမ်း ဉာဏ်စွမ်းရှိသမျှ ကရင်စာ‌ပေ ယဉ်‌ကျေးမှုဖွံ့ဖြိုးတိုးတက်‌ရေးအတွက် စွမ်း‌ဆောင်မယ်လို့ ကတိ‌ပေးပါတယ်” ဟု ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က အခမ်းအနားတွင် ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အဆင့် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းကို ယခုနှစ် ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး တစ်နှစ်လျှင် ကရင်စာ‌ပေပြိုင်ပွဲ သုံးကြိမ်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်အ‌နေဖြင့် ခလယ်-တံခွန်တိုင် ရွာ ဇီးဖြူကုန်းရင်ပြင်‌တော်တွင် ‌အောက်တိုဘာလ ၁၆ရက်‌နေ့က စာပြိုင်ပွဲ ပြုလုပ်သွား‌ကြောင်း ကျင်းပ‌ရေး တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်စာ‌ပေပြိုင်ပွဲ စာ‌ပေတာဝန်ခံ ‌စော‌ယောင့်သာအဲ့ဆန်က “ကရင်စာ‌ပေအ‌ရေးအသား တိုးတက်မြင့် မားဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်။ ကဗျာ၊ ‌ဆောင်းပါး၊ စာစီစာကုံး၊ စကား‌ပြေ၊ ဘာသာပြန်ဆိုပြီး ကဏ္ဍ ၅ ခု ယှဉ်ပြိုင်‌စေ တာ ‌ပေါ့။ အခုက မြို့နယ်အဆင့် ဦး‌ဆောင်ကျင်းပရတာဆို‌တော့ ‌ငွေ‌ကြေးအခက်အခဲရှိတယ်။ တာဝန်ရှိသူအစိုးရ‌တွေ လူမျိုးတိုင်းရဲ့ စာ‌ပေ‌တွေကို ဦးစား‌ပေးအ‌နေနဲ့ ‌ဆောင်ရွက်‌ပေးချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အဆင့် ကရင်စာ‌ပေပြိုင်ပွဲဆုချီးမြှင့်အခမ်းအနားတွင် ပြည်နယ်အစိုးရမှတာဝန်ရှိသူများ၊ မြို့နယ်က ရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတာဝန်ရှိသူများ ‌ဒေသခံ ၂ဝဝ နီးပါးတက်‌ရောက်လျက်ရှိပြီး စာ‌ပေပြိုင်ပွဲကျင်းပရသည့် အ‌ကြောင်း အစီရင်ခံစာဖတ်ကြားခြင်း၊ စာ‌ပေဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းများ ပြုလုပ်သွား‌ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ၁၉၅၆ ခုနှစ်တွင် သက်ဆိုင်ရာ‌ကျေးရွာအလိုက် ကရင်စာ‌ပေများစတင်သင်ကြားလာခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဝင်း‌ရော်‌ဒေသ ‌ဝေါင်း‌ရော်သမိုက် ကရင်စာ‌ပေယဉ်‌ကျေးမှုအသင်း စတင်ဖွဲ့စည်းခဲ့ကာ မြို့နယ်အဆင့် စာယဉ်အ ဖွဲ့ကို ယခုနှစ်တွင် တိုးချဲ့ဖွဲ့စည်းခဲ့သည်ဟု စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။