Home သတင်း ကမ္ဘာလုံးဆိုင်ရာ က‌လေးများ‌နေ့ကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ စု‌ပေါင်းကျင်းပ

ကမ္ဘာလုံးဆိုင်ရာ က‌လေးများ‌နေ့ကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ စု‌ပေါင်းကျင်းပ

2548
က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေး စင်တာ(CDC) အထက်တန်း‌ကျောင်း တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ က‌လေးများ‌နေ့ (photo-kic)

နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများစု‌ပေါင်း၍ ယ‌နေ့(နိုဝင်ဘာလ ၂ဝ ရက်)တွင် ကျ‌ရောက်သည့် ကမ္ဘာလုံးဆိုင်ရာ က‌လေးများ‌နေ့ကို က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေး စင်တာ(CDC) အထက်တန်း‌ကျောင်း တွင် ကစားပွဲ‌တော်များဖြင့် ဂုဏ်ပြုကျင်းပခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌ပေါင်း (၅၂)‌ကျောင်း နှင့် မဲ‌ဆောက်‌ဒေသရှိ အရပ်ဖက်လူူမှုအဖွဲ့ အစည်း‌ပေါင်း(၂၁)ဖွဲ့ ပူး‌ပေါင်းပါဝင်၍ က‌လေးများ‌နေ့ကို စု‌ပေါင်းဂုဏ်ပြုခြင်းဖြစ်ပြီး အနာဂတ်အတွက် ကာကွယ်မှုပုံစံများ၊ ဖွံ့ဖြိုးတိုးတက်‌ရေး အ‌ခြေခံ‌ကောင်းများအတွက် ကိုယ်တိုင်ပါဝင် ဦး‌ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အခမ်းအနားကို ဦး‌ဆောင်ပါဝင်သူများက ဆိုသည်။

မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာ စင်သီယာ‌မောင်က “‌ကျောင်း‌တွေမှာ ပညာသင်ကြား‌နေတဲ့ က‌လေး‌တွေ အ‌နေနဲ့က သူတို့ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားနိုင်သာမက အနာဂတ်‌ခေါင်း‌ဆောင်‌တွေ ဖြစ်လာဖို့ဆိုတာကိုလည်း ထိုင်းမှာရှိတဲ့ အာဏာပိုင်‌တွေကလည်း လာပြီးအား‌ပေးတာ‌တွေရှိသလို ကျမတို့ ဒီက‌လေး‌တွေအတွက် ပြင်ဆင်မှုက ကာကွယ်‌စောင့်‌ရှောက်‌ရေးပိုင်းဆိုင်ရာဖြစ်‌စေ ဖွံ့ဖြိုး‌ရေးပိုင်းဆိုင်ရာဖြစ်‌စေ သူတို့ကိုယ်တိုင်ပါဝင်ဦး‌ဆောင်လာတဲ့ပိုပြီး‌တော့ တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုတည်‌ဆောက်ဖို့အတွက်မှာ က‌လေး‌တွေရဲ့ခွန်အား‌တွေနဲ့ က‌လေး‌တွေရဲ့ အရည်အချင်း‌တွေ ပြသနိုင်တယ်လို့ ကျမတိုု့ ယုံကြည်တယ်” ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့်အစီအစဉ်တွင် ‌ဒေါက်တာစင်သီယာ‌မောင်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး က‌လေးငယ်များအတွက် ဂိမ်းကစားခြင်း၊ အကအလှများ‌ဖြေ‌ဖျော်ခြင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုင်ရာ ပြပွဲများလည်းထည့်သွင်းခဲ့ပြီး မဲ‌ဆောက်‌ဒေသ ထိုင်းအာဏာပိုင်များမှလည်း တက်‌ရောက်အား‌ပေးစကားများ ‌ပြောကြား‌ပေးသည့် အစီအစဉ်များ လည်းပါဝင်ကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ‌ရွှေ့‌ပြောင်း‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၂၀ဝ ‌ကျော်ပါ ဝင်ခဲ့သည်။

နိုင်ငံတကာ က‌လေးများ‌နေ့အဖြစ် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁ ရက်‌နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ(UN)က စတင်သတ် မှတ်ကျင်းပ ခဲ့ရာမှ နိုင်ငံတကာ က‌လေးများ‌နေ့ထက်ပိုမိုကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာက‌လေးများ‌နေ့အဖြစ် နိုဝင်ဘာလ ၂၀‌နေ့တွင် ‌ပြောင်းလဲသတ်မှတ်ကျင်းပ‌စေခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UN)က အဆိုပါ နိုဝင်ဘာ (၂၀)ရက်‌နေ့ဖြစ်သည့် ၁၉၅၉ ခုနှစ် တွင် က‌လေးအခွင့်အ‌ရေးဆိုင်ရာ စာတမ်း‌ကြေညာခြင်း နှင့် ၁၉၈၉ ခုနှစ်တွင် က‌လေးအခွင့်အ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(CRC)ချမှတ်သည့်‌နေ့လည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် က‌လေးများ‌နေ့ကို ဇန်နဝါရီလ ဒုတိယအပတ်တွင် ကျင်းပ‌လေ့ရှိသလို မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်‌အောင်ဆန်း ‌မွေး‌နေ့ဖြစ်သည့် ‌ဖေ‌ဖော်ဝါရီလ (၁၃)ရက်‌နေ့တွင် သတ်မှတ်ကျင်းပ‌လေ့ရှိကြသည်။

၂၀၀၂ ခုနှစ်မှစ၍ က‌လေးများ‌နေ့ကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများတွင် ထိုင်းနိုင်ငံ၏ က‌လေးများ‌နေ့နည်းတူ ဇန်နဝါရီလ ဒုတိယအပတ်တွင်ကျင်းပခဲ့‌သော်လည်း ယခု ၂၀၁၉ ခုနှစ်မှစတင်ကာ ကမ္ဘာလုံးဆိုင်ရာ က‌လေးများ‌နေ့အဖြစ်ပြန်လည်‌ပြောင်းလဲ၍ ကျင်းပလာခြင်းဖြစ်သည်ဟု သိရသည်။