Home သတင်း နှစ်ဘက် ပြဿနာ မကြီးထွား‌အောင် အမြန်ဆုံး ညှိနှိုင်း‌ဖြေရှင်းသွားမည်ဟု KNU နှင့် NMSP တို့‌ပြော

နှစ်ဘက် ပြဿနာ မကြီးထွား‌အောင် အမြန်ဆုံး ညှိနှိုင်း‌ဖြေရှင်းသွားမည်ဟု KNU နှင့် NMSP တို့‌ပြော

2341

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

လက်ရှိဖြစ်ပွား‌နေ‌သော နှစ်ဘက်စစ်‌ရေး ပဋိပက္ခပြဿနာများကို ဆက်လက်မကြီးထွား‌စေရန်နှင့် ‌ရှေ့ဆက် မဖြစ်ပွားရန် ငြိမ်းချမ်း‌သောနည်းဖြင့် အမြန်ဆုံးညှိနှိုင်း‌ဖြေရှင်းသွားမည်ဟု KNU-ကရင်အမျိုးသား အစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSP တာဝန်ရှိသူများက ‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ‌ဒေသတွင် ယမန်‌နေ့(‌အောက်တိုဘာ ၁၇ ရက်)က KNU ဒူးပလာယာခရိုင်၊ ဝင်း ‌ရေးမြို့နယ်၊ တပ်ရင်း (၁၆) တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တို့အကြား ဖြစ်ပွားခဲ့‌သော ပစ်ခတ် မှုအပြီး မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင် ‌ဒေသတာဝန်ခံ နိုင်နယ်ထူးရာမာဉ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ပြဿနာမကြီးထွား‌အောင် အမြန်ဆုံး ‌ပြောဆိုညှိနှိုင်း‌ဖြေရှင်းသွားမယ်။ ဒီမနက် (KNU ခရိုင်) ဥက္ကဌ ပဒို ‌ရွှေ‌မောင်း ဘုရားသုံးဆူ‌ရောက်‌နေတယ်လို့ ကြားတယ်။ ကျ‌နော်က အခုအ‌ဝေးမှာရှိ‌နေတယ်။ ဒီကိစ္စက ‌ပြောကြဆိုကြရင် ‌ပြေလည်သွားကြမှာပဲ‌လေ။” ဟု နိုင်နယ်ထူးရာမာဉ်က ယ‌နေ့(‌အောက်တိုဘာ ၁၈ ရက်)တွင် ‌ပြောသည်။

ယမန်‌နေ့ ပစ်ခတ်မှုတွင် မွန်ပြည်သစ်ပါတီဘက်မှ ဗိုလ်အဆင့်ရှိ‌သော အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး KNU ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ‌ကြောင်း နှစ်ဘက်တာဝန်ရှိသူများက ‌ပြောဆိုခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ KNU ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“၂၀၁၂ ခုနှစ်မှာ တခါ၊ ၂၀၁၈ မှာတစ်ခါ၊ ခု ၂၀၁၉ ‌အောက်တိုဘာ ၁၅ ရက်မှာတခါ ကရင်အလံကို သုံးကြိမ်တိုင်တိုင် လာဖြုတ်ချခဲ့တယ်။ မွန်ပြည်သစ်ပါတီဘက်က ကရင်ရွာမှာ လွှင့်ထူထားတဲ့ ကရင်အလံကို ဖြုတ်ချပြီး သူတို့ဖက်က တိတိပပ ‌ဖြေရှင်း‌ပေးတာမရှိတဲ့အတွက် ကျ‌နော်တို့ ‌အောက်‌ခြေရဲ‌ဘော်‌တွေကလည်း မခံနိုင်‌တော့ ပြဿနာ ဖြစ်သွားတယ်လို့ ထင်ပါတယ်။” ဟု ‌ပြောသည်။

သို့‌သော် မွန်ပြည်သစ်ပါတီဘက်ကမူ ၎င်းတို့နယ်‌မြေထဲကို လာ‌ရောက် စိုက်ထူထား‌သောအလံအား ဖြုတ်သိမ်းပြီး KNU ဆက်ဆံ‌ရေးရုံးမှတစ်ဆင့် ပြန်လည်အပ်နှံရာတွင် လက်မခံသည့်အတွက် KNU က ၎င်းတို့ နယ်‌မြေထဲသို့ ဝင်‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ပြောသည်။

ယခုဖြစ်ပွား‌နေသည့် ပြဿနာကို နှစ်ဘက်ညှိနှိုင်းလုပ်‌ဆောင်ပါက ‌ပြေလည်မည့်ကိစ္စဖြစ်ပြီး ပြဿနာ ပိုမိုမကြီး ထွားလာရန်နှင့် အမြန်ဆုံး‌ပြေလည်သွားရန် လက်ရှိတွင် ခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းကိုယ်တိုင်သွား ‌ရောက်ညှိနှိုင်းမှုများလုပ်‌ဆောင်‌နေပြီဖြစ်သည်ဟုလည်း ပဒို‌စော‌မောင်‌ရွှေက ဆက်‌ပြောသည်။

KNU နှင့် မွန်ပြည်သစ်ပါတီတို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(NCA )ကို လက်မှတ်‌ရေးထိုးထား‌သော အဖွဲ့များဖြစ်ကြသည်။ ၎င်းတို့နှစ်ဖွဲ့အကြားတွင် နယ်‌မြေ အငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်။