Home သတင်း ကြွက်များ ဝင်‌ရောက်ဖျက်ဆီး၍ အီတူးထာ့ ပြည်တွင်းဒုက္ခသည်များ၏ ‌တောင်ယာစပါးခင်း ၁၀ဝ ‌ကျော် ပျက်စီးဆုံးရှှုံး

ကြွက်များ ဝင်‌ရောက်ဖျက်ဆီး၍ အီတူးထာ့ ပြည်တွင်းဒုက္ခသည်များ၏ ‌တောင်ယာစပါးခင်း ၁၀ဝ ‌ကျော် ပျက်စီးဆုံးရှှုံး

2663

‌အောက်တိုဘာလ ၂၄ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူ‌တြော်ခရိုင်) ဘူးသိုမြို့နယ်ရှိ အီတူးထာ့ ပြည်တွင်းဒုက္ခသည်စခန်း‌နေ ပြည်သူ များ စိုက်ပျိုးထား‌သော ‌တောင်ယာစပါးခင်းများကို ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ကြွက်များ ဝင်‌ရောက် ကိုက်ဖြတ် ဖျက်ဆီးမှု‌ကြောင့် လက်ရှိတွင် ‌တောင်ယာစပါးခင်း‌ပေါင်း ၁၀ဝ ‌ကျော် ပျက်စီးဆုံးရှှုံး‌နေရသည်ဟု စပါးစိုက် ‌တောင်သူများက ဆိုသည်။

အီတူးထာ့ ပြည်တွင်းဒုက္ခသည်စခန်းတွင် ‌နေထိုင်သည့် စစ်‌ရှောင်ဒုက္ခသည်များသည် ပြီးခဲ့သည့် ၂၀၁၇ နှစ်ကုန်ပိုင်းမှစတင်၍ နိုင်ငံတကာ အကူအညီများ ဖြတ်‌တောက်လိုက်‌သော‌ကြောင့် ၎င်းတို့ စားဝတ်‌နေ‌ရေး အတွက် ယခုလို ကိုယ်ထူကိုယ်ထဖြင့် ‌တောင်ယာစပါးစိုက်ပျိုးလုပ်ကိုင်ကြရခြင်းဖြစ်ပြီး ယခုနှစ် ‌တောင်ယာ စပါးခင်း ၁၄ဝ ခင်းအနက် ကြွက်များဝင်‌ရောက်ဖျက်ဆီးခဲ့ခြင်း‌ကြောင့် လက်ရှိတွင် စပါးအခင်း ၂ဝ သာ ကျန်ရှိ ‌တော့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

အီတူးထာ့ စခန်းမှ လူမှု‌ရေးတာဝန်ခံ ‌စော‌ပေါလယ်ကာလီလားက “‌ထောက်ပံ့မှုမရှိ‌တော့တဲ့‌နောက်ပိုင်းမှာ စားဝတ်‌နေ‌ရေးအတွက် တစ်ခြားအလုပ် မရှာတတ်တဲ့သူ‌တွေက‌တော့ တစ်‌ယောက်နည်းနည်း စပါးစိုက်ပျိုး ကြတယ်။ ဒီနှစ်‌တော့ ကုန်သ‌လောက် ကြွက်ဖျက်ဆီးလိုက်‌တော့ ဘာမှပြန်မရ‌တော့ဘူး။ ကျန်တဲ့ စပါးတချို့ လည်း ကြွက်‌တွေက ဆက်ကိုက်ရင် အကုန်ဘာမှရမှာမဟုတ်‌တော့ဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ‌တောင်ယာစပါးခင်းများကို ဝင်‌ရောက်ဖျက်ဆီးသည့် ကြွက်များအား ‌ထောင်ဖမ်းခြင်း၊ ကြွက်သတ် ‌ဆေးချ‌ကျွေးခြင်း၊ ညဘက်တွင် လိုက်လံပစ်ဖမ်းခြင်းတို့ကို ပြုလုပ်ခဲ့‌သော်လည်း ‌လျော့နည်းလာမှုမရှိဘဲ အ‌ကောင်‌ရေပို၍များပြားလာပြီး စပါးခင်းကို ပို၍ဖျက်ဆီးမှုပြုလုပ်သည့်အ‌ပေါ် လာမည့်နှစ် စားနပ်ရိက္ခာ အတွက် စိုးရိမ်ရသည့်အ‌ခြေအ‌နေတွင်ရှိသည်ဟု ‌စော‌ပေါလယ်ကာလီလားက ဆက်‌ပြောသည်။

လက်ရှိ အီတူးထာ့ ပြည်တွင်းစစ်‌ရှောင်များ ကြုံ‌တွေ့‌နေရသည့် အ‌ခြေအ‌နေနှင့် စိုးရိမ်မှုများကို သက်ဆိုင်ရာ နယ်‌မြေခံ KNU-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများနှင့် ကရင်လူမှုအဖွဲ့အစည်းတို့ထံမှ အကူအညီများရရှိရန် ‌မျှော်လင့်ကြသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ကရင်ကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး(KORD)မှ ‌စောထူးခလီက “အီတူးထာ့မကဘဲ အဲဒီဘက်က ‌တောင်ယာ လုပ်တဲ့ သူ‌တော်‌တော်များများက ထိခိုက်တယ်။ သူတို့အတွက် အကူအညီ‌တော့ အမြဲရှာ‌ပေးတယ်။ ဒါ‌ပေမယ့် အခုထိမရ‌သေးဘူး။ အီတူးထာ့ စခန်းမှာ‌နေတဲ့လူ‌တွေက လုပ်ကိုင်စား‌သောက်မယ့်‌နေရာလည်း အခက်အခဲရှိ ‌တော့ ပိုလိုအပ်တယ်။ သူတို့အတွက် အကူအညီအမြန်ရ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြွက်များ ‌တောင်ယာစပါး ဝင်‌ရောက်ဖျက်ဆီးမှုဒဏ်ကို အီတူးထာ့ စခန်းအနီးအနားတွင်မကဘဲ ဖာပွန် ခရိုင် တစ်နယ်လုံးနှင့် ‌တောင်ငူခရိုင်ဘက်တွင်လည်း အလားတူ ရင်ဆိုင်‌နေရသည်ဟု သိရသည်။ ကရင်ပြည်နယ် ‌မြောက်ပိုင်းရှိ ဖာပွန်ခရိုင်တွင် ကြွက်များ ‌တောင်ယာစပါးခင်း ဝင်‌ရောက်ဖျက်ဆီးမှုဒဏ်ကို ယမန်နှစ်က ကြုံ‌တွေ့ခဲ့ရ‌သော်လည်း ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုမများခဲ့‌ကြောင်း စပါးစိုက်‌တောင်သူများက ‌ပြောသည်။

လက်ရှိ လူဦး‌ရေ ၂,၀၀ဝ ‌ကျော် ‌နေထိုင်သည့် အီတူးထာ့ ပြည်တွင်းစခန်းကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်က KNU-တပ်မဟာ -၂ နယ်‌မြေတွင် ဖြစ်ပွားခဲ့သည့် စစ်‌ရေးပဋိပက္ခ‌ကြောင့် စစ်‌ရှောင်လာသည့် ပြည်သူလူထုများအတွက် ယာယီခို လှှုံ‌နေထိုင်နိုင်ရန် သံလွင်မြစ် ကမ်းနံ‌ဘေးတွင် ဖွင့်လှစ်‌ပေးခဲ့ပြီး TBC(The Border Consortium -နယ်စပ်အ ကူအညီ‌ပေး‌ရေးညွန့်‌ပေါင်းအဖွဲ့)က အ‌ခြေခံစားနပ်ရိက္ခာ‌ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ခုနှစ် ကုန်ပိုင်းမှစတင်ကာ TBC က စားနပ်ရိက္ခာ အကူအညီများကို ဖြတ်‌တောက်လိုက်သည်။