Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ခြင်းဆိုင်ရာ အမြင်ဖွင့်သင်တန်း ကရင်ဖြူတွင် စတင်ကျင်းပ

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ခြင်းဆိုင်ရာ အမြင်ဖွင့်သင်တန်း ကရင်ဖြူတွင် စတင်ကျင်းပ

1665

‌အောက်တိုဘာလ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ဖြူလူငယ်အဖွဲ့ -KPYO ကြီးမှူးကျင်းပသည့် ကရင်တစ်မျိုးသားလုံးငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် ဖက်ဒ ရယ် ပြည်‌ထောင်စုတည်‌ဆောက်ခြင်းဆိုင်ရာ အမြင်ဖွင့်သင်တန်းကိုု ယ‌နေ့ (‌အောက်တိုဘာလ ၁၅ ရက်) ပင် ‌လောင်းမြို့နယ်၊ သ‌ပြေကုန်း‌ကျေးရွာအုပ်စု၊ ‌တောင်ကျ‌ကျေးရွာတွင် စတင်ကျင်းပ‌နေပြီဖြစ်သည်။

အဆိုပါ အမြင်ဖွင့်သင်တန်းကို ကရင်ဖြူလူငယ်အချင်းချင်းချိတ်ဆက်မှုပိုမို‌ကောင်းမွန်လာ ‌စေရန်၊ အမျိုး သားနိုင်ငံ‌ရေးလုပ်ငန်းစဉ်များအ‌ပေါ် ပိုမိုသိရှိနားလည်ပြီးယုံကြည်မှုတည်‌ဆောက်ရန်နှင့် လူငယ်များ အမျိုးသား‌ရေးတည်‌ဆောက်မှုလုပ်ငန်းများတွင် ပိုမိုပါဝင်လာ‌စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်‌ကြောင်း KPYO က ထုတ်ပြန်ထားသည်။

‌အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်‌နေ့အထိ သုံးရက်တာ ကျင်းပမည့် သင်တန်းတွင် KPYO လူငယ်များအပြင် ကရင်လူငယ်အစည်းအရုံး -KYO (ဗဟို)၊ ကရင်လူငယ်ကွန်ယက် -KYN မှကိုယ်စားလှယ်များနှင့် ကရင်အမျိုးသမီးအစည်းအရုံး -KWU ဥက္ကဌ ‌နော်အုန်းလှလည်း ပါဝင် တက်‌ရောက်လျက်ရှိသည်။

ကရင်ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ အမျိုးသား‌ရေးလှုပ်ရှားမှုသမိုင်း၊ ဖက်ဒရယ်အသိပညာနှင့် KPYO ‌ရှေ့လုပ်ငန်း စဉ်များကို ယ‌နေ့စတင်ကျင်းပသည့် အမြင်ဖွင့်သင်တန်းတွင် အဓိကထား ‌ဆွေး‌နွေးသွားကြမည်ဖြစ်သည်ဟု သိရသည်။