Home သတင်း မြဝတီနယ်စပ်ဂိတ်မှ E.Visa ဖြင့် ၉ လအတွင်း နိုင်ငံခြားသား ဝင်‌ရောက်မှုမှာ ၁၉,၀၀ဝ ‌ကျော်ရှိပြီး ယခင်နှစ်ထက် တစ်ဆ‌ကျော်များပြား

မြဝတီနယ်စပ်ဂိတ်မှ E.Visa ဖြင့် ၉ လအတွင်း နိုင်ငံခြားသား ဝင်‌ရောက်မှုမှာ ၁၉,၀၀ဝ ‌ကျော်ရှိပြီး ယခင်နှစ်ထက် တစ်ဆ‌ကျော်များပြား

2476

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီ-မဲ‌ဆောက် အမှတ်(၁)ချစ်ကြည်‌ရေးတံတား အပြည်ပြည်ဆိုင်ရာ နယ်စပ် ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ E-Visa (Electronic Visa) ဖြင့် ဝင်‌ရောက်လာသူ ယခုနှစ်၊ ဇန်နဝါရီ လမှ စက်တင်ဘာလကုန်ထိ ၉ လအတွင်း ၁၉,၇၄၃ ဦး ဝင်‌ရောက်ခဲ့ရာ ယခင်နှစ်တစ်နှစ်လုံးထက် တစ်ဆ‌ကျော်များပြားလာခဲ့‌ကြောင်း ချစ်ကြည်‌ရေးတံတား တာဝန်ရှိသူတစ်ဦး၏ ‌ပြောကြားချက်အရ သိရသည်။

မြဝတီနယ်စပ်မှတစ်ဆင့် ယခင်နှစ်၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် E-Visa ဖြင့် ဝင်လာသည့် အလည် လာသူနှင့်စီးပွား‌ရေးလာလုပ်သူနိုင်ငံခြားသား အမျိုးသမီး၊ အမျိုးသား ၈,၁၈၇ ဦးရှိခဲ့ရာမှ ယခုနှစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်ထိ နိုင်ငံခြားသား ၁၉,၇၄၃ ဦး ဝင်‌ရောက်ခဲ့သည့် အတွက် ယခင်နှစ်ထက် ၁၁,၅၅၆ ဦး ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ စီးပွား‌ရေးလာ‌ရောက်လုပ်ကိုင်သူများ‌ကြောင့် အလည်ဗီဇာဖြင့် လာ‌ရောက်သူများရှိသလို အလုပ်အကိုင် စီးပွား‌ရေးဗီဇာများအား Online (အွန်လိုင်း)မှတစ်ဆင့် ‌လျှောက် ထားမှုများပြားလာခြင်းဖြစ်သည်ဟု အဆိုပါ ချစ်ကြည်‌ရေးတံတားတာဝန်ရှိသူက ဆိုသည်။

မြဝတီ-မဲ‌ဆောက်နယ်စပ် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်‌ပေါက်မှ E-Visa ဖြင့် ဝင်‌ရောက်ခွင့်ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၅ရက်‌နေ့ စတင်ဖွင့်လှစ်ခဲ့သည့်ရက်မှ ဒီဇင်ဘာလကုန်ထိ နိုင်ငံခြားသား ၁,၀၉၈ ဦး သာ ဝင်‌ရောက်ခဲ့သည်။ ထို့အပြင် ၂၀၁၇ ခုနှစ်တွင်လည်း စီးပွား‌ရေးအရ ဝင်‌ရောက်လာသူမရှိဘဲ အလည်အပတ်သာ E-Visa ဖြင့် ဝင်‌ရောက်ခဲ့သူ နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီး ၅,၆၆၇ ဦး ဝင်‌ရောက်ခဲ့‌ကြောင်း မှတ်တမ်းများအရ သိရသည်။

E-Visa ဖြင့်ဝင် /ထွက် သွားလာခွင့် ပြုလိုက်သည့်‌နောက် မြဝတီ -မဲ‌ဆောက် အမှတ်(၁)ချစ်ကြည်‌ရေး တံတား အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်‌ပေါက်မှ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ၂၅ ရက်‌နေ့မှ ၂၀၁၉ခုနှစ် စက် တင်ဘာလကုန်ထိ E-Visa ဖြင့် ဝင်‌ရောက်ခဲ့သူ နိုင်ငံခြားသား စုစု‌ပေါင်း ၃၄,၆၉၅ ဦး ဝင်‌ရောက်ခဲ့ကာ ပြန်လည်ထွက်ခွာသူများလည်းရှိ‌ကြောင်း သိရသည်။