Home သတင်း မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတားကို လာမည့် ‌အောက်တိုဘာ ၃ဝရက်တွင် ဖွင့်လှစ် အသုံးပြုနိုင်ရန် ပြင်ဆင်

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတားကို လာမည့် ‌အောက်တိုဘာ ၃ဝရက်တွင် ဖွင့်လှစ် အသုံးပြုနိုင်ရန် ပြင်ဆင်

2595

‌အောက်တိုဘာ ၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်‌ရေးတံတားကို လာမည့်‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် နှစ်နိုင်ငံ တာဝန်ရှိသူများတက်‌ရောက်၍ ဖွင့်ပွဲပြုလုပ်ကာ စတင်ဖွင့်လှစ်အသုံးပြုနိုင်ရန်အတွက် လက်ရှိတွင် ပြင်ဆင်‌ဆောင်ရွက်မှုများ လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း ပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေးဝန်ကြီးဋ္ဌာန ပြည်‌ထောင်စုဝန်ကြီး ဦးသန့်ဇင်‌မောင်က ယ‌နေ့ (‌အောက်တိုဘာ ၅ ရက်)တွင် ‌ပြောသည်။

ပို့‌ဆောင်‌ရေးနှင့်ဆက်သွယ်‌ရေးဝန်ကြီးဋ္ဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးသန့်ဇင်‌မောင်နှင့်အဖွဲ့သည် ယ‌နေ့ နံနက်ပိုင်းက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတားနှင့် Border Control Facilities (BCF) Zone တို့အား လာမည့် ၃ဝ ရက်‌နေ့တွင် ဖွင့်လှစ်နိုင်‌ရေးအတွက် ဌာနဆိုင်ရာများအား တာဝန်ချထား ပြီးစီးမှု အ‌ခြေအ‌နေကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးပြီး‌နောက် သက်ဆိုင်သည့် ဌာနဆိုင်ရာ၊ အဖွဲ့အ စည်းများ၊ စီးပွား‌ရေးလုပ်ငန်းရှင်အသင်းအဖွဲ့များနှင့်‌တွေ့ဆုံပွဲတွင် ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခင်က အမှတ် (၁)တံတားတစ်ခုတည်းက‌နေပြီး ကုန်သွယ်‌ရေးများပြုလုပ်‌နေ‌တော့ ကုန်စည်စီးဆင်း မှုမှာ ကြန့်ကြာတဲ့ အခက်အခဲ‌လေး‌တွေ‌တော့ ရှိတာ‌ပေါ့။ ယခုလို မြန်မာ-ထိုင်း အမှတ် ၂ တံတား ဖွင့် လှစ်ပြီးပါက တရားဝင်ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာကာ သွင်းကုန်ထုတ်ကုန်လိုင်စင်မရှိဘဲ တရား မဝင်ဂိတ်များက တင်သွင်းလာတဲ့ တရားမဝင် ကုန်စည်စီးဆင်းမှု ‌လျော့နည်းသွားဖို့ ရည်ရွယ်ပါတယ်။ ဌာနဆိုင်ရာများအ‌နေဖြင့်လည်း တရားဝင်ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်‌စေရန် ပူး‌ပေါင်း‌ဆောင်ရွက်ဖို့လိုပါတယ်”ဟု ပြည်‌ထောင်စုဝန်ကြီး ဦးသန့်ဇင်‌မောင်က ‌ပြောသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်‌ရေးတံတားကို စတင်ဖွင့် လှစ်အသုံးမည်ဆိုပါက မြန်မာနိုင်ငံ၏ Export (ပို့ကုန်)သည် ထိုင်းနိုင်ငံ၏ Export နှင့်ယှဉ်ပါက စစချင်းတွင် မြန်မာနိုင်ငံအ‌နေဖြင့် အနည်း ငယ်ခံရနိုင်‌ကြောင်း၊ Export နှင့် ပတ်သက်၍ နိုင်ငံ‌တော်က ညှိနှိုင်း‌ပေးရမည့်ကိစ္စအချို့ရှိ‌ကြောင်း ကရင်ပြည်နယ် သယ်ယူပို့‌ဆောင်‌ရေးနှင့် ဝန်‌ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦး‌ကျော်မျိုးနိုင်က ယ‌နေ့တွင် ‌ပြောသည်။

မြဝတီမြို့နယ် ကုန်သည်ကြီးများအသင်း ဥက္ကဌ ‌ဒေါ်သင်းသင်းမြတ်ကလည်း “‌နောက်ထပ် တံတား ထပ်ဖွင့်တဲ့အတွက် ကုန်စည်စီးဆင်းမှု မြန်ဆန်လာတဲ့အတွက် ဝမ်းသာစရာပါ။ ဒါ‌ပေမယ့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုဟာ Win to Win ဖြစ်ဖို့လည်း လိုပါတယ်။ ဒီတံတား‌ပေါ်က‌နေ ထိုင်းဘက်ခြမ်းက သွင်း ကုန် ယာဉ်အစီးတစ်ရာ‌လောက်ဝင်လာပြီး ကျမတို့ဆီက မြန်မာဘက်ခြမ်းက ပို့ကုန် ၆ စီး ‌လောက်ပဲ တင်သွင်းနိုင်မယ့် အ‌ခြေအ‌နေဆိုရင်‌တော့ အဆင်မ‌ပြေနိုင်ပါဘူး။ ဖြစ်‌စေချင်တာက နှစ်နိုင်ငံကုန်သွယ်မှုမှာ မျှတဖို့ဆိုရင် ကျမတို့ ဆီကထွက်တဲ့ ‌ပြောင်း၊ ကြက်သွန် အစရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်း‌တွေ ကို အချိန်ရာသီ ကန့်သတ်မထားဘဲ တင်သွင်းခွင့် ရှိ‌စေချင်ပါတယ်”ဟု ‌ပြောသည်။

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေးတံတားကို မဟာမဲ‌ခေါင်‌ဒေသ ၆ နိုင်ငံက စီးပွား‌ရေးစကြင်္န်လမ်း နယ်စပ်ဖြတ်‌ကျော်သယ်ယူပို့‌ဆောင်‌ရေးစာချုပ် Cross Border Transport Agreement အရ တစ်နိုင်ငံ နှင့်တစ်နိုင်ငံအကြား လွယ်ကူစွာကူးသန်း‌ရောင်းဝယ်နိုင်ရန် စီစဉ်‌ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု သိရ သည်။

အဆိုပါ အမှတ် (၂)ချစ်ကြည်‌ရေးတံတားကို လာမည့် ‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် ဖွင့်လှစ်အသုံး ပြုနိုင်ရန် ထိုင်းနိုင်ငံဘက်မှ ဒုဝန်ကြီးချုပ် နိုင်ဂျူရင်းလတ်စနာစီစစ်နှင့်အဖွဲ့မှ ယမန်‌နေ့ ‌အောက်တိုဘာ(၄) ရက်‌နေ့က လာ‌ရောက်ကြည့်ရှုကာ ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့ BCF ဇုန်တွင် ထိုင်း တာဝန်ရှိသူများနှင့် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့‌သေးသည်။

မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်‌ရေးတံတားသည် မြန်မာဘက်ခြမ်းတွင် လက်ရှိအသုံးပြု‌နေသည့် အမှတ်(၁)တံတား၏ ‌မြောက်ဘက် ၅ ကီလိုမီတာအကွာ အမှတ်(၅)ရပ်ကွက် ‌ရေပူ‌ကျေးရွာတွင် တည်ရှိပြီး ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့သို့ ဆက်သွယ်ရန် နှစ်နိုင်ငံနယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ်‌ဖောက်တည်‌ဆောက်ထား‌သော တံတားဖြစ်သည်။

တံတားနှင့်ချဉ်းကပ်လမ်း‌ကြောင်း အရှည်မှာ ထိုင်းဘက်ခြမ်းတွင် ၁၇ ကီလိုမီတာရှည်ပြီး မြန်မာဘက်ခြမ်းတွင် ၄ ကီလိုမီတာရှိကာ စုစု‌ပေါင်း ကုန်ကျ‌ငွေ ထိုင်းဘတ်‌ငွေ သန်း ၄,၂၀ဝ ‌ကျော် အကုန်အကျခံ၍ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်‌ရေးတံတားကို ပြီးခဲ့သည့် မတ်လ ၁၉ရက်‌နေ့က တံတား ပြီးစီးမှု အထိမ်းအမှတ်ဖွင့်ပွဲပြုလုပ်ခဲ့ရာ ဖွင့်ပွဲသို့ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်း စုကြည်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် နိုင်ပရာယွတ်ချန်အိုချာတို့က တက်‌ရောက်ခဲ့ကြသည်။ ယခုအခါ တံတား အသုံးပြုမှုဆိုင်ရာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU)‌ရေးထိုးပြီး၍ လာမည့် ‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် စီစဉ်‌နေကြခြင်းဖြစ်သည်။