Home ဆောင်းပါး မြန်မာ့‌ရွှေဖြူ(ရာဘာ)‌ဈေး ပြန်လည်ဦး‌မော့လာနိုင်မလား

မြန်မာ့‌ရွှေဖြူ(ရာဘာ)‌ဈေး ပြန်လည်ဦး‌မော့လာနိုင်မလား

4344

‌စောမြတ်ဦးသာ
‌အောက်တိုဘာ ၁၂ရက်၊ ၂ဝ၁၉ခုနှစ်။

မြန်မာ့‌ရွှေဖြုလို့ တင်စား‌ခေါ်‌ဝေါ်ထားတဲ့ ရာဘာကို မြန်မာပြည်ရဲ့ ‌တောင်ဘက်ပိုင်း မွန်၊ ကရင်ပြည်နယ်‌တွေနဲ့ တနသင်္ာရီတိုင်း ‌ဒေသကြီး‌တွေမှာ နှစ်‌ပေါင်း ၅ဝ‌ကျော်ကတည်းက စိုက်ပျိုးလာခဲ့ကြပါတယ်။ ယခုမှာ‌တော့ မြန်မာပြည်ရဲ့ ‌နေရာ‌ဒေသအသီးသီး မှာ ရာဘာစိုက်ဧက ၁၆သိန်းအထိ ရှိလာခဲ့ပါပြီး။ ရာဘာပင်ဟာ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမျိုးမှာ အများဆုံး ဖြစ်ထွန်းကြပြီး ‌တော့ နှစ်ရှည်ပင်မျိုး ဖြစ်ပါတယ်။

ရာဘာတစ်ဧကရဲ့ စိုက်ပျိုးကုန်ကျမှုဟာလည်း ‌တောင်‌ပေါ်‌ဒေသနဲ့ ‌မြေပြန့်လွင်ပြင်အ‌ပေါ် မူတည်ပြီး‌တော့ ကျပ်သိန်း ၂ဝ ဝန်း ကျင်‌လောက် ရှိတယ်လို့ ‌တောင်သူ‌တွေက ‌ပြောပါတယ်။ စိုက်ပျိုးပြီး ၆နှစ်‌ကျော်အတွင်းမှာ အ‌စေးခြစ်ထုတ်ယူ ရရှိနိုင်ပြီး‌တော့ သက်တမ်းအားဖြင့်လည်း နှစ်‌ပေါင်း ၃ဝ‌ကျော်အထိ အ‌စေးခြစ်ယူ ထုတ်လုပ်နိုင်ကြတယ်လို့ သိရပါတယ်။

ယခုနှစ် မြန်မာ့ရာဘာရဲ့ အ‌စေးခြစ်ထုတ်လုပ်မှု ရာသီအစမှာပဲ ‌ဈေးနှုန်းက အကျဘက်ဦးတည်သွား‌နေတယ်လို့ ရာဘာလုပ်ငန်း ရှင်အသင်းများက ‌ပြောပါတယ်။ ကမ္ဘာ့ရာဘာ‌ဈေးနှုန်း ကျဆင်း‌နေ‌ပေမယ့် ရာဘာထုတ်ကုန်အမြင့်ဆုံးထုတ်လုပ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ‌တွေမှာ‌တော့ Ribbed Smoked Sheets-Rss3 အမျိုးအစားတူ ရာဘာတစ်‌ပေါင်ဟာ ‌ငွေကျပ်တစ်ရာ‌ကျော်အထိ မြန်မာ့ရာဘာထုတ်ကုန်ထက် ‌ဈေးပိုရ‌နေတယ်လို့ ရာဘာလုပ်ငန်းထုတ်လုပ်တင်ပို့သူ‌တွေက ‌ပြောပါတယ်။

ပြည်တွင်းရာဘာ‌ဈေးကွက်ဟာ ‌အောက်တိုဘာ ၁ဝရက်‌နေ့အထိ အထူပြား အကြမ်းတစ်‌ပေါင်ဟာ ကျပ် ၅၆ဝ ရှိပြီး အ‌ချောပြား တစ်‌ပေါင် ၇၃ဝကျပ်အထိသာ ‌ပေါက်‌ဈေးရှိ‌နေတဲ့အတွက် ယခင်နှစ်ကထက်စာရင် ကျပ်တစ်ရာနီးပါး ‌ဈေးနှုန်းကျသွားတယ်လို့ မွန်ပြည်နယ်မှာရှိတဲ့ ရာဘာအဝယ်ဒိုင်‌တွေက ‌ပြောကြပါတယ်။

“လက်ရှိ ရာဘာ‌ဈေးက‌တော့ ကမ္ဘာ့‌ပေါက်‌ဈေး‌တွေလည်း ကျ‌နေတယ်။ ပြည်တွင်းမှာလည်း ကျတာ‌ပေါ့။ ‌ဈေးက‌တော့ အကျ ဘက်သွား‌နေတဲ့အ‌ခြေအ‌နေ‌ပေါ့။ RSS3 ရာဘာအမျိုးအစား တစ်တန်ကို အ‌မေရိကန်‌ဒေါ်လာ ၁၂ဝဝ၊ ၁၃ဝဝ ဝန်းကျင်ပဲရှိတယ်။ ရာဘာ‌ဈေးက ပြည်တွင်းသုံးစွဲမှုနဲ့ မသက်ဆိုင်ဘူး။ ကမ္ဘာ့စီးပွား‌ရေးအ‌ခြေအ‌နေ၊ နိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ရာသီဥတုအ‌ခြေအ‌နေ အများကြီးပါတယ်။ တရုတ်နဲ့ အ‌မေရိကန် စီးပွား‌ရေးစစ်ပွဲဖြစ်‌နေတာလည်း အများကြီး သက်ဆိုင်တယ်”လို့ မြန်မာ့ရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့‌ရောင်းချသူများအသင်း အတွင်း‌ရေးမှူး ဦးခိုင်မြင့်က ‌အောက်တိုဘာ ၁ဝရက်‌နေ့က ‌ကေအိုင်စီကို ‌ပြောပါတယ်။

မြန်မာ့ရာဘာ‌ဈေးနှုန်းဟာလည်း ကမာ္ဘ့‌ဈေးနှုန်းအတိုင်း ရရှိနိုင်ဖို့ဆိုရင် ထုတ်လုပ်မှုအရည်အ‌သွေးပိုင်းမှာ မြှင့်တင်ဖို့ လိုအပ်မှာ ဖြစ်ပြီး‌တော့ အရည်အ‌သွေးမြင့် ထုတ်လုပ်တာ‌ရော၊ နိမ့်ပြီးထုတ်လုပ်တာ‌ရော ‌ဈေးပိုမရဘူးဆိုတဲ့ အ‌တွေးအ‌ခေါ်ကိုလည်း လွှင့် ပစ်ဖို့ လိုအပ်တယ်လို့လည်း ဦးခိုင်မြင့်က ထပ်မံ ‌ပြောဆိုပါတယ်။

ယခင်နှစ် ရာဘာအ‌စေးထုတ်လုပ်မှု ရာသီအစဖြစ်တဲ့ စက်တင်ဘာလအတွင်းမှာ ကမာ္ဘ့ရာဘာ‌ပေါက်‌ဈေး RSS3 တစ်တန်ဟာ အ‌မေရိကန်‌ဒေါ်လာ ၁၉ဝဝ ဝန်းကျင်အထိ ‌ဈေးနှုန်းရရှိပြီး‌တော့ ပြည်တွင်းရာဘာ‌ပေါက်‌ဈေး အ‌ချောပြား တစ်‌ပေါင်ဟာ ၉၄ဝ ကျပ်၊ အထူပြား တစ်‌ပေါင် ၇ဝဝကျပ် ဝန်းကျင်အထိ ‌ဈေးနှုန်းရရှိတယ်လို့ ရာဘာထုတ်လုပ်သူအသင်းက ‌ပြောပါတယ်။

အစိုးရအ‌နေနဲ့ မြန်မာ့ရာဘာလုပ်ငန်းဖွံ့ဖြိုး‌ရေးအတွက်ဆိုပြီး ‌ချေး‌ငွေထုတ်‌ပေး‌နေတယ်ဆို‌ပေမယ့် ကရင်ပြည်နယ်က တချို့ ရာဘာစိုက်ပျိုးထုတ်လုပ်တဲ့‌ဒေသ‌တွေမှာ‌တော့ ‌ချေး‌ငွေရရှိဖို့ ခက်ခဲ‌နေဆဲဖြစ်တယ်လို့ ‌တောင်သူ‌တွေက ‌ပြောပါတယ်။

ရာဘာထုတ်လုပ်သူများအသင်းအ‌နေနဲ့‌တော့ သက်ဆိုင်ရာအစိုးရဌာန‌တွေနဲ့ ပူး‌ပေါင်းပြီး မြန်မာ့ရာဘာကို အရည်အ‌သွေးမြင့် ထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာပံ့ပိုးမှု‌တွေ ရာဘာအရည်အ‌သွေးနဲ့ ‌ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ (central market)လို ဗဟို‌ဈေး ကွက်‌တွေအပြင် ရာဘာဥပ‌ဒေတစ်ရပ်ပါ ‌ရေးဆွဲနိုင်‌အောင် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမယ်လို့ လုပ်ငန်းရှင်အသင်း ‌တွေက ‌ပြောဆိုထား‌ပေမယ့် ယ‌နေ့အချိန်ထိ ရာဘာဥပ‌ဒေတစ်ရပ် အ‌ကောင်ထည်‌ဖော်မှု မပြီးပြတ်‌သေးတဲ့အ‌ပေါ်မှာ ပြည်တွင်း ရာဘာ ဗဟို‌ဈေးကွက်ကိုလည်း အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်နိုင်တာမျိုး မရှိ‌သေးဘူးလို့ သိရပါတယ်။

(central market) လို ရာဘာဗဟို‌ဈေးကွက်တစ်ခု မရှိ‌သေးတဲ့အ‌ပေါ်မှာ ပြည်တွင်းမှာရှိတဲ့ ရာဘာအဝယ်ဒိုင်အချို့ရဲ့ ‌ဈေးနှုန်း ကစားမှု‌တွေ ခံ‌နေရပြီး ရာဘာအ‌ချောပြားနဲ့ အထူပြားဟာ ‌ဈေးနှုန်းကွာဟမှု သိပ်မရှိတဲ့အ‌ပေါ်မှာ အထူပြားများသာ ‌တောင်သူ ‌တွေက ထုတ်လုပ်မှု ပိုအားသန်လာကြတယ်လို့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ရာဘာလုပ်ငန်းရှင်များက ‌ပြောဆို ကြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်က ရာဘာလုပ်ငန်းရှင် ဦး‌စောနိုင်က “ရာဘာ‌ဈေးမ‌ကောင်း‌တော့ အ‌စေးခြစ်အလုပ်သမား ရှာရခက်လာ တယ်။ တစ်ခြားလုပ်ငန်းဘက် ‌ပြောင်းသွားကြတယ်‌ပေါ့‌နော်။ အ‌ချောပြားနဲ့ အထူပြားက ‌ဈေးကသိပ်မကွာ‌တော့ အထူပြား‌တွေပဲ လုပ်တာများလာတယ်။ အ‌ကောင်းလုပ်ရင်‌တောင် အ‌ကြောင်းအရာရှာပြီး ‌ဈေးကိုဖြတ်ချတာမျိုးခံရတယ်။ စိတ်ရှုပ်မခံနိုင်ကြ‌တော့ အထူပြား ‌ပေါ့‌ပေါ့ပါးပါး‌တွေပဲ လုပ်လာကြတယ်”လို့ ‌ပြောပါတယ်။

‌ဈေး‌ကောင်းရ‌နေတဲ့ RSS3 အမျိုးအစားဖြစ်တဲ့ ရာဘာပြားထုတ်လုပ်နိုင်ဖို့ဆိုရင် မှိုင်းခံရုံ၊ ရာဘာကြိတ်စက်ယန္တရား‌တွေ၊ အ‌ဆောက်အဦး‌တွေ ရင်းနှီးတည်‌ဆောက်ဖို့ ‌တောင်သူအများစုက ‌ငွေ‌ကြေးအခက်ခဲရှိ‌နေတယ်လို့ ‌ပြောပါတယ်။ ပြည်တွင်း ရာဘာအများဆုံးဝယ်ယူ‌နေတဲ့ တရုတ်ကုမ္ပဏီဘက်ကလည်း အရည်အ‌သွေးနဲ့ လိုချင်တဲ့ပုံစံ အမျိုးအစားအ‌ပေါ် ‌ရွေးချယ် ဝယ်ယူတာမျိုးမရှိတဲ့အတွက် ထုတ်လုပ်မှုနည်းပညာ အားနည်း‌နေတဲ့ ‌တောင်သူအများစုဟာ ‌ငွေ‌ပေါ်လွယ်တဲ့နည်းနဲ့သာ အများဆုံး ထုတ်လုပ်ကြတယ်လို့လည်း ရာဘာလုပ်ငန်းရှင် ဦး‌စောနိုင်က ‌ထောက်ပြ‌ပြောဆိုပါတယ်။

ယမန်နှစ်က ပြည်တွင်းရာဘာထုတ်ကုန် တန် ၂.၅သိန်း ထုတ်လုပ်ခဲ့ရာတွင် ပြည်တွင်းရာဘာ အသုံးပြုမှုမှာ ၈ရာခိုင်နှုန်းသာရှိပြီး အိမ်နီးချင်း တရုတ်နိုင်ငံသို့ ၇ဝရာခိုင်နှုန်း တင်ပို့နိုင်ခဲ့တယ်လို့ ရာဘာလုပ်ငန်းရှင်အသင်းက‌နေ သိရပါတယ်။ ထို့အပြင် တစ်နိုင်ငံ လုံး ရာဘာစိုက်ဧက ၈သိန်းအထိ အ‌စေးထုတ်ဖို့ ကျန်‌နေ‌သေးတဲ့အတွက် နှစ်စဉ် ရာဘာထုတ်လုပ်မှုတန်ချိန်မှာ တိုးလာမယ်လို့ အသင်းတာဝန်ရှိသူ‌တွေဘက်က ‌ပြောဆိုထားပါတယ်။

ပြည်တွင်းရာဘာထုတ်ကုန် အများစုကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့‌ရောင်းချကြပြီး မ‌လေးရှား၊ စကင်္ာပူ၊ အင်ဒိုနီးရှား၊ ကိုရီး ယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယနိုင်ငံများသို့လည်း တင်ပို့‌နေတယ်လို့ ရာဘာတင်ပို့‌ရောင်းချသူများအသင်းက သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ‌ရေးနှစ်တွင် မြန်မာနိုင်ငံက ရာဘာတန်ချိန် ၁.၇သိန်း နိုင်ငံခြားကို တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ ‌အောက်တိုဘာလမှ ၂၀၁၉ ဩဂုတ်လအထိ နိုင်ငံခြားသို့ ရာဘာတင်ပို့မှု‌ကြောင့် အ‌မေရိကန်‌ဒေါ်လာ ၂၄၇.၅၅၇သန်း ရရှိခဲ့တယ်လို့လည်း သိရပါ တယ်။

“အရင်ကဆိုရင် အမှိုက်‌တွေ၊ သဲ‌တွေ မပါ‌အောင် ရာဘာအ‌စေးကို ဇကာနဲ့ ‌သေချာခံပြီး လုပ်တယ်။ တန်း‌ပေါ်မှာ ‌သေချာ အပူ လှန်းပြီး‌တော့မှ ထုပ်ပိုးလာ‌ရောင်းကြတယ်‌ပေါ့‌နော်။ အခုဆို ကြိတ်စက်နဲ့‌တောင် မသုံး‌တော့ဘူး။ ‌မြေကြီး‌ပေါ် ‌ခြေနဲ့နင်းချပြီး ပုပ်ပွပွနဲ့ အလွယ်နည်း လုပ်လာကြတယ်။ သူတို့မှာ ထုတ်ကုန်ကြမ်း‌တွေ အများကြီးရှိတယ်။ ‌ဈေးကွက်‌ကောင်းရ‌အောင် ထုတ်လုပ်မှုနည်းပညာ‌ပေးဖို့ လိုအပ်တယ်။”လို့ မုဒုံမြို့ ရာဘာအဝယ်ဒိုင် ကိုတာကြီးက ‌ပြောပါတယ်။

တချို့‌သော ပြည်နယ်နဲ့ တိုင်း‌ဒေသကြီး‌တွေမှာ‌တော့ မြန်မာ့ရာဘာ‌ဈေး ပြန်လည်ဦး‌မော့လာနိုင်ဖို့ နည်းလမ်းရှာပြီး ရာဘာသန့် စင်စက်ရုံ၊ ရာဘာလုပ်ငန်းအသင်းအဖွဲ့‌တွေ ရာဘာဥပ‌ဒေတစ်ရပ်ပါ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားနိုင်ဖို့ ယခင်နှစ်က တည်းက ကြိုးစားလုပ်‌ဆောင်‌နေပြီးလို့လည်း သိရပါတယ်။

ဒါ‌ပေမယ့် ရာဘာစိုက်ပျိုးထုတ်လုပ်တဲ့ ‌တောင်သူ‌တွေထံကို‌တော့ ထုတ်လုပ်မှုနည်းပညာ‌တွေ ပံ့ပိုးမှု‌တွေ၊ လက်‌တွေ့အ‌ကောင်အ ထည်‌ဖော်‌ပေးမှု‌တွေ အားနည်း‌နေ‌သေးတဲ့အတွက် ‌ရွှေဖြူ(ရာဘာ)ပိုင်တဲ့ မြန်မာ့‌တောင်သူ‌တွေဟာ ‌မြေကြီး‌အောက်က နှစ်ရှည် လများစွာ သူတို့ရင်းနှီးမြုပ်နှံခဲ့တဲ့‌ငွေ‌တွေ ပြန်လည်ရရှိဖို့ဆိုရင် ရာဘာဥပ‌ဒေတစ်ရပ်အပြင် ထုတ်လုပ်မှုနည်းပညာနဲ့ ပြည်တွင်း ရာဘာဗဟို‌ဈေးကွက်လိုဟာမျိုး လက်‌တွေ့အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်‌ပေးနိုင်မှသာလျှင် မြန်မာ့‌ရွှေဖြူဟာ ကမာ္ဘ့‌ဈေးကွက် ထဲကို ထိုး‌ဖောက်ဝင်‌ရောက်နိုင်ပြီး ဦး‌မော့လာနိုင်မှာဖြစ်ပါတယ်။