Home သတင်း ‌ရေရှည်တည်တံ့ခိုင်မြဲသည့် အ‌ခြေခံကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းကို ဆက်လက်လုပ် ‌ဆောင်သွားမည်ဟု ‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့‌ပြော

‌ရေရှည်တည်တံ့ခိုင်မြဲသည့် အ‌ခြေခံကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းကို ဆက်လက်လုပ် ‌ဆောင်သွားမည်ဟု ‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့‌ပြော

3140

‌အောက်တိုဘာ ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

စစ်မက်ဖြစ်ပွားပြီး ‌ဝေးလံသီ‌ခေါင်သည့် တိုင်းရင်းသား‌ဒေသများရှိ ပြည်သူလူထုများအား နှစ်‌ပေါင်း ၂ဝ ‌ကျော် အ‌ခြေခံကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေး‌နေသည့် နယ်လှည့်‌ကျောပိုးအိတ်လုပ်သားအဖွဲ့ (BPHWT) အ‌နေဖြင့် ‌ရေရှည်တည်တံ့ခိုင်မြဲသည့် အ‌ခြေခံ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု လုပ်ငန်းများကို ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ‌ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယမန်‌နေ့ (‌အောက်တိုဘာ ၃ရက်) ပြုလုပ်သည့် တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့များဖြင့်ပါဝင်ဖွဲ့စည်းထား‌သော BPHWT ဖွဲ့စည်းတည်‌ထောင်ခြင်း နှစ် ၂ဝပြည့် အထိမ်းအမှတ် အစီရင်ခံစာ မိတ်ဆက်ပွဲအစီအစဉ်တွင် အဖွဲ့ ဥက္ကဌလည်းဖြစ် လက်ရှိ မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အနာဂတ်မှာလည်း တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်း‌တွေရဲ့ အင်အား‌တောင့်တင်းမှု၊ ကျန်းမာ ‌ရေးစနစ် အား‌ကောင်းလာဖို့လိုအပ်တဲ့ စီမံခန့်ခွဲမှု‌တွေ၊ ရံပုံ‌ငွေ ပိုင်းဆိုင်ရာ‌တွေ ခိုင်မာလာဖို့‌တွေ၊ ‌နောက် ကျန်းမာ‌ရေးဆိုင်ရာ မူဝါဒ‌တွေပိုပြီး‌တော့ ‌ကောင်းမွန်ဖွံ့ဖြိုးလာဖို့ အထူးသဖြင့်‌တော့ တန်းတူညီ မျှဖြစ်တဲ့၊ အရည်အ‌သွေး‌ကောင်းတဲ့ ကျန်းမာ‌ရေးစနစ်ကို တည်‌ဆောက်ဖို့အတွက် ကျန်မာ‌ရေး အဖွဲ့ အစည်း‌တွေနဲ့ ဆက်လက်ပြီး‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်သွားမှာဆိုတာကိုလည်း ဒီအနှစ် ၂ဝ စာအုပ်ကို ထုတ်‌ဝေတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ်လုပ်သားအဖွဲ့သည် ကျန်းမာ‌ရေး စနစ်ဖွံ့ဖြိုး‌ရေးလုပ်ငန်းတွင် ဝန်‌ဆောင်မှု ‌ပေး‌နေသည့် ကျန်းမာ‌ရေးလုပ်သားများအကြား အသိအမြင်များ မြှင့်တင်‌ပေးရန်နှင့် လူထု၏ ကျန်းမာ ‌ရေးဆိုင်ရာ လိုအင်ဆန္ဒများကို အတူတကွ ဆက်လက်‌ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရ၊ ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့်ဆက်လက် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည် ဟု BPHWT ဒါရိုက်တာ ‌စောဝင်း‌ကျော်ကလည်း ‌ပြောသည်။

“ဒီကျန်းမာ‌ရေးစနစ်အ‌ကောင်အထည်‌ဖော်‌ဆောင်တဲ့‌နေရာမှာ တစ်စုတစ်ဖွဲ့တည်းလုပ်လို့မရဘူး။ တစ်‌ဒေသလုံးလွှမ်းခြုံနိုင်ဖို့အတွက် နီးစပ်ရာအဖွဲ့အစည်း၊ အစိုးရ ဋ္ဌာန‌တွေနဲ့လည်း ဆက်စပ်ပြီး လုပ်‌ဆောင်ရတာလည်းရှိတယ်။ အဓိက အစိုးရနဲ့လုပ်နိုင်တဲ့ အပိုင်းက‌တော့ ‌သေး‌သေး‌လေးပဲ ရှိ‌သေးတယ် လတ်တ‌လောက‌တော့။ လုပ်‌တော့ လုပ်‌နေပါတယ်။ ”ဟု ‌စောဝင်း‌ကျော်က ‌ပြောသည်။

မ‌နေ့က ပြုလုပ်သည့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားအဖွဲ့၏ အနှစ် ၂ဝ အထိမ်းအမှတ် အစီရင်ခံစာတွင် စက်မက်ဖြစ်ပွားပြီး ‌ဝေးလံသီ‌ခေါင်သည့် တိုင်းရင်းသား‌ဒေသများရှိ ပြည်တွင်း စစ်‌ရှောင်ပြည်သူလူထုများအား နှစ်‌ပေါင်း ၂ဝအတွင်း လုပ်‌ဆောင်လာခဲ့သည့် ကျန်းမာ‌ရေး ဝန်‌ဆောင်မှု လုပ်ငန်းများ၏ အခက်အခဲ၊ စိန်‌ခေါ်မှုများအပြင် ကျန်းမာ‌ရေးစနစ်အား‌ကောင်းလာရန်အတွက် ‌ဒေသတွင်းရှိ တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းများ ပူး‌ပေါင်းလုပ်‌ဆောင်လာခဲ့သည့် အ‌ခြေအ‌နေများကို ‌ဖော်ပြထားသည်။

၎င်းအပြင် နယ်လှည့်‌ကျောပိုးအိတ်လုပ်သားအဖွဲ့သည် နှစ်‌ပေါင်း ၂ဝ အတွင်း ကရင်၊ ကရင်နီ၊ မွန်၊ ကချင်၊ ကယန်း၊ ရှမ်း၊ ရခိုင်၊ ပ‌လောင်၊ ပအိုဝ်း ၊ ချင်းနှင့် နာဂစသည့် တိုင်းရင်းသား‌ဒေသရှိ လူဦး‌ရေ ၃ဝဝ,ဝဝဝ ( ၃သိန်း)ခန့်ကို ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းများ လုပ်‌ဆောင်နိုင်ခဲ့သည်ဟု ‌ဖော်ပြ ထားသည်။

ထိုသို့ ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းကို လုပ်‌ဆောင်ရာတွင် တိုက်ပွဲ‌တွေကြား၊ ‌မြေမြှုပ်မိုင်း အန္တရာယ်နှင့် ရာသီဥတုဆိုးရွားမှုစသည့် အ‌ခြေအ‌နေနှင့် စိန်‌ခေါ်မှုမျိုးစုံကြားက ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းကို ‌ဆောင်ရွက်ခဲ့ရသလို အဖွဲ့ဝင်များမှာ ပစ်ခတ်ခံရမှု၊ ‌မြေမြှုပ်မိုင်း‌ကြောင့် ဒဏ်ရာရရှိမှု၊ ‌ရေနစ်‌သေဆံးမှုနှင့် နာမကျန်းမှုများ‌ကြောင့် အသက်ဆုံးရှုံးမှုရှိပြီး ဖမ်းဆီးခံရမှုများလည်း ရှိသည်ဟု BPHWTက ‌ပြောသည်။

တအာင်း ကျန်းမာ‌ရေး ‌ကော်မတီ(Ta’ang Health Committee) တွဲဖက်အတွင်း‌ရေးမှူး ‌လွေးက ‌တေ့ ညမ်းက( Lway Katae Nyime)က“ ဒီအနှစ် ၂ဝ တိုင်‌အောင် ဒီထက်မက တိုင်းရင်းသား ‌ဒေသ‌တွေမှာ ကိုယ့်ရဲ့ကိုယ်ပိုင် ‌ဒေသခံ‌တွေရဲ့ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုကို ‌ကောင်း‌ကောင်းမွန်မွန် စနစ်ကျကျနဲ့ ကုသခံယူပိုင်ခွင့်ရှိပြီး‌တော့‌ပေါ့‌နော်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး ဒီ Back Pack နဲ့ပူး ‌ပေါင်းပြီး‌တော့ ကျယ်ကျယ်ပြန့်ပြန့် ကိုယ့်ရဲ့ ‌ဒေသထဲမှာ ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌တွေကို အပြည့်အဝ ရရှိနိုင်မယ်လို့‌တော့ ‌မျှော်လင့်တာ‌ပေါ့‌နော်။”ဟု ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားအဖွဲ့သည် ‌ဝေးလံ‌ခေါင်ဖျားသည့် တိုင်းရင်းသား ‌ဒေသ များအတွင်း ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန်ရည်ရွယ်ကာ ၁၉၉၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကရင်၊ ကရင်နီ၊ မွန်၊ ကချင်၊ ကယန်း၊ ရှမ်း ၊ ရခိုင်၊ ပ‌လောင်၊ ပအိုဝ်း၊ ချင်းနှင့် နာဂ စသည့်တိုင်းရင်းသားများ‌ဒေသရှိ လူဦး‌ရေ ၃ သိန်းခန့်အတွက် ကျန်း မာ‌ရေး လုပ်သား ၁၄ဝ ဦးခန့်၊ ‌ကျောပိုးအိတ်အဖွဲ့ငယ် ၁၁၄ ဖွဲ့ဖြင့် ကျန်းမာ‌ရေးလုပ်ငန်းများများကို ‌ဆောင်ရွက်လျက်ရှိသည်။