Home သတင်း ‌ခေတ်ကာလ လူမှုဘဝ ပုံရိပ်များကို ထင်ဟပ်သည့် “လူထုအမှတ်သညာပွဲ‌တော်”ဖားအံတွင် စတင်ကျင်းပ

‌ခေတ်ကာလ လူမှုဘဝ ပုံရိပ်များကို ထင်ဟပ်သည့် “လူထုအမှတ်သညာပွဲ‌တော်”ဖားအံတွင် စတင်ကျင်းပ

1812

‌အောက်တိုဘာလ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌ခေတ်အဆက်ဆက်ကို ဖြတ်‌ကျော်ပြီး ‌ဒေသတစ်ခုအတွင်း ‌ပြောင်းလဲလာသည့် အ‌ခြေအ‌နေများ၊ လူမှုဘဝ များကို ပုံရပ်များအဖြစ် ထင်ဟပ်‌စေမည့် “လူထုအမှတ်သညာပွဲ‌တော် ” အမည်‌ပေးထားသည့် အနုပညာနှင့် အမှတ်သညာပွဲ‌တော်ကို ယ‌နေ့ ‌အောက်တိုဘာလ ၁၉ ရက်၊ ဖားအံမြို့ဇွဲကပင်ခန်းမတွင် စတင်ဖွဲ့လှစ် လိုက်ပြီဖြစ်သည်။

ကရင်ပြည်နယ်တွင် တစ်ကြိမ်တစ်ခါမျှ ကျင်းပခြင်းမရှိဘူးသည့် ယခုလူထုသညာပွဲ‌တော်ကို HELVETAS Myan mar ‌ထောက်ပံ့မှုဖြင့် Pansodan Galleryနှင့် Garman Federal Foreign Office တို့၏ ဝိုင်းဝန်းကူညီပံ့ပိုး မှုများဖြင့် ကျင်းပခြင်းဖြစ်သည်ဟုလည်း သိရသည်။

လူထုအမှတ်သညာပွဲ‌တော် ကျင်းပရခြင်းနှင့်ပတ်သက်ပြီး ဦး‌ဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကိုခန့်‌ဇော်‌အောင် က “ ကျ‌နော်တို့လူ့အဖွဲ့အစည်း‌တွေရဲ့ဆင့်ကဲ‌ပြောင်းလဲမှု‌တွေကို ဓာတ်ပုံမှတ်တမ်းအ‌နေနဲ့ ပြသခြင်းဖြစ်ပါ တယ်။ ဖားအံမြို့ရဲ့ ဟိုးနှစ်‌လေးဆယ် ငါးဆယ်ကပုံ‌လေး ‌တွေပြန်စုတယ်။ ဘာ‌တွေ့ရလဲဆို‌တော့ အဲဒီအချိန် ကာလက ဖားအံမြို့ရဲ့ ပုံရိပ်နဲ့အခုပုံရိပ်‌ပြောင်းလဲလာတဲ့ အ‌ခြေအ‌နေကို ပြချင်လို့ ဒီပွဲကိုပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ‌ပြောသည်။

လူထုအမှတ်သညာပွဲ‌တော်ကို ‌အောက်တိုဘာလ ၁၉ ရက်မှ ၂၂ ရက်‌နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကရင်ပြည် နယ်၏ အတိတ်ကာလကို ထင်ဟပ်‌စေသည့် ပုံများ၊ ကရင်ပြည်နယ် အလှ၊ အထင်ကရ‌နေရာများ နှင့်လူ‌နေမှု ဓ‌လေ့ဘဝများပါဝင်သည့် ဓာတ်ပုံ‌ပေါင်း ၂၅ဝ နှင့်ပန်းချီကားများပြသခြင်း၊ စာတမ်းဖတ်ပွဲနှင့် သမိုင်း‌ကြောင်း ဆိုင်ရာ စကားဝိုင်းများ၊ ကရင်ရိုးရာ ‌ရှေး‌ဟောင်းတူရိယာတီးခတ်မှုအပြင် မှတ်တမ်းရုပ်ရှင်ပြသမှုအစီအစဉ်များ လည်း ပါဝင်မည်ဖြစ်သည်။

ကရင်ပြည်နယ် အ‌နေဖြင့် လူထုအမှတ်သညာပွဲ‌တော်ကို ပထမအကြိမ်ကျင်းပခြင်းဖြစ်ပြီး အလားတူလူထု အမှတ်သညာပွဲ‌တော်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ ရန်ကုန်နှင့် မ‌ကွေးမြို့များတွင် ကျင်းပပြု လုပ်ခဲ့ပြီး ဖြစ်သည်။