“လူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုကို သူ့ Community ကပဲ အခြေခံတည်ဆောက်ပြီးတော့ အဲ့ဒါကို ကျနော်တို့ ဝိုင်းပြီးတော့ ပံ့ပိုးရမယ်။”
စစ်မက်ဖြစ်ပွားပြီး ဝေးလံသီခေါင်သည့် တိုင်းရင်းသားဒေသများရှိ ပြည်သူလူထုများအား နှစ်ပေါင်း ၂ဝ ကျော် အခြေခံကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သား အဖွဲ ့(Back Pack Health Working Team -BPHWT) အဖွဲ့ကို ဖွဲ ့စည်းတည်ထောင်ခြင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ် အစီရင်ခံစာ မိတ်ဆက်ပွဲကို အောက်တိုဘာ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ ပြုလုပ်ခဲ့သည်။
နှစ်ပေါင်း ၂ဝအတွင်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့၏ ဖြတ်သန်းမှု၊ စိန်ခေါ် မှုနှင့် အောင်မြင်မှု စသည့်အခြေအနေများကို အဖွဲ ့ဒါရိုက်တာဖြစ်သူ စောဝင်းကျော်အား တွေ ့ ဆုံမေးမြန်းထားသည်။
ကေအိုင်စီ ။ ။ အနှစ် ၂ဝ ပြည့် အစီရင်ခံစာထဲမှာ ဘယ်အချက်အလက်တွေကို ဖော်ပြထားပါသလဲ၊ အကျဉ်းချုပ် ပြောပြပေးပါဦး။
ကျနော်တို ့ဒီနှစ် ၂ဝ Report Lodge လုပ်တယ်ပေါ့နော်၊ အဓိက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။ ပဋိပက္ခရှိတဲ့အခြေအနေမှာ ကျနော်တို့ ဘယ် လိုဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အပြင်ကို လက်ရှိ ရှိနေတဲ့ ကျနော်တို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေအပေါ်မှာ ရှိနေတဲ့အခက်အခဲ အားလုံးပဲသိအောင်ပေါ့လေ၊ အဲ့ဒါအပြင်လည်း ကျနော်တို့ ရှေ ့ ကျန်းမာရေးလုပ်ငန်းနဲ ့ပတ်သက်လို့ ကျနော်တို့အဖွဲ ့အနေနဲ့ တကယ်လိုအပ်တဲ့ နေရာတွေမှာ ဘာတွေတိုးချဲ့ပြီးတော့ ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဒီ Report Lodge လုပ်ရတယ်ပေါ့။
ကေအိုင်စီ။ ။ အနှစ် ၂ဝ အတွင်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ ့ ဖြတ်သန်း လာမှု အခက်အခဲ၊ စိန်ခေါ်မှု၊ အောင်မြင်မှုတွေက ဘာလဲ။
ကျနော်တို ့ဒီနယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့ လုပ်သားအဖွဲ့လို့ အဖွဲ့ စုပြီးလုပ်လိုက် ရင်ကောင်းမလားပေါ့၊ အဲလိုမျိုး အစစဉ်းစားပြီးတော့ ဒီဘက်ကပေါ့ မွန်ရယ်၊ ကရင်ရယ်၊ ကရင်နီရယ် ပေါ့လေ၊ ဒီဘက်က CBO/CSO တွေ ဆရာမစင်သီယာတို့ ကျန်းမာရေးအဖွဲ့တွေက စုပြီးတော့ ကျနော် တို့ တိုင်းရင်းသားအဖွဲ့တွေနဲ ့ပေါင်းပြီးတော့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့ကို စုပြီးတော့ လုပ်လိုက်ရင်ကောင်းမလားလို့ စပြီးတော့ ဖွဲ့လိုက်တယ်။ စဖွဲ့တုန်းကတော့ အဖွဲ ့ ၃၂ ဖွဲ ့နဲ့စတယ်။ ကျန်းမာရေးလုပ်သား အယောက် ၁၀ဝ ဝန်းကျင်နဲ့ပဲ စခဲ့တယ်။ အဲဒီအခြေ အနေမှာ အခက်အခဲ ကတော့ အများကြီးပေါ့၊ အများကြီးလို့ပြောတဲ့အခါမှာ သွားရေးလာရေး အခက်အခဲ၊ ရာသီဥတု အခက်အခဲ၊ နောက်ပြီးတော့ စစ်တပ်ရဲ့ အဟန့်အတားတွေပေါ့နော်။ သေနတ်ပစ်ခံရလို ့ သေသွား တာတို့၊ မိုင်းထိပြီးသေသွားတာတို့ အဲ့ဒါတွေ ဖြစ်တာပေါ့။
အဲ့လိုအခက်အခဲကြား ကနေပြီးတော့ လူထုနဲ့ နီးနီးကပ်ကပ်နေ၊ လူထုကလည်း သူတို့ ဟာသူတို့တည်ဆောက်နိုင်တာ တည်ဆောက်ပြီး တော့ သူတို့လုပ်တယ်ပေါ့။ ရသလောက် လုပ်ရင်းနဲ့ ပြီးခဲ့တဲ့ ပထမအစပိုင်း ၅ နှစ်အတွင်း အဲ့လို အခက်အခဲတွေ ကြုံရတယ်ပေါ့နော်။ နောက်ပိုင်းလည်း အဲဒီလိုပါပဲ ကျနော်တို့အကူညီအနေနဲ့လည်း ပဋိပက္ခရှိတဲ့နေရာတွေကို အကူအညီပေးလာတာ နည်းနည်းများတာနဲ့ လုပ်ငန်းတွေတိုးချဲ့ပြီးလုပ်လာတာ လုပ်လာနိုင်တယ်။ ဒါပေမဲ့ အခက်အခဲက ဒီကျန်းမာရေး ဝန်ထမ်းတွေလည်း နည်းနေပြန်ရော၊ သင်တန်းတွေ စီစဉ် ပေးရတယ် ။ အရည်အသွေး ပြည့်အောင်လည်း လုပ်ရတယ်။ မဟုတ်ရင် ရမ်းကုတွေ ဖြစ်မှာလည်းစိုးရ တယ်။ ဒီဟာကလည်း လူ့အသက်နဲ့သွားရတဲ့ဖြစ်တဲ့အတွက် အဲဒီသင်တန်းလုပ်ရတဲ့ အခက်အခဲတွေ ကျနော်တို့ ကြုံရတယ်ပေါ့။ ငွေမလုံ လောက်တာတို့၊ သင်ပေးနိုင်တဲ့ဆရာ အလုံအလောက်မရှိတာတို့၊ ဆေးဝါးတွေကိုလည်းအချိန်မှီ လက်လှမ်းမီအောင် မပို့ပေးနိုင်တာတို့ အဲ့လိုအခက်အခဲတွေ ကြုံခဲ့ရ တယ်။
အဲ့ဒီထက်ဆိုးတဲ့ အခြေအနေတွေက ထိခိုက်ဒဏ်ရာ ရတာဆိုရင် ပိုဆိုးတယ်။ ဥပမာ – မိုင်း တွေဘာတွေထိရင် ဘယ်လိုပြုစုရမယ်ဆိုတာတောင် မသိတဲ့ အခြေအနေမျိုးတွေလည်း ကြုံရတယ် ပေါ့၊ တကယ်တမ်း လက်တွေ ့ဘဝနဲ ့ထပ်ပြောရင် ကလေးမွေးတဲ့ ကိစ္စတွေပေါ့လေ၊ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ကျနော်တို ့ဆေးမှူးတွေကတော့ သိပြီး၊ ဒီအခြေအနေကတော့ ဘာပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းကို ရောက်မှဖြစ်မယ်ဆိုတဲ့ဟာကိုသိပြီ၊ ဒါပေမဲ့ မပို့ပေးနိုင်တဲ့ အခြေအနေနဲ့ ကြုံပြီး တော့ ကိုယ့်မျက်စိထဲမှာပဲ ဆုံးသွားတဲ့သူတွေလည်းဘဲ စိတ်မကောင်း စွာနဲ့တွေ့ရတယ်။ တချို ့နေရာ တွေ ကျတော့လည်း ဘာသာစကား အခက်အခဲတွေ၊ ကိုယ့်ကရင်မှာ တောင်မှ တနေရာနဲ့တနေရာ ဘာသာစကား အခက်အခဲတွေ၊ အခြားတိုင်းရင်းသား တွေနဲ ့ဆက်စပ်ရင်လည်း ဘာသာစကားအ ခက်အခဲ ရှိတာပေါ့နော်။ နောက်ပြီးတော့ ကျန်းမာရေး လုပ်ငန်းကို စလုပ်တဲ့ အခြေအ နေနဲ့ဆက်စပ် ရင်လည်း လူ့ရဲ့အယူသီးမှုတွေကလည်း ကျနော်တို့တော်တော်စကားများ ယူရတယ်ပေါ့ နော်။
ကေအိုင်စီ။ ။ အခုလတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေကို ဘယ်လိုမြင်လဲ။ အဲဒီအခြေ အနေတွေကြောင့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ လုပ်ငန်းတွေအပေါ်
ဘယ်လိုသက်ရောက်မှုတွေ ရှိလာသလဲ။
၂၀၁၂ နောက်ပိုင်းကျတော့ ယာယီအပစ်အခတ်ရပ်စဲရေးဖြစ်လာတယ်ပေါ့။ ကျနော်တို့ဆေး ဆရာတွေ၊ ဆေးမှူးတွေ သွားရေးလာရေးကတော့ ပိုလွယ်လာတာပေါ့။ ဒါပေမဲ့ ကျန်းမာရေး ဝန်ထမ်း လို့ပြောရင် ဆေးကုနိုင်တာ ဒါအစိုးရကျောင်းကပဲ ဝန်ထမ်းမွေးထုတ်တာပဲ ရှိတာကိုး။ အပြင်လူတွေ ဆိုရင် သူတို့ဘယ်လိုနည်းနဲ ့ဖြစ်ဖြစ် တရားမဝင်ဘူးလို့ပဲ နှုတ်ကသာ မပြောတာပေါ့နော်၊ ဥပဒေ ကြောင်းနဲ့ပြောရင်တော့ တရားမဝင်ဘူးလို ဖြစ်နေတာပေါ့။ နိုင်ငံရေးသက်ရောက်မှုလို့ပြောရင် နေရာတော့ ကွဲသွားတာပေါ့လေ၊ ကရင်ပြည်နယ်ဘက်ခြမ်းကျတော့ တိုက်ပွဲနည်းနည်းငြိမ်သွားတော့၊ လုံးဝမ လုပ်တာတော့ မဟုတ်ဘူး၊ ကျန်းမာရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ ပိုပြီးလုပ်နိုင်တယ်။
တဆက်ထဲမှာလည်း အလုပ်ဆက်စပ်နေရတဲ့ မြောက်ပိုင်း ကချင်ဘက်ရယ်၊ ပလောင် ဘက် ရယ်၊ ရှမ်းဘက်ကတော့ တိုက်ပွဲတော်တော်ကြီးတယ်။ ပြန်ဖြစ်နေတော့ အဲ့ဒီဘက်အတွက်လည်း ကျနော်တို့အများကြီး အားစိုက်ပေးနေရတယ်ပေါ့။ အားစိုက်တယ်လို ့ပြောတဲ့နေရာမှာ အရင်အခြေ အနေနဲ့သူတို့က တိုက်ပွဲတွေသိပ်မဖြစ်တော့ဘူး။ ထိခိုက်ဒဏ်ရာနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ သင်တန်းတွေ ဘာတွေလည်း ဒီလောက်များများ မလုပ်ဖြစ်ပေးဘူးလေ။ အခုနောက်ပိုင်း အဲ့ဒါကို ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်လိုစပြီးတော့ စဉ်းစားပေးရမလဲ၊ လူတွေက ပဋိပက္ခနောက်ပိုင်းမှာ စိတ်ဓါတ်ကျတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ၊ ဘယ်လိုလုပ်ပေးရမလဲဆိုတာ အဲ့ဒီအထိပါ ပြန်ပြီးတော့ ပြောင်းပြန် ပြန်စဉ်းစားနေရတာပေါ့၊ အဲ့လိုအခြေအနေတွေရှိတာပေါ့ အခက်အခဲက။
နိုင်ငံရေးအရ သက်ရောက်မှုလို့ပြောရင် ခုဏလူထုတွေရဲ့သက်ရောက်မှု၊ ဒုတိယအချက်အနေနဲ ့
လုပ်ငန်းအစီအစဉ်တွေပေါ့၊ နိုုင်ငံရေး Ceasefire လုပ်လိုက်တယ်။ Ceasefire လုပ်ပြီးတော့ တချို့က Post Conflict လို့ပြောတယ်၊ ကျနော်က Post Conflict လို့မသုံးချင်ဘူး။ ကျနော်တို့က ဒါလတ်တ လော ပဋိပက္ခ ဖြစ်နေတုန်းပဲလို့ ကျနော်တို့ ပြောချင်တယ်ပေါ့နော်၊ အကူညီတွေက အရင်ကတော့ ဒါ Humanitarian Aid တွေ၊ လူသားချင်းစာနာတဲ့အရေးပေါ် အကူအညီတာပဲလာတယ်။ Cross Border ဒေသ ဖြတ်ကျောြ်ပီးတော့ပေါ့၊ အခု နောက်ပိုင်းကတော့ အဲ့ဒါမဟုတ်တော့ဘဲနဲ ့ ခုဏက Humanitarian Aid ရော၊ Development Aid ရော နှစ်ခုစလုံး ရောပြီးလာတာဖြစ်တဲ့အတွက် လုပ်ငန်းအစီအစဉ်တွေကို ပြန်ပြီးတော့ ပြန်ပြောင်းရေးဆွဲရတာတို့၊ ညှိနှိုင်းဆောင်ရွက်တာတို့ အဲ့လိုအခက်အခဲတွေအများကြီး ကြုံရတယ်။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့အရည်အသွေးလည်း လိုသေးတာကိုး၊ အဲ့ဒီနည်း ပညာ ကိုလည်း ပြန်လိုက်ရတယ့်အပြင် တချို့အပိုင်းတွေက ပြန်ဆက်စပ်ပြီးတော့ ငွေရေး ကြေးရေးပေးတဲ့ အဖွဲ့အစည်းကလည်း ပုံစံပြောင်းသွားတော့ အဲ့ဒီ ငွေရေးကြေးရေးကို ရယူနိုင်ဖို့က ဘတ်ဂျက်တွေ ပုံစံ တမျိုးနဲ့သွားနေရတယ်။ ကျနော်တို့သွားနေတဲ့ ပုံစံနဲ့တော့မတူတော့ဘူးပေါ့၊ အဲ့ဒါကြောင့် ငွေရေးကြေး ရေးနဲ ့ပတ်သက်လို့ လုံးဝမရဘူးဆိုတာမဟုတ်ပေမယ့်လည်း တချို့အပိုင်းတွေက ကျနော်တို့လုပ် နေတဲ့ အခြေအနေနဲ့လည်း ပြန်ထိန်းညှိပြီးတော့ သွားနေရတယ်ပေါ့။
ကေအိုင်စီ ။ ။ ပြုလုပ်ပြီးစီးသွားခဲ့တဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ညီလာခံ ထုတ်ပြန်ချက်ထဲမှာ ဖက်ဒရယ်စနစ်နဲ ့ကိုက်ညီသော ကျန်းမာရေးစနစ်ကို ကြိုးပမ်းဆောင်ရွက် သွားမယ်လို ့ပြောထားပါတယ်။ နည်းနည်းရှင်းပြပါလား။
ကျန်းမာရေး စနစ်လို့ပြောရင် ကျနော်တို့စဉ်းစားတာက ကျနော်တို့ မြန်မာနိုင်ငံအခြေအနေ ဖြစ်တာက ဗဟိုထိန်းချုပ်မှုနဲ့ပဲသွားတယ်ပေါ့။ ဗဟိုထိန်းချုပ်မှုနဲ့ပဲ သွားတယ်ဆိုတော့ ဒေသတွင်းမှာ တကယ်တမ်းလိုနေတဲ့ အခြေအနေတွေကို ဒေသက တာဝန်ရှိတဲ့သူတွေအနေနဲ့ စီစဉ်ဆောင်ရွက်ဖို့က ခွင့်ပြုချက်တွေ အဆင့်ဆင့်တင်ရတာတွေ အဲ့ဒီအခက်အခဲတွေ ရှိတယ်။ ကျနော်ပြောချင်တာက ကိုယ့် ဒေသနဲ ့ကိုယ် စီမံခန့်ခွဲတဲ့ ကိုယ်ဒေသကလူတွေ ကိုယ့်ကျန်းမာရေး စောင့်ရှောက်မှုကို ကိုယ့်ဘာသာ ကိုယ်ဆောင်ရွက်တဲ့ ကိစ္စမျိုးဆိုရင် ပိုပြီးတော့ အားကောင်းလာမယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ အဓိက ရည်ရွယ်တာပေါ့၊ ဘာလို့ရည်ရွယ်လည်းဆိုတာက ကိုယ့်ဒေသနဲ့ကိုယ် လိုနေတဲ့နေရာကို ကိုယ့် ဘာသာကိုယ် အတတ်နိုင်ဆုံး ဖြည့်ဆည်းမယ်။ လိုအပ်တဲ့ နည်းပညာပိုင်းနဲ့ ငွေရေးကြေး ရေးပိုင်းကိုပဲ အထက်ကနေပြီးတော့ ပံ့ပိုးမယ်ဆိုတာမျိုးသွားနိုင်မယ်ဆိုလို့ရင် ပိုကောင်းမယ်လို့ ရည်ရွယ်တယ်ပေါ့။
ကရင်ဒေသက ကျန်းမာရေးအခြေအနေနဲ ့ပလောင်ဒေသက ကျန်းမာရေးအခြေအနေ တူမှာမ ဟုတ်ဘူးပေါ့၊ နယ်ခံ၊ ရေခံ၊ မြေခံ၊ Geographic အရပဲ ပြောပြော၊ သူ့ရဲ့နေထိုင်မှု ပုံစံအရပဲပြောပြော မတူညီနိုင်ဘူးပေါ့။ အားလုံးကို တသမတ်တည်းလုပ်လို့ မရဘုူးပေါ့၊ အဲ့ဒါကြောင့် ကျနော်တို့ပြောတာ အဲ့ဒီဖက်ဒရယ်စနစ်နဲ ့ကိုက်ညီတဲ့ ကျန်းမာရေး စနစ်ဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီးတော့ ကိုယ့်ဒေ သနဲ့ ကိုယ်လူထုကနေပြီးတော့ စီမံခန့်ခွဲနိုင်တဲ့ ကျန်းမာရေးစနစ်မျိုးကို ကျနော်တို့ လိုချင်တာပေါ့၊ အဲ့ဒါ ကို ရည်ရွယ်ပြီးတော့ပဲ ကျနော်တို့ Back Pack ပုံစံနဲ့ Back Pack က သူ့ဒေသနဲ့သူ ကိုက်ညီတဲ့ ပုံစံကို အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ စီစဉ်ဆောင်ရွက်သွားကြဖို့လုပ်နေကြတာပေါ့။
ကေအိုင်စီ ။ ။နယ်လှည့် ကျောပိုးအိတ် ကျန်မာရေး လုပ်သားအဖွဲ့အနေနဲ ့အနာဂတ်မှာ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ဘယ်လို မဟာဗျူဟာမျိုး ဆွဲထားတာရှိလဲ။
ရေရှည်တည်တံ့ခိုင်မြဲမှု Long Term Sustainable ပုံစံကိုသွားဖို့က ကျနော်တို့လည်း ကြိုးစား နေပါတယ်။ တကယ်တမ်းပြောရရင် ကျနော်တို့ Mission ထဲမှာကို အတိအကျ ဖော်ညွှန်းထားတာရှိ တယ်။ အဓိက ပြောချင်တာက ကျနော်တို့ လူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုကို သူ ့ Community ကပဲ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို တည်ဆောက်ပြီးတော့ အဲ့ဒါကို ကျနော်တို့ ဘယ်လို လုပ်နိုင်မလဲဆိုတာ ကျနော်တို့ ဝိုင်းပြီးတော့ ပံ့ပိုးရမယ်။ တချို့လိုအပ်တဲ့ဟာကို ကျနော်တို့ ဖက်က လုပ်ပေးရမယ်ဆိုတဲ့ဟာမျိုးကို သွားတာပေါ့။
အဲ့လို ကျန်းမာရေးစောင့်ရှောက်မှုပုံစံကို သွားတဲ့နေရာမှာ ဝန်ဆောင်မှုပေးတဲ့ ကျနော်တို့ ကျန်းမာရေးမှူးတွေ၊ ဆေးမှူးတွေကိုလည်း သူတို့လိုအပ်တဲ့ Capacity ပေါ့၊ ဖြည့်ပေးရမယ်။ အတတ် ပညာတွေ၊ Skill တွေရအောင် လုပ်ပေးရမှာဖြစ်သလို လူထုကလည်း ကျန်းမာရေးစောင့်ရှောက်မှုကို သူတို့ကိုယ်သူတို့သိပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ဟာမျိုး၊ ဝိုင်းဝန်းစီစဉ်ဆောင်ရွက်တာမျိုး ဖြစ် အောင် ကျနော်တို့ အဲ့ဒီလို ပုံစံတော့ချပြီးတော့ လုပ်ဆောင်နေတယ်ပေါ့။ ဥပမာ-ကျနော်တို့ Village Health Committee တို့၊ ကျေးရွာကျန်းမာရေး ကော်မတီလိုဟာမျိုး၊ သူတို့နဲ့ ကျနော်တို့ဆေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့၊ ကျနော်တို့ ဆေးမှူးဆိုတာ သူတို့ဆီက လူပဲပေါ့လေ၊ အဲဒါမျိုး ဟန်ချက် ညီညီတည်ဆောက်နိုင်မယ့်ဟာမျိုးကို ကျနော်တို့ စဉ်းစားထားတယ်ပေါ့။ ကျနော်တို့ လိုအပ်တဲ့နည်း ပညာ အတတ်ပညာတွေကိုလည်း ပံ့ပိုးပေးနိုင်အောင်လည်း တစ်ဆက်ထဲကြိုးစား တယ်ပေါ့။
နောက်တစ်ဆက်ထဲလည်းပြောရင် ကျနော်တို့ အခုနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးနဲ ့လက်လှမ်းအမှီနိုင်ဆုံး စဉ်းစားရင်လည်း Universal Health Coverage ပေါ့လေ၊ ဒါ အားလုံးလွှမ်းခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ပုံစံကိုလည်း ကျနော်တို့ အခြေခံတာပေါ့၊ ဒါ အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ Primary Health Care ၊ တဆက်ထဲမှာ Universal Health Coverage ဒီ အားလုံးလွှမ်းခြုံနိုင်မယ့် ကျန်းမာရေး စောင့်ရှောက်မှု နှစ်ခုကို ကျနော်တို့ ပူးပေါင်းပြီး လုပ်တာပဲ၊ အဓိက ကတော့ အားလုံးကနေပြီးတော့ လူထုကနေပြီးတော့ ပူးပေါင်းပါဝင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပုံစံမျိုးကို ကျနော်တို့ စဉ်းစားတာပေါ့။
ကေအိုင်စီ။ ။ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ ့အနေနဲ ့အစိုးရ အပါအဝင် အခြားတိုင်းရင်သား ကျန်းမာရေးအဖွဲ ့အစည်းတွေနဲ့ ဘယ်လိုဆက်စပ်လုပ်ဆောင်တာတွေရှိပါသလဲ။
ကျန်းမာရေး သင်တန်းနဲ ့ပတ်သက်လို့ကတော့ ကျနော်တို့တဖွဲ ့ထဲလုပ်တာမကဘူးပေါ့၊ အခြား ကိုယ့်နဲ ့နီးစပ်တဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ် ဆောင်ကြ တယ်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ဒီသင်တန်းတွေပေါ့၊ နောက်ဒီကျန်းမာရေး စနစ်ကို အကောင်အထည်ဖော်တဲ့အခါမှာ တစ်စုတစ်ဖွဲ့ထဲလုပ်လို ့မရဘူးပေါ့လေ၊ အဲ့ဒါမှပဲ တစ်ခွင်လုံး၊ တစ်ဒေသလုံး ကျန်းမာအောင် လုပ်ရတာဖြစ်တဲ့အတွက် နီးစပ်ရာအဖွဲ့အစည်း၊ အစိုးရ ကျန်းမာရေးဌာန တွေနဲ ့ တချို ့ဆက်စပ်ပြီး လုပ်ဆောင်ရတာလည်း ရှိတယ်ပေါ့။
လတ်တလောကတော့ ကျနော်တို့ ဒီ နိုင်ငံရေး အခင်းအကျင်းအရ အပြောင်းအလဲအပေါ်မူ တည်ပြီးတော့ ကရင်ပြည်နယ် အစိုးရ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကျနော်တို့ ဘာလုပ်ရ လဲဆိုတော့ ပြီးခဲ့တဲ့ ၂ လ ၃ လလောက်က ကရင် ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာပေါ့ ပိုလီယို ဖြစ်လာ တယ်ပေါ့၊ ဒါတကယ်တမ်း ပြောရရင် Campaign အနေနဲ ့အားလုံးကို ကလေးအားလုံးကို ဆေးတိုက်ဖို ့လိုတယ်ပေါ့။ အစိုးရဘက်ကတော့ လက်လှမ်း မမှီနိုင်ဘူးပေါ့၊ အဲ့ဒါကြောင့် ကျနော်တို့နဲ ့ ဆက်စပ်ပူးပေါင်းပြီးတော့ ဆေးဝါးကို သူတို့ဆီက ကျနော်တို့ ယူပြီးတော့ ဝယ်တိုက်ပေးတယ်ပေါ့။ အခု လည်း ဆက်တိုက်နေတုန်းပဲ၊ မပြီးသေးဘူး။ ပူးပေါင်း ဆောင်ရွက်မှုလို့ပြောရင် အစိုးရနဲ ့ လုပ်နိုင်တဲ့အပိုင်းကတော့ သေးသေးလေးပဲရှိသေးတယ်။
လတ်တလော လုပ်တော့ လုပ်ချင်တယ်၊ သူ့ရဲ့မူ၊ သူ့ရဲ့စံနဲ့ ကျနော်တို့ဘက်က သွားတဲ့ အခြေ အနေက ပုံစံမတူလို့ပေါ့လေ။ အဓိက လုပ်နိုင်တာက အရံသားဖွားသင်တန်း၊ အရံသားဖွား သင်တန်း ဆိုရင် ၇ ကြိမ် ၈ ကြိမ်လောက်ရှိပြီပေါ့၊ ဖားအံမှာ လုပ်ဖြစ်တယ်။ သူတို့ဆီကလည်း စာလာ သင်ပေး တယ်။ သူတို ့ဆီက Certificate ထုတ်ပေးတယ်။ နောက် သူ့ပစ္စည်းတွေ ထုတ်ပေးတယ်။ နောက် ကာ ကွယ်ဆေးထိုး၊ တိုးချဲ့ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကိုတော့ ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ် ရေးဌာနက တိုက်ရိုက်ဦးဆောင်ပြီးလုပ်ပြီးတော့ ကျနော်တို့ဆီက ဝန်ထမ်းတွေကို ပို့ထားပြီးတော့ သူတို့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ် ကျနော်တို့လုပ်တယ်။ ဆိုတော့ နောင်ဘယ်လိုဆက် သွားမလဲဆို တာတော့ ကျနော်တို့အများကြီး ဆက်ဆွေးနွေးသွားဖို့ လိုတယ်ပေါ့။ ဒါကတော့ တကယ်တမ်းပြော ရရင် ကျန်းမာရေး စနစ်တစ်ခုကို သူတို့အားလုံးက ဝိုင်းဆွဲ ဝိုင်းပုံစံချပြီးတော့ ကျနော်တို့လုပ်တဲ့ ကိစ္စ တွေနဲ ့ သူတို့လုပ်တဲ့ ကိစ္စတွေနဲ့ Overlap မဖြစ်အောင်လည်း လာညှိနှိုင်းပြီးတော့ သွားနေကြ တာပဲပေါ့။
ကေအိုင်စီ ။ ။ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ကို အနာဂတ်မှာ ဘယ်လိုမြင် ချင်ပါသလဲ၊ ဥပမာ နောက် ၅-၁ဝနှစ်အတွင်း ဘယ်လိုမြင်ချင်သလဲ။
ကျနော်တို့ကတော့ Family Level ကျန်းမာရေး စောင့်ရှောက်မှုပဲ အဓိက ကျနော်တို့ ဦးစား ပေးပြီးတော့ လုပ်သွားမှာပဲ။ ဘယ်အချိန်နဲ ့ဘယ်အဆင့်ဖြစ်ဖြစ်ပေါ့၊ အရေးပေါ် ဖြစ်လာတဲ့ အခြေ အနေကျရင်တော့ လိုအပ်သလောက်ကို ကျနော်တို့ လုပ်မယ်ပေါ့၊ ကျနော်တို့ အဲ့လိုတော့ ရည်ရွယ် ထားတယ်။ ပြင်ဆင်ထားတယ်။ အဲ့ဒါအပြင်ကိုလည်း ထပ်စဉ်းစားထားတာက စစ်ဖက်ဆိုင်ရာ ကျန်းမာ ရေးပေါ့၊ စစ်ဖက်ဆိုင်ရာ ကျန်းမာရေးလို့ပြောတဲ့အခါမှာ ဆေးဝါးသုံးစွဲလို့ပဲဖြစ်ဖြစ်၊ တချို့ကျတော့ လည်း ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း စိတ်ထိခိုက်ခံစားရတဲ့ ကိစ္စမျိုးတွေဖြစ်ဖြစ်၊ အဲ့ဒါမျိုးကိုတော့ ကျနော် တို့လုပ်ပေး နိုင်အောင်တော့ ဆက်ပြီးစဉ်းစားထားတယ်။ နောက် မိခင်နဲ ့ကလေးစောင့် ရှောက်ရေးနဲ့ ပတ်သက်လို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘယ်လို အကောင်းဆုံး လုပ်ဆောင်ပေး ရမလဲဆိုတာကို စဉ်းစားထားတယ်ပေါ့။