Home သတင်း ‌ကော့ကရိတ်မြို့ လှိုင်ဝတံတားအနီးတွင် ခရီးသည်တင် မှန်လုံယာဉ် မီး‌လောင်မှုဖြစ်ပွား

‌ကော့ကရိတ်မြို့ လှိုင်ဝတံတားအနီးတွင် ခရီးသည်တင် မှန်လုံယာဉ် မီး‌လောင်မှုဖြစ်ပွား

3192

‌အောက်တိုဘာ ၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ လှိုင်ဝ‌ကျေးရွာ လှိုင်ဝတံတားအနီးတွင် ယ‌နေ့ (‌အောက်တိုဘာ ၃ရက်) နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်က မြဝတီ-ဖားအံ ‌ပြေးဆွဲ‌နေသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး မီး‌လောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြဝတီဘက်မှ ဖားအံဘက်သို့ ယာဉ်‌မောင်း စိုး‌ပေ(၃၁)နှစ် ချစ်ကြည်‌ရေးတံတား(၂)ထိပ် အမှတ်(၅)ရပ်ကွက် မြဝတီမြို့‌နေသူ ‌မောင်းနှင်လာပြီး ယာဉ်‌နောက်လိုက်အပါအဝင် ခရီးသည်ကျား ၁၅ ဦး၊ မ ၉ ဦး စီးနင်းလိုက်ပါလာ‌သော ယူတုံအမျိုးအစား အပြာ‌ရောင်မှန်လုံယာဉ်မှာ ‌ကော့ကရိတ်မြို့လှိုင်ဝတံအနီးတွင် ကား‌နောက်ခန်းမှ မီးခိုးအူထွက်လာပြီး မီး‌လောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ယာဉ်‌မောင်းအ‌နေနဲ့ ယာဉ်ကို စစ်‌ဆေးမှု အားနည်းမှု‌ကြောင့်လည်း ပါတယ်။ ဒီဇယ်ဆီယိုစိမ့်ပြီး ပူ‌နေ တဲ့ အင်ဂျင်‌ပေါ်ကျပြီး ယာဉ်မီး‌လောင်မှု ဖြစ်ခဲ့တာလို့ သုံးသပ်လို့ရပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီမှန်လုံယာဉ် မီးမ‌လောင်ခင် လမ်းတစ်‌လျှောက် ဒီဇယ်‌တွေ ယိုစိမ့်ကျ‌နေတာကိုလည်း ‌တွေ့ခဲ့ရ တယ်”ဟု ‌ကော့ကရိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိရဲအရာရှိ တစ်ဦးက ‌ပြောသည်။

အဆိုပါ မှန်လုံယာဉ်မီး‌လောင်မှုကို ‌ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ လူမှု ကယ်ဆယ်‌ရေးအဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်း သတ်မှု‌ကြောင့် နံနက်(၁၀)နာရီခန့်တွင် အပြီးသတ်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ၎င်းရဲအရာရှိက ဆက်‌ပြောသည်။

မှန်လုံယာဉ်မီး‌လောင်ကျွမ်းမှုတွင် ယာဉ်‌ပေါ်ပါခရီးသည်များ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့‌သော်လည်း ယာဉ်ကို ယခုလို မီး‌လောင်ကျွမ်းမှုဖြစ်သည်အထိ ‌ပေါ့ဆစွာ ‌မောင်းနှင်လာသည့် ယာဉ်‌မောင်း စိုး‌ပေ(၃၁)နှစ်အား ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဟု ‌ကော့ကရိတ်မြို့မ ရဲစခန်းထံမှ သိရသည်။