Home သတင်း ‌ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ တိုက်ပွဲထပ်မံ မဖြစ်ပွား‌ရေး နှစ်ဖက်သ‌ဘောတူညီမှုအပြီး ပစ်ခတ်မှုထပ်မံဖြစ်ပွား

‌ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ တိုက်ပွဲထပ်မံ မဖြစ်ပွား‌ရေး နှစ်ဖက်သ‌ဘောတူညီမှုအပြီး ပစ်ခတ်မှုထပ်မံဖြစ်ပွား

2439

‌အောက်တိုဘာ ၂၂ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့‌ကျေးရွာအနီးတစ်ဝိုက်တွင် ‌အောက်တိုဘာလ ၁၇ရက် ‌နေ့က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အဲန်အမ်အက်စ်ပီ-မွန်ပြည်သစ်ပါတီတို့ နှစ်ဖက် တိုက်ပွဲများ ‌နောင်တွင် မဖြစ်ပွား‌စေရန် သ‌ဘောတူညီချက် ရရှိပြီး ‌နောက်တစ်‌နေ့ မနက်တွင် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွား‌ကြောင်း သိရသည်။

‌အောက်တိုဘာလ ၂ဝရက်‌နေ့တွင် ဘုရားသုံးဆူမြို့ရှိ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတွင် မွန်ပြည်သစ်ပါတီတာဝန်ရှိသူများနှင့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များမှ ‌နောက်‌နောင် တိုက်ပွဲမဖြစ်‌ရေုးကို သ‌ဘောတူညီမှု ရရှိခဲ့ကြ‌ကြောင်း ‌ကေအဲန်ယူ လက်‌အောက်ခံ KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် တပ်မဟာ(၆)၊ တပ်ရင်း(၁၆) တာဝန်ရှိသူများထံမှ သိရသည်။

“ထီးဝါးဒို့ရွာသားတစ်‌ယောက်က ရွာမှာဝက်စာပြန်‌ကျွေးတယ်။ သူ့ကို စနိုက်ပါ‌သေနတ်နဲ့ လှမ်းပစ်တယ်။ ကျည်အမျိုးအစားသိ ချင်လို့ ထိပ်ဖူးကို သွားပြန်တူးတဲ့အချိန်မှာ လက်နက်ကြီး‌တွေနဲ့ ပစ်တယ်။ နာရီဝက်‌ကျော်‌လောက် ပစ်ခတ်မှု ပြန်ဖြစ်တယ်။”ဟု KNLA တပ်ရင်း(၁၆)၊ တပ်ခွဲမှူး ဗိုလ်ကြီး‌စောဘိုဘိုထွန်းက ‌အောက်တိုဘာလ ၂၁ရက်(ယမန်‌နေ့)က ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားလျှက်ရှိ‌နေသည့် ထီးဝါးဒို့ရွာနှင့် ဗလဲ့ဒွန်ဖိုက်ရွာ အနီးတစ်ဝိုက်တွင် ‌ဒေသခံရွာသားများ၏ သ‌ဘောထား အတိုင်း အလံ(ကရင်အလံ) ပြန်လည်စိုက်ထူသွားမည်ဖြစ်ပြီး နှစ်ဖက်တပ်များ မူလ‌နေရာတွင် ‌နေကြရန်နှင့် ‌နောက်‌နောင် စစ် မက်မဖြစ်ပွား‌ရေး နှစ်ဖက်သ‌ဘောတူညီထားသည်ဟုလည်း ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူများက ‌ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်‌ဒေသ တာဝန်ခံ နိုင်နယ်ထူးရာမာဉ်က “နှစ်ဖက်စကား‌ပြောကြရင် အဆင်‌ပြေတယ်‌လေ။ ‌ဆွေး ‌နွေးကြတာ၊ စကား‌ပြောတာ ဘယ်လိုပြဿနာဖြစ်ဖြစ်‌ပေါ့။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ‌နေထိုင်‌ရေးမူနဲ့ပဲ ‌ဆောင်ရွက်‌နေတာ လုပ် ကိုင်‌နေတာပါ။ လက်နက်နဲ့ မပစ်ကြပါနဲ့။ စားပွဲမှာ ‌ဆွေး‌နွေးစကား‌ပြောကြတာ ဖြစ်‌စေချင်တယ်။”ဟု ယ‌နေ့(‌အောက်တိုဘာ ၂၂ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၂ဝ၁၉ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်အပြင် ၂ဝ၁၂၊ ၂ဝ၁၈ခုနှစ်ကလည်း ‌ကေအဲန်ယူက စိုက်ထူထားသည့် ကရင်အမျိုးသား အလံအား မွန်ပြည်သစ်ပါတီ ‌အောက်‌ခြေအဖွဲ့အ‌နေဖြင့် သုံးကြိမ်တိုင် ဖြုတ်ချခဲ့ပြီး‌နောက် ပြန်လည်‌ဖြေရှင်းမှုမရှိသည့်အတွက် ‌အောက်‌ခြေတပ်ဖွဲ့ အချင်းချင်း ပဋိပက္ခ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူမှ တာဝန်ရှိသူ၏ ‌ပြောဆိုမှုအ‌ပေါ် မွန်ပြည်သစ်ပါ တီ၊ ဗဟိုအလုပ်အမှု‌ဆောင်တာဝန်ရှိသူများ၏ သ‌ဘောထားသိရှိရန် ‌ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်‌မေးမြန်း‌သော် လည်း လက်ခံ‌ဖြေကြားခြင်း မရှိခဲ့‌ပေ။

မွန်နိုင်ငံ‌ရေး‌လေ့လာသူ နိုင်မင်းမင်းနွယ်က “‌တောင်ပိုင်းမှာက NCA လက်မှတ်ထိုးထားတဲ့ အဓိကလူမျိုးစုဟာ ကရင်နဲ့ မွန်ပဲရှိ တယ်။ အချင်းချင်း မသင့်မြတ်တာ မ‌ကောင်းဘူး‌ပေါ့‌နော်။ နယ်‌မြေ‌ဒေသ လူမျိုးချင်း ‌ကျေးရွာ‌တွေထပ်ပြီး အတူယှဉ်တွဲ ‌နေထိုင် လာကြသူ‌တွေပါ။ ညီညွတ်‌ရေးကို မလိုလားတဲ့ အင်အားစု သို့မဟုတ် အဖွဲ့‌တွေက စစ်မဖြစ်ဖြစ်‌အောင် ‌သွေးထိုးတာမျိုး‌တွေ နှစ် ဖက်စလုံး အထူးသတိထားကြဖို့ လိုအပ်မယ်။ ငြိမ်းချမ်း‌ရေးကိစ္စ‌တွေမှာ လက်‌တွေ့ကျတဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ လုပ်ဖို့လို အပ်မယ်။”ဟု ‌ကေအိုင်စီသို့ သ‌ဘောထား မှတ်ချက်‌ပေး‌ပြောဆိုသည်။
၁၉၈၈ခုနှစ်‌နှောင်းပိုင်းက ဘုရားသုံးဆူးမြို့နှင့် ‌တောင်‌ပေါက် ၂၄ရွာအား ကာကွယ်ရန် မွန်ပြည်သစ်တီပါတီနှင့် ‌ကေအဲန်ယူတို့ ပူး‌ပေါင်းစစ်ဆင်မှု ပြုလုပ်ခဲ့ပြီး‌နောက်ပိုင်း ၂ဝ၁၆ခုနှစ်တွင် ၎င်းတို့နှစ်ဖွဲ့တပ်အချင်းချင်း နယ်‌မြေအငြင်းပွားမှု ပြဿနာ‌ကြောင့် ယ‌နေ့အချိန်ထိ ပစ်ခတ်မှု ၁၅ကြိမ်နီးပါး ရှိခဲ့‌ကြောင်း နှစ်ဖက် တာဝန်ရှိသူများထံမှ သိရသည်။