Home သတင်း မဲ‌ဆောက်-ဘန်‌ကောက်လမ်း အဖွဲ့စုံစစ်‌ဆေး‌ရေဂိတ်တွင် ဘတ်သိန်း ၄,၅၀ဝ ‌ကျော်တန်ဘိုးရှိ ICE များ စံချိန်တင် ဖမ်းဆီးရမိ

မဲ‌ဆောက်-ဘန်‌ကောက်လမ်း အဖွဲ့စုံစစ်‌ဆေး‌ရေဂိတ်တွင် ဘတ်သိန်း ၄,၅၀ဝ ‌ကျော်တန်ဘိုးရှိ ICE များ စံချိန်တင် ဖမ်းဆီးရမိ

2738

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်းနယ်စပ် မဲ‌ဆောက်-ဘန်‌ကောက်သွား ကားလမ်းရှိ မဲ‌ဆောက်အထွက် အဖွဲ့စုံစစ် ‌ဆေး‌ရေးဂိတ်တွင် ယ‌နေ့ ‌အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၆း၃ဝ အချိန်ခန့်က အ‌လေးချိန် ၁,၅၀ဝ ကီလိုဂရမ်ခန့်ရှိ ICE ပုံ‌ဆောင်ခဲ မူးယစ်‌ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။

မဲ‌ဆောက်အထွက် အဖွဲ့စုံစစ်‌ဆေးသည့် ‌ဝှေးယားအု(Huay Ya U) စစ်‌ဆေး‌ရေးဂိတ်တွင် မဲ‌ဆောက်မှ ဘန်‌ကောက်ဘက်သို့ ‌မောင်းနှင်လာ‌သော Isuzu အမျိုးအစား၊ ယာဉ်အမှတ် 72-2439 ကုန်တင်ယာဉ်အား တာဝန်ရှိသူများက ရပ်တန့်စစ်‌ဆေးရာ ICE ပုံ‌ဆောင်ခဲ ၁,၅၀ဝ ကီလိုဂရမ်ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ မူးယစ်‌ဆေးဝါး ICE ပုံ‌ဆောင်ခဲများမှာ မဲ‌ဆောက်မြို့‌တောင်ဘက် ဖုတ်ဖရတ် မြို့ နယ် ဘက်မှ သယ်‌ဆောင်လာခြင်းဖြစ်၍ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှ ဝင်‌ရောက်လာခြင်းဖြစ်နိုင် ‌ကြောင်း စစ်‌ဆေးဖမ်းဆီး‌ရေးအဖွဲ့ တာဝန်ရှိသူများက သုံးသပ်‌ပြောဆိုကြသည်။

ယခုတစ်ကြိမ် ICE ပုံ‌ဆောင်ခဲ မူးယစ်‌ဆေဝါး ဖမ်းဆီရမိမှုမှာ နယ်စပ်တစ်‌လျှောက် ဆယ်စုနှစ်တစ် ခုအတွင်း အများဆုံး စံချိန်တင်ဖမ်းဆီးရမိခြင်းဖြစ်ပြီး ထိုသို့ မူးယစ်‌ဆေးဝါး ICE ပုံ‌ဆောင်ခဲများ သယ်‌ဆောင်လာသူ ယာဉ်‌မောင်း အပါအဝင် ထိုင်းနိုင်ငံသား ၂ဦးအား မဲ‌ဆောက်ရဲစခန်းသို့ ပို့ ‌ဆောင်ကာ ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံဘက်မှ လာ‌သော သတင်းအရ သိရသည်။