Home သတင်း ဖားအံ၊ ‌ရေတွင်းကုန်းရွာတွင် ငါးများ‌သေဆုံးမှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်မှုမြင့်တက်

ဖားအံ၊ ‌ရေတွင်းကုန်းရွာတွင် ငါးများ‌သေဆုံးမှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်မှုမြင့်တက်

3014

‌အောက်တိုဘာ ၁၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောရှား

လတ်တ‌လော ‌သောက်သုံး‌ရေများ ပုံမှန်ဟုတ်ဘဲ မည်းနက်လာသည်ဟု သတင်းကြီး‌နေ‌သော ဖားအံမြို့ အ ‌နောက်ဘက်ခြမ်း ဘားကပ်‌ကျေးရွာအုပ်စုရှိ ‌ရေတွင်းကုန်းရွာ(နတ်ကုန်းရွာအနီး)၌ ‌အောက်တိုဘာလ ၁၅ ရက်(ယမန်‌နေ့) မနက်ပိုင်းတွင် ငါးများ အစုလိုက်အပြုံလိုက် ‌သေဆုံး‌နေသည့်အတွက် စိုးရိမ်လျက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌အောက်တိုဘာလ ဆန်းပိုင်းမှ စ၍ ပုံမှန်မဟုတ်‌သော မည်းနက်လာသည့် ‌ရေ‌ကြောင့် ယခုလို ငါးများ ‌သေဆုံးရခြင်းဖြစ်သည်ဟု ‌ဒေသခံရွာသားများဘက်က ‌ကေအိုင်စီသို့ ယမန်‌နေ့ က ‌ပြောဆိုခဲ့ကြသည်။

‌ရေတွင်းကုန်းရွာ ရာအိမ်မှူး ‌စော‌ငွေလွန်းက “ ဒီမနက်ငါး‌တော်‌တော်များများ‌သေ ပုပ်ပြီး ‌ပေါ်‌နေတယ်။ ငါး အဆိပ်ဖြစ်တာလား။ သစ်ရွက်ပုပ်‌တွေ‌ကြောင့်လား ‌သေချာမသိ‌ပေမယ့် ခန့်မှန်း‌နေကြတာက ‌ကျောက်မီး‌သွေး ‌ရေ‌ကြောင့်ပဲ။ ဒီရွာ‌တောင်မကဘူး။ ဟိုးဒီ‌ကော့ရင်း၊ ကမားရွာဘက်ကလဲ ငါး‌တွေ အများကြီး ‌သေ‌နေတယ်လို့ ကြားတယ်။ ဒီလို ‌ရေမည်းတာ၊ ငါး‌သေတာက ဒီနှစ်မှ စ‌တွေ့ဖူးတာ” ဟု ‌ပြောသည်။

‌ဒေသခံများအ‌နေဖြင့် မည်းနက်လာသည့် ‌ရေ‌ကြောင့် ‌သောက်သုံး‌နေကျ‌ရေတွင်း‌ရေများကို မ‌သောက်သုံးရဲ ‌တော့ဘဲ ‌ရေသန့် ဗူးများကိုသာ ဝယ်ယူ‌သောက်သုံး‌နေရသလို ‌ရေအရင်းအမြစ်များ ထိုသို့‌ပြောင်းလဲလာခြင်းမှာ အဆိုပါ‌နေရာ‌ဒေသအနီးတဝိုက် ‌ကျောက်မီး‌သွေးဖြင့်လည်ပတ်‌နေသည့် ဘိလပ်‌မြေစက်ရုံများက ကစုပုံထားသည့် ‌ကျောက်မီး‌သွေးပုံများ‌ကြောင့်ဖြစ်နိုင်‌ကြောင်းလည်း ‌ဒေသခံများက သုံးသပ်‌ပြောဆို ‌နေကြသည်။

‌ရေတွင်းကုန်းရွာမှ နန်းထူးလိန့်ကလည်း “ ဒီမှာ‌နေလာတာကြာပြီ။ ‌ရေ ဒီလိုမည်းတာ၊ ငါး ဒီလို‌သေတာ တခါမှ မ‌တွေ့ဖူးဘူး။ ခုမှ‌တွေ့ဖူးတာ။ ငါး‌တွေက ဒီ ‌ရေမည်း‌တွေနဲ့ ထိ‌တွေ့ ‌သောက်မိလို့ ‌သေတာလို့ ထင်တယ်။ ‌ကျောက်မီး‌သွေးအ‌ကြောင်း‌ပြောရင် သူများဖမ်းမယ်လို့‌ပြောကြတဲ့အတွက် သိပ်လည်း မ‌ပြောရဲဘူး။” ဟု‌ပြော သည်။

ငါးများ‌သေဆုံးမှု‌ကြောင့် အစိုးရဌာနဆိုင်ရာများမှလည်း လာ‌ရောက်ကြည့်ရှုစစ်‌ဆေးမှုများ ပြုလုပ်‌နေကြပြီး ငါး‌သေဆုံးသည့်အ‌ကြောင်းရင်းများကို ဓာတ်ခွဲစစ်‌ဆေးပြီး‌နောက် လူထုများဆီသို့ ပြန်လည်ထုတ်ပြန်သွား မည်ဟု ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ‌ဒေါ်‌အေး‌အေး‌ဇော်က ယခုလို ‌ပြောသည်။

“ငါ‌လေး‌တွေ‌သေတယ်ကြားလို့ လာကြည့်တာရှင့်။ လတ်တ‌လော (စစ်‌ဆေးချက်အရ) ‌ရေက ph 6.1 က‌နေ 6.8 ကြားမှာရှိလို့ ငါး‌တွေ‌တော့ မ‌သေနိုင်ဘူး။ ဘာ‌ကြောင့်‌သေတာဆိုတာက ‌ရေနဲ့ ငါး နမူနာ‌တွေယူပြီး ရန်ကုန် (သာ‌ကေတ) မှာရှိတဲ့ ငါးဦးစီး ဓာတ်ခွဲခန်းကို ပို့‌ပေးမယ်ရှင့်။ အဲဒီက ရလဒ်ထွက်လာမှ တိကျတဲ့အ‌ဖြေကို ‌ပေးနိုင်မှာပါရှင်။” ဟု ‌ပြောသည်။

နတ်ကုန်း‌ကျေးရွာအပါအဝင် အနီးအနားရွာအချို့‌တွေ့ကြုံ‌နေရသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ‌အောက်တိုဘာ ၁၁ ရက်‌နေ့၊ ‌နေ့လည်အချိန်ခန့်က ကရင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်ဦး‌ဆောင်ပြီး ကွင်း ဆင်း စစ်‌ဆေးမှုများပြုလုပ်ခဲ့‌သေး‌ကြောင်းလည်း သိရသည်။

လတ်တ‌လောအ‌ခြေအ‌နေများအရ ဖားအံမြို့နယ်အတွင်းရှိ နတ်ကုန်း‌ကျေးရွာအပါအဝင် ဘားကပ်၊ ‌ကော့ရင်း၊ ရ‌သေ့ပျံ၊ ပန်းကုန်းစသည့်‌ကျေးရွာအုပ်စုများမှ ‌ကျေးရွာ‌ပေါင်း ၃ဝ ခန့်မှာ အလားတူဖြစ်စဉ်မျိုးဖြင့်ကြုံ‌တွေ့ရနိုင် ‌ကြောင်းလည်း နတ်ကုန်း‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။