Home သတင်း ပထမဆုံးအကြိမ် မြို့နယ်လုံးဆိုင်ရာ ကရင်စာ‌ပေပြိုင်ပွဲ ကြာအင်းဆိပ်ကြီးတွင် ပြုလုပ်ပြီးစီး

ပထမဆုံးအကြိမ် မြို့နယ်လုံးဆိုင်ရာ ကရင်စာ‌ပေပြိုင်ပွဲ ကြာအင်းဆိပ်ကြီးတွင် ပြုလုပ်ပြီးစီး

2077

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်စာ‌ပေ တည်တံ့ခိုင်မြဲတိုးတက်ရန် ရည်ရွယ်၍ ပထမဦးဆုံးအကြိမ် ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ကရင်စာ‌ပေပြိုင်ပွဲတစ်ခုကို ‌အောက်တိုဘာ ၁၆ရက်‌နေ့က ဝင်း‌ရော်‌ဒေသ၊ ဇီးဖြူကုန်း‌ကျောင်း (ခလယ်-တံခွန်တိုင်)တွင် ပြုလုပ်ခဲ့သည်။

တမြို့နယ်လုံးအတိုင်းအတာအရ ပြိုင်ပွဲဝင် ဦး‌ရေ ၂၀ဝ ‌ကျော် ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ကရင်စာ ‌ပေပြိုင်ပွဲကို ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်းက ဦး‌ဆောင်ပြုလုပ်ခဲ့ခြင်း လည်းဖြစ် သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်းတာဝန်ခံ ‌စော‌ယောင့်သာအဲဆန်က “အလယ်တန်းဖတ် စာ၊ စာ‌ပေသင်တန်း၊ နှစ်သစ်ကူးအထိမ်းအမှတ်အ‌နေ‌တွေနဲ့ ဝင်း‌ရော်‌ဒေသမှာ စာ‌ပေပြိုင်ပွဲ‌တွေကို တစ်နှစ်မှာ ၄ ကြိမ်‌လောက် ပြုလုပ်‌ပေး‌နေကျပါ။ ဒါ‌ပေမယ့် ခုလို မြို့နယ်လုံးဆိုင်ရာက ဒါပထမဦးဆုံးပဲ။ တစ်မြို့နယ်လုံးက အ‌ယောက် နှစ်ရာ‌ကျော် လာ‌ရောက်‌ဖြေဆိုတာ ‌တွေ့ရတာ အရမ်းအားရဖို့‌ကောင်းတယ်” ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့(‌အောက်တိုဘာ ၁၇ ရက်)တွင် ‌ပြောသည်။

ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည့် ကရင်စာ‌ပေပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကို က‌လေး၊ လူငယ်၊ လူကြီးဟူ၍ အသက် အပိုင်းအခြားအလိုက် ခွဲခြားထားကာ ကရင်(ပိုးနှင့်စ‌ကော)ဘာသာဖြင့် ကဗျာ၊ ‌ဆောင်းပါး၊ စာစီစာကုံး၊ စကား ‌ပြေ၊ ဘာသာပြန် စသည်တို့ကို အမျိုးအစားများခွဲပြီး ယှဉ်ပြိုင်‌စေခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်‌စေရာတွင် ပိုးကရင်စာ‌ပေတွင် ၁၇၂ ဦး၊ စ‌ကောကရင် စာ‌ပေတွင် ၄ဝ ဦး‌ကျော်တို့မှ ပါဝင် ‌ဖြေဆိုယှဉ်ပြိုင်ခဲ့ပြီး ရရှိလာသည့် အ‌ဖြေလွှာများကို တာဝန်ရှိသူများက စိစစ်အမှတ်‌ပေးပြီး‌နောက် ဆုရရှိသူများ နှင့် ဆုချီးမြှင့်မည့်ရက်ကို ပြန်လည်သတ်မှတ်‌ပေးမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နောက်ပိုင်း‌ဒေသဖြစ်သည့် ဝင်း‌ရော်-ဇမိ‌ဒေသ စာ/ယဉ်အသင်း၊ အ‌ရှေ့ပိုင်းရှိ ကျိုက်ဒုံ‌ဒေသ စာ/ယဉ်အသင်းနှင့် ‌တောင်ပိုင်းရှိ ဘုရားသုံးဆူ‌ဒေသ စာ/ယဉ် အသင်း ၃ ဖွဲ့ စု‌ပေါင်းကာ ကြာ အင်းဆိပ်ကြီးမြို့နယ် ကရင်စာ/ယဉ်အသင်းကို ‌အောက်တိုဘာ ၉ ရက်‌နေ့တွင် ဖွဲ့စည်းလိုက်ပြီး ကြာအင်း ဆိပ်ကြီးမြို့၊ ‌ရွှေလင်းဘုန်း‌တော်ကြီး‌ကျောင်းတွင် ယာယီရုံးစိုက်ထားသည်။