Home သတင်း နယ်စပ်ရှိ ကရင်‌ကောလိပ်‌ကျောင်းသားများ စုံညီပွဲ‌တော် ကျင်းပ

နယ်စပ်ရှိ ကရင်‌ကောလိပ်‌ကျောင်းသားများ စုံညီပွဲ‌တော် ကျင်းပ

3301

‌အောက်တိုဘာ ၂၇ ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်‌ကျောင်းသားကွန်ရက်(KSNG)မှ ဦး‌ဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ကရင်‌ကောလိပ်‌ကျောင်းသူ‌ကျောင်းသားများ စုံညီပွဲ‌တော် အစီအစဉ်တစ်ခုကို ယမန်‌နေ့ (‌အောက် တိုဘာ ၂၆ ရက်‌နေ့)တွင် မယ်လစခန်း ‌ဘောလုံးကွင်း၌ ပြုလုပ်ကျင်းပပြုခဲ့သည်။

‌ကောလိပ်‌ကျောင်းသားများအကြား ရင်းနှီးမှုမှတစ်ဆင့် ‌ရှေ့ဆက် ပူး‌ပေါင်းလုပ်‌ဆောင်မှု အား‌ကောင်းလာရန် ရည်ရွယ်၍ ယခုစုံညီပွဲ‌တော်ကို ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု မယ်လ ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့တာဝန်ခံ ‌စော‌နေ‌ကော်‌စေးက ယခုလို ‌ပြောသည်။

“ ဒီစုံညီပွဲ‌တော်မှာ ‌ကောလိပ်‌ကျောင်းသား‌တွေ အချင်းချင်းဆုံပြီး‌တော့ ရင်းနှီးမှု‌တွေရှိလာမယ်။ အဲဒီ ရင်းနှီးမှု‌တွေက‌နေတစ်ဆင့် တစ်‌နေ့ ကျ‌နော်တို့ လူမှုအသိုင်းအဝိုင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်တဲ့အခါမှာ ပူး‌ပေါင်းလုပ်‌ဆောင်မှု အား‌ကောင်းလာဖို့အတွက်ဖြစ်ပါတယ်။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကောလိပ်‌ကျောင်းသူ‌ကျောင်းသားများ အားကစားပွဲကို Kawthoolei Karen Baptist Bible School and College -KKBBSC၊ Shalom Arts and Leadership College -SALC၊ Leadership and Management Training College -LMTC၊ Anglican Language and Computer Centre -ALCC၊ Pu Taw Memorial Junior College –PTMJC စသည့် ‌ကောလိပ်‌ကျောင်းများမှ ‌ကျောင်းသူ ‌ကျောင်းသား ၁ဝဝ‌ကျော် ပူး‌ပေါင်းပါဝင်ပြီး ‌ဘောလုံး၊ ‌ဘော်လီ‌ဘော၊ ခြင်းလုံး စသည့် အားကစား နည်း များဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

တစ်ရက်တာ ပြုလုပ်သည့် ၎င်း‌ကောလိပ်‌ကျောင်းသားများ စုံညီပွဲ‌တော်တွင် ပွဲ‌တော်တစ်‌လျှောက် ထူးချွန်သည့် ‌ကျောင်းသူ‌ကျောင်းများကို အမှတ်တရ ပစ္စည်းများ‌ပေးအပ်ခြင်း၊ KSNG မှ ‌ကောလိပ်‌ကျောင်းများအား ဂုဏ်ပြုလွှာများ ‌ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

SALC ‌ကောလိပ်‌ကျောင်းမှ ‌စောခူခူမူးက“ကျ‌နော်တို့ ‌ကောလိပ်‌ကျောင်းသား အချင်းချင်းကြားမှာ ရင်းနှီးကျွမ်းဝင်မှုရှိလာတာ အမှန်ပဲ။ ကျ‌နော်တို့‌တွေ ‌ကျောင်းပြီးသွားလို့ အပြန်အလှန်ချိတ်ဆက်မှု‌တွေ လုပ်ပြီး ပူး‌ပေါင်းလုပ်‌ဆောင်တဲ့အခါကျရင် အကျိုး‌ကျေးဇူးအများကြီး ဖြစ်‌စေပါတယ်။”ဟု ‌ပြောသည်။

The Border Consortium –TBC ‌ငွေ‌ကြေး‌ထောက်ပံ့မှုဖြင့် ပြုလုပ်‌သော အဆိုပါ ‌ကောလိပ် ‌ကျောင်းသားများ စုံညီပွဲ‌တော်ကို မယ်လဒုက္ခသည်စခန်းရှိ ကရင်လူငယ်အစည်းအရုံး-KYO, Right to Play, Drug Abuse Resistance Education –DARE စသည့် အဖွဲ့တို့ကလည်း အားဖြည့်ကူညီ‌ပေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

မယ်လဒုက္ခသည်စခန်းတွင် ကရင်‌ကောလိပ်‌ကျောင်း ၅ ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ဦး‌ရေ ၁,ဝဝဝ‌ကျော်ရှိပြီး ယခင်က စခန်းထဲရှိ ‌ကျောင်းများအားလုံး ပါဝင်သည့် ‌ကျောင်းသား စုံညီပွဲ‌တော်များ ကို ပြုလုပ်‌လေ့ရှိ‌သော်လည်း ‌ကောလိပ်‌ကျောင်းသားများ စုံညီပွဲ‌တော်ကို ပထမဦးဆုံး အကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။