Home တွေ့ဆုံမေးမြန်းခန်း ဒီဇိုင်နာ ကို‌စော (Amazing)နှင့် ‌တွေ့ဆုံခြင်း

ဒီဇိုင်နာ ကို‌စော (Amazing)နှင့် ‌တွေ့ဆုံခြင်း

3692

“မိတ်ကပ်ဆရာ၊ ဒီဇိုင်နာ၊ ဓာတ်ပုံဆရာ ပြီး‌တော့အဆို‌တော်၊ သရုပ်‌ဆောင် အဲလိုစုစုစည်းစည်း အဖွဲ့ အစည်းနဲ့သွားမှ ကိုယ့်ကရင်လူမျိုး‌တွေက ကျန်တဲ့လူမျိုး‌တွေနဲ့ယှဉ်လို့ရမယ်၊ ‌အောင်မြင်မယ်။”

ရန်ကုန်ဇာတိ ဒီဇိုင်နာကို‌စော (Amazing) သည် ဒီဇင်နာ မဖြစ်ခင် စားဖိုမူးတစ်ဦးအဖြစ် လုပ်ကိုင်ရင်း ဒီဇိုင် နာ‌လောကထဲကို ဝင်‌ရောက်ခဲ့သူတစ်ဦးဖြစ်သည်။ သူ ဒီဇိုင်နာ‌လောကထဲ ဝင်‌ရောက်လာပုံ၊ ဒီဇိုင်းဖန်တီးပုံ၊ ဒီဇိုင်းအ‌ပေါ် သူ၏ ခံယူချက်နှင့် ‌မျှော်လင့်ချက်များကို စုစည်း‌ဖော်ပြလိုက်ပါသည်။

‌ကေအိုင်စီ ။ ။ ကို‌စောက ဒီဇိုင်နာ ‌လောကထဲကို ဘယ်အချိန်တုန်းက စတင်ဝင်‌ရောက်တာလဲ။ ဝင်‌ရောက်ဖြစ်ပုံ‌လေး‌ပြော ပြ‌ပေးပါ။

ကို‌စော ။ ။ ကို‌စောက အရင်တုန်းက စားဖိုမှူးလုပ်တယ်။ ဒီဇိုင်နာကို ၂၀၁၃ ခုနှစ်က‌နေ ဝင်လာတာ ‌ပေါ့‌နော်၊ အဓိက ကို‌စော ညီမ နန့်ချစ်နဒီ‌ဇော်ကို ဒီဇိုင်းနဲ့ပတ်သက် တီထွင်‌ပေးချင်တယ်။ ဘာဖြစ်လဲဆိုရင် သူက အိမ်မက်ဆုံရာမှာဝင်ပြိုင်တယ်။ လူ‌ပေါင်း‌ထောင်နဲ့ချီဝင်ပြိုင်တာ ၁ဝ ‌ယောက်စာရင်းဝင်ဖို့မလွယ်ဘူး။ အဲဒီမှာ ကရင်တစ်‌ယောက်နှစ်‌ယောက်ပါတယ်။ သူတို့က ရိုးရိုး‌အေး‌အေးပဲ ရရင်ရမယ်၊ မရရင်မရဘူး။ ‌အေး‌အေး‌ဆေး‌ဆေးပဲဖြစ်‌တော့ ကို‌စောက သူတို့ကို အဲလို မလုပ်‌စေချင်ဘူး၊ ‌အောင်မြင်‌စေချင်တယ်။

ပြီး‌တော့ ‌အောင်မြင်ဖို့ ၊ ‌ပေါ်လွင်ဖို့ ဝတ်စုံဒီဇိုင်းအပိုင်း နားမလည်ဘူး။ ကို‌စောက အဲဒါကို‌တွေ့ပြီး သူ့ အတွက် ဒီဇိုင်းထွင်‌ပေးချင်တယ်။ ကိုယ့်ကရင်ဝတ်စုံနဲ့ ဒီဇိုင်းလှလှ‌လေးနဲ့ ‌ပေးဝတ်ချင်တယ်။ အဲဒါ‌ကြောင့် သူ့ကို ပံ့ပိုးဖို့ ဒီ‌လောကထဲမှာ ဝင်‌ရောက်သွားတာဖြစ်တယ်။ ပြီး‌တော့ အရင်ကဇာတ်ကားကြည့်တာ အိမ်‌ဖော်‌နေရာမှာ ကိုယ့်ကရင်ဝတ်စုံကို ‌ပေးဝတ်တာ‌တွေ့‌တော့ ငယ်ငယ်တုန်းက မခံချင်စိတ်ရှိတယ်။ ချမ်းသာတဲ့ ကရင်အများကြီး ရှိတယ်။ ဂုဏ်သ‌ရေရှိတဲ့‌နေရာမှာ ကိုယ့်ကရင်ဝတ်စုံ ဝတ်ဆင်တာမ‌တွေ့ခဲ့ဘူး။ အိမ်အကူ အဆင့်‌လောက်ပဲ‌ပေး ဝတ်တာ‌တွေ့‌တော့ မင်းသမီးမင်းသား‌တွေ ထင်‌ပေါ်တဲ့လူ‌တွေ ကိုယ့်ကရင်ဝတ်စုံ‌ပေးဝတ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်။ အဲဒီအချက်တစ်ခုလည်းပါတယ်။
‌ကေအို်င်စီ ။ ။ ဒီဇိုင်နာတစ်ဦးအ‌နေနဲ့ လက်ရှိဘာ‌တွေလုပ်‌နေပါသလဲ။

ကို‌စော ။ ။ ကို‌စောက ၂၀၁၃ မှာ ဒီမြန်မာနိုင်ငံမှာ သင်တန်းသင်ပြီး‌တော့ ထပ်ပြီး‌တော့ပညာသင်ယူချင်တာနဲ့ ဘန်‌ကောက်မှာ ဒီဇိုင်နာနဲ့ပတ်သက်ပြီး ၁ နှစ်ခွဲ‌လောက်သင်တန်းသွားတက်တယ်။ အခုပြန်‌ရောက်တာ တစ်နှစ် ‌တောင်မပြည့်‌သေးဘူး။ ကို‌စောက အဓိက‌တော့ ကိုယ့်ရိုးရာအဆင်ကို ဆန်းသစ်ချင်တယ်။ ရိုးရာဖျက်တာ ‌တော့မဟုတ်ဘူး။ ကိုယ့်ရိုးရာအဆင်ကို လှ‌အောင်ဖန်တီး‌ပေးချင်တယ်။ အဲဒီဟာအတွက် သင်တန်းသွား တက်တယ်။ တက်ပြီး ပြန်လာ‌တော့ အိမ်မှာ ဒီဇိုင်နာနဲ့ပတ်သက်ပြီး သင်တန်း‌ကျောင်းဖွင့်တယ်။ သင်တန်း ‌ခေါ်တာအစ ကရင်ဆိုရင် ကို‌စောက ပုံမှန်ထက်တစ်ဝက်သင်တန်း‌ကြေး ‌လျှော့‌ပေးတယ်။ အဓိကဖြစ်‌စေချင် တာက ကရင်လူငယ်ဒီဇိုင်နာ များများ‌ပေါ်ထွက်လာ‌အောင် တတ်နိုင်တဲ့ဘက်က တစ်ဖက်တစ်လမ်းလုပ်‌ပေး တာ‌ပေါ့ ။

‌ကေအိုင်စီ ။ ။ ကရင်ရိုးရာအဆင်‌တွေက ဒီဇိုင်နာ‌လောကမှာ ဘယ်‌လောက်အထိ ထိုး‌ဖောက်နိုင်ပြီလို့ ‌တွေ့ ‌နေရလဲ။

ကို‌စော ။ ။ ကရင်‌တွေက များ‌သောအားဖြင့် ယက်တဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်တာများတယ်။ ကို‌စော တစ်‌ယောက်အမြင်အ‌နေနဲ့ ဖြစ်‌စေချင်တာက ရိုးရာဝတ်စုံကိုကျ‌တော့ အခမ်းအနားကြီး ‌နေ့ထူး၊ ‌နေ့မြတ်‌တွေမှာ သုံး‌စေချင်တယ်။ ကရင်အထည်က အရမ်းပူ‌တော့ အမြဲမဝတ်နိုင်ဘူး။ ထသွားထလာတဲ့‌နေရာမှာဆိုရင် ဂျပ်ခုတ် တို့ကျ‌တော့ ဝတ်ရတာ သိပ်အဆင်မ‌ပြေဘူး။ ဒီဇိုင်နာတစ်‌ယောက်ဖြစ်တဲ့အတွက် အားသာချက်၊ အားနည်း ချက်‌တွေ‌တွေ့တယ်။ ဂျပ်ခုတ်‌တွေကထူတယ်။ တကယ်လို့ ဂျပ်ခုတ်တစ်ထည်လုံး ပြန်ချုပ်ရင် ဇစ်နဲ့တပ်တဲ့ ‌နေရာမှာ ဇစ်ကွဲတာတို့ရှိတယ်။

အဲဒါ‌ကြောင့် ကို‌စော ဘယ်လိုပြန်စဉ်းစားလဲဆိုရင် တစ်ခြား တိုင်းရင်းသား အထည်‌တွေ‌တောင်မှ ပါးတဲ့အထည်နဲ့ ကိုယ့်ရိုးရာမပျက်‌အောင်ချုပ်‌သေးတာဘဲ ကိုယ့်ကရင်အ ထည်လည်း မရနိုင်စရာအ‌ကြောင်းမရှိ ဘူး‌လေဆို‌တော့ ကို‌စောက ကရင်ချိတ်‌တွေကို ယူတယ်။ ထိုင်းပိုး ပိတ်အ ပါး‌ပေါ်မှာ ကိုယ့်ရိုးရာအဆင်‌တွေကို ထိုးတယ်၊ ထိန်းပြီးထွင်‌နေတာ‌ပေါ့၊ အဓိက‌ပြောချင်တာက ကို‌စော ‌ခေတ်သစ် ကရင်ချိတ်‌တွေကို ထွင်တဲ့ရည် ရွယ်ချက်က ကရင်အဆင်ကို လူအများသိ‌စေချင်တဲ့ရည်ရွယ်ချက်နဲ့ ဆန်းသစ် ထွင်တာ၊ တချို့ကရိုးရာကို ဖျက်တာလားဆိုပြီး‌မေးတာရှိတယ်။ အမှန်‌တော့မဟုတ်ဘူး။ ကို‌စောရဲ့ ရည်ရွယ်ချက်က ထသွားထလာ ‌ပေါ့‌ပေါ့ပါးပါးနဲ့ ကရင်ရိုးရာ ပါတဲ့အဆင်ကို ဝတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ထွင်တာဖြစ်တယ်။

အခုကို‌စောက ကိုယ့်ကရင်ဝတ်စုံ‌တွေကို နိုင်ငံတကာဖက်ရှင်အထိသွားလို့ရ‌အောင် လုပ်‌နေတယ်။ အခု ကြိုးစား‌နေဆဲဖြစ်လို့ ကရင်ပြည်နယ်ဘက်မှာရှိတဲ့ ကရင်ချိတ်‌တွေကိုလာ‌လေ့လာတာ‌ပေါ့။ တစ်ခြားတိုင်းရင်း သားနဲ့ယှဉ်ရင် ကရင်က Fashion အပိုင်းမှာ နည်းနည်း‌တော့ကျန်ခဲ့သလိုဖြစ်တယ်။ ကိုယ့်ကရင်ကလည်း ‌အေး‌အေး‌ဆေး‌ဆေး Fashion အပိုင်းဘက်မှာ သိပ်စိတ်မဝင်စားဘူး။ အဲဒါ‌ကြောင့်လည်းဖြစ်မယ်။ အခု‌နောက် ပိုင်းမှာ ကရင် Fashion ဒီဇိုင်နာ‌တွေလည်း ‌တော်‌တော်များများ‌ပေါ်ထွက်လာပါပြီး ‌နောက် ၂ နှစ် ၃ နှစ်‌လောက် ဆိုရင် Fashion အပိုင်း အရမ်း‌ပေါက်‌နေတဲ့ တစ်ခြားတိုင်းရင်း‌တွေနည်းတူ ‌ပေါက်ဖို့ အခုကစကြိုးစား ‌နေပြီးလည်းဖြစ်တယ်။
‌ကေအိုင်စီ။ ။ နိုင်ငံ‌ကျော်အနုပညာရှင်‌တွေမှာ လက်ရှိ ဘယ်သူ့ကို ဝတ်စုံဖန်တီး‌ပေးတာရှိပါသလဲ။

ကို‌စော ။ ။ ညီမ‌လေး အဆို‌တော်နန့်ချစ်နဒီ‌ဇော်က ပင်တိုင်ချုပ်‌ပေးတာ‌ပေါ့‌နော်။ အချို့အနုပညာရှင် ‌တော် ‌တော်များများအတွက်လည်း ချုပ်‌ပေးတာရှိတယ်။ အဆို‌တော် ‌ကေ‌ကေမိုးတို့ ကရင်အဆင်‌တွေ ချုပ်‌ပေး တာရှိ တယ်။ ‌ယောက်ျား‌လေးမှာဆိုရင် အဆို‌တော်ဟန်ထူးဈာန်ကို ပင်တိုင်ဝတ်စုံချုပ်‌ပေးတာရှိတယ်။ ပြီး‌တော့ ဝန်ကြီး‌တွေအတွက် ကိုယ့်ကရင်အဆင်နဲ့ ဝတ်စုံဖန်တီးဖြစ်ဖို့ အခုစလုပ်‌နေတာဖြစ်တယ်။

‌ကေအိုင်စီ။ ။ ကရင်ရိုးရာဝတ်စုံကို ဒီဇိုင်းဆန်း‌အောင် ဆန်းသစ်တီထွင်မှုလုပ်တဲ့အခါမှာ အခက်အခဲ‌တွေ ဘာ‌တွေရှိလဲ။

ကို‌စော ။ ။ အခက်အခဲ‌တော့ရှိတာ‌ပေါ့‌နော်။ ကို‌စော ကစပြီးထုတ်ကတည်းက ရိုးရာဝတ်စုံကို ထုတ် တာ မဟုတ်ဘူး။ ဒါ‌ပေမယ့် ကရင်ရိုးရာဝတ်စုံကို ချစ်မြတ်နိုးတဲ့သူ‌တွေအတွက် ‌ခေတ်သစ်အဖြစ် အဲဒါကို ထွင်ထားတာ အား‌ပေးတဲ့လူလည်းရှိသလို အားမ‌ပေးတဲ့လူလည်းရှိတယ်။ Fashion အပိုင်းနားလည်တဲ့ လူကြီး‌တွေ‌တော်‌တော်များများက အား‌ပေးတာရှိတယ်။ စ‌တောင်မစရ‌သေးဘူး။ တချို့က တိုက်ခိုက်တာရှိ တယ်။ ဘယ်လိုတိုက်ခိုက်လဲဆိုရင် ရိုးရာဆိုရင် ရိုးရာအဆင်ပဲဆိုပြီး‌ပြောလာတာရှိတယ်။

ကို‌စော‌ပြောချင်တာက အဲလိုမဟုတ်ဘူး။ ရိုးရာဆိုတာ ဟုတ်တယ်၊ ဒါ‌ပေမယ့် ‌ခေတ်မီမီနဲ့ တိုး တက်ရာကို သွား‌နေတဲ့အချိန်မှာ ‌ခေတ်နဲ့အမီလိုက်ရတယ်။ ကို‌စောချုပ်တဲ့ဝတ်စုံ‌တွေကလည်း ‌တော်‌တော် များများက ရိုင်းပြီး အမြင်မတင့်တယ်တဲ့ဝတ်စုံ‌တွေကို ကို‌စောတစ်ခါမှမထုတ်ဘူး ။ ဖြစ်‌စေချင်တာက ရိုးရာကလည်း ရိုးရာကဏ္ဍ၊ လူငယ်‌တွေ‌ခေတ်သစ်ကလည်း‌ခေတ်သစ်ကဏ္ဍ ဒါကိုသိ‌စေချင်တာ ဖြစ်တယ်။ ကို‌စောက ဒီဇိုင်နာ‌လောကကို စပြီးဝင်ကတည်းက ကိုယ့်ကရင်ရိုးရာဝတ်စုံကို အဓိကဖန်တီးချုပ်ချင်တယ်။ ကရင်အထည်ကိုပဲ ကိုင်တာများတယ်။ အခက်အခဲ‌တွေက အမျိုးမျိုးကြုံရပါတယ်။

‌ကေအိုင်စီ။ ။ ကရင်ဒီဇိုင်နာ များများ‌ပေါ်ထွက်ဖို့ ဘာ‌တွေလုပ်‌ဆောင်‌ပေးတာရှိလဲ။

ကို‌စော ။ ။ ကို‌စောအခုက ဒီဇိုင်းဝါသနာပါတဲ့သူ‌တွေကို ‌တောက်‌လျှောက်သင်‌ပေးတယ်။ ပြီး‌တော့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးကိုလည်း ‌ပြောထားတာရှိတယ်။ တိုင်းနဲ့ပြည်နယ်‌တွေမှာ ဒီဇိုင်နာအပိုင်းစိတ် ဝင်စားတဲ့ လူငယ်‌တွေကို ပရဟိတအ‌နေနဲ့ ဒီဇိုင်နာပညာသင်‌ပေးဖို့လည်း ‌ပြောထားတာရှိတယ်။ တတ်နိုင် သ‌လောက် ကိုယ်လူမျိုးအတွက် နိုင်တဲ့ဘက်က ကူညီ‌ပေးချင်တယ်။ အခုက Fashion ရဲ့အ‌ခြေခံအုတ်မြစ်က စ‌နေတာဆို‌တော့ ကရင်လူမျိုးအချင်းချင်း ကရင်ဒီဇိုင်နာ‌တွေ‌ပေါ်‌ပေါက်ဖို့တွဲ‌ခေါ်မယ်‌ပေါ့။

ပြီး‌တော့အဓိက‌ပြောချင်တဲ့အချက်က အခု ဒီဘက်လိုင်းမှာလည်းကွဲ‌နေတယ်။ အလှအပအတွက် မိတ်ကပ်ဆိုရင်တစ်လိုင်းသွားတယ်။ ဒီဇိုင်နာဆိုရင်လည်း တစ်လိုင်းသွားတယ်။ ကို‌စောကအဲလို မဖြစ် ‌စေချင်ဘူး၊ ပြန်စုပြီးလုပ်ချင်တယ်။ ‌အောင်မြင်ဖို့က တစ်ဦးတစ်‌ယောက်လုပ်လို့မရဘူး။ ကရင်လူငယ် အတွက် လုပ်‌ပေးဖို့ ဝန်ကြီးကို‌ပြောထားတာရှိတယ်။ အဲဒီအဖွဲ့ထဲမှာ ဘာ‌တွေပါမလဲဆိုရင် မိတ်ကပ်ဆရာ၊ ဒီဇိုင်နာ၊ ဓာတ်ပုံဆရာ ပြီး‌တော့အဆို‌တော်၊ သရုပ်‌ဆောင် အဲလိုစုစုစည်းစည်း အဖွဲ့အစည်းနဲ့သွားမှ ကိုယ့်ကရင်လူမျိုး‌တွေက ကျန်တဲ့လူမျိုး‌တွေနဲ့ယှဉ်လို့ရမယ်၊ ‌အောင်မြင်မယ်။

အဲဒါ‌ကြောင့်မို့ ပြည်နယ်နဲ့တိုင်းမှာသွားပြီး အဖွဲ့အစည်း‌တွေနဲ့လုပ်ဖို့စကြိုးစား‌နေပါတယ်။ ကို‌စောထုတ် တဲ့ Fashion ‌တွေက ထိပ်ပိုင်းလူ‌တွေအထိဝတ်နိုင်‌အောင် လုပ်သွားချင်တယ်။ ဥပမာ အ‌မေ‌ဒေါ်‌အောင်ဆန်းစု ကြည်ဆိုရင် သူဝတ်တဲ့ ဝတ်စုံကလည်း လူ‌တွေသတိထားပြီးကြည့်တာရှိတယ်။ ကျန်တဲ့တိုင်းရင်းသားအဆင် ‌တွေ‌တော်‌တော်များများ ဝတ်တာရှိတယ်။ ဒါ‌ပေမယ့် ကရင်အဆင်ကို သူဝတ်တာနည်းနည်းရှားတယ်။ ကို‌စော ဖြစ်‌စေချင်က ကိုယ့်ကရင်ဆင်ကို ကျန်တဲ့ထိပ်ပိုင်းက လူ‌တွေဝတ်နိုင်‌အောင် ကို‌စောတို့ လူငယ်ဒီဇိုင်နာ‌တွေတာ ဝန်ဖြစ်တယ်။ ကို‌စောတို့ ကရင်အဆင်ထုတ်တာ ကိုယ့်ကရင်အတွက် သီးသန့်မဟုတ်ဘူး။ ကျန်တဲ့ တိုင်းရင်းသား‌တွေလည်းဝတ်ချင်လာ‌အောင်ပါတယ်။

‌ကေအိုင်စီ။ ။လက်ရှိ ဖန်တီးဆန်းသစ်ချုပ်ပြီးခဲ့တဲ့ ကရင်အထည်ကိုလည်း ကရင်လူထုထဲမှာ ဘယ်‌လောက် အထိ လက်ခံတာရှိပြီးလဲ။

ကို‌စော။ ။ ‌သွေးချင်းတို့ရဲ့ပွဲ‌တော်မှာ နန့်ချစ်နဒီ‌ဇော်ဝတ်တဲ့ ဝတ်စုံဆိုရင် ‌တော်တာ်‌ပေါက်တယ်။ လူ ငယ်‌တော်‌တော်များများ ကြိုက်တာကိုလည်း‌တွေ့ရတယ်။ အဲဒီအဝတ်စုံကို ဘယ်လိုချုပ်ထားလဲဆိုရင် ကြည့် တာနဲ့ ကရင်ကိုယ်စားပြု ဝတ်စုံမှန်းတန်းသိ‌အောင် ကရင်အလံထဲက ‌နေဝန်းတက်တဲ့ ပုံကို ချုပ်ထားတာ။ ယဉ် ယဉ်‌လေးနဲ့ ကြည့်လို့‌ကောင်းတယ်။ ပြီး‌တော့ ‌နောက်နှစ်‌သွေးချင်းတို့ရဲ့ပွဲ‌တော်မှာ ကိုယ့်ကရင်ဦး‌ဆောင်ရ မယ့် အချိန်‌ရောက်ရင် ကရင်‌မော်ဒယ်‌တွေအတွက် ကရင်အဆင်‌လေး‌တွေနဲ့ ဘယ်လိုဆန်းသစ်ချုပ်ရမလဲ၊ အခုက တည်းက စတင်‌လေ့လာထားတာရှိတယ် ။ ကရင်ချိတ်‌တွေက ဘယ်လိုပုံစံ‌တွေရှိလဲ အရင်ကဝတ်တဲ့ ကရင်ချိတ် ‌တွေက ဘယ်လိုရှိလဲ လိုက်‌လေ့လာတယ်။ ကို‌စောက ကိုယ့်ရဲ့ ကရင်တိုင်းရင်းသား ရိုးရာစစ်စစ်ပွဲ ဥပမာ ကရင် နှစ်သစ်ကူး၊ ကရင်ရိုးရာလက်ချည်ပွဲ အဲဒီလို‌နေ့ထူး‌နေမြတ်ပွဲတို့ဆိုရင် ရိုးရာစစ်စစ် ဂျပ်ခုတ်အထည်‌တွေ လက်နဲ့ယက်ထားတဲ့ အထည်စစ်စစ် ရိုးရာဝတ်စုံကိုပဲ ဝတ်‌စေချင်တယ်။ အဲဒီလိုပွဲမျိုးဆိုရင် ဆန်းသစ်ချုပ်ပြီးဝတ်မယ်ဆိုရင် ကို‌စောလည်း အားမ‌ပေးဘူးပါဘူး။
‌ကေအိုင်စီ။ ။ ကရင်ရိုးရာအထည် လူသိများလာ‌စေဖို့အတွက် လက်ရှိ ဘာ‌တွေလုပ်တာရှိလဲ။

‌ဖြေ။ ကို‌စောအခု ကရင်ချိတ်ပိုးထည်‌တွေထုတ်တယ်။ ချည်ထည်က‌တော့ ချည်ထည်ထုတ်တာ ‌ပေါ့ ‌နော်၊ ကို‌စောက ထိုင်းပိုး‌တွေကို ကရင်အစင်း‌တွေနဲ့ ပြန်ထိုးတာ ‌ပေါ့‌ပေါ့ပါးပါး ဝတ်ချင်တဲ့လူ‌တွေအတွက်က ပိုးထည်ကအဆင်‌ပြေတယ်။ အဲဒါ‌ကြောင့် ‌ပျောက်ကွယ်သွားတဲ့ ကရင်ချိတ်‌တွေကို လိုက်‌လေ့လာတယ်။ ပြီး‌တော့ အသစ်တစ်ဖန်ပိုးထည်‌ပေါ်မှာ ကရင်ချိတ်အဆင်ပြန်ထိုးတယ် ။ ကြည့်လိုက်ရင်လည်း ကရင် အဆင်ပဲဖြစ်‌စေရမယ်။ ကရင်ဝတ်စုံကလည်း အခု‌တော်‌တော်များများပြန်ဝတ်လာကြတယ်။ တစ်ခြားလူ‌တွေ လည်း တီထွင်တာဘဲ၊ အရင်တုန်းက ရန်ကုန်မှာ ကရင်ဝတ်စုံဝတ်တာ ကရင်နှစ်သစ်ကူး ရက်တစ်ရက်ပဲ ဝတ်ကြတယ်။ ကျန်တဲ့ရက်‌တွေဆိုရင် ဝတ်တာ မရှိသ‌လောက်ပဲ။ ဘာဘဲဖြစ်ဖြစ် အခု‌တော့ဝတ်လာကြပြီး၊ ‌ခေတ်နဲ့အညီလည်းပြန်ဖန်တီးတယ်။ ကရင်အစ‌လေး‌တွေနဲ့ အမျိုးမျိုးဖန်တီးလာကြတယ်။ ကြည့်ရတာလည်း လှတယ်။ ဒီလိုဖန်တီးလာတဲ့အတွက် ကိုယ့်ကရင်အဆင်က မရိုးဘူး။ ‌နေရာတိုင်းဝတ်လာတယ်။

ပြီး‌တော့ ကရင်အဆင်ဆိုရင်လည်း ‌ဈေးကွက်တစ်ခုရလာတယ်။ အချို့တိုင်းရင်းသားအဆင်‌တွေက ဖန်တီး‌တော့ ကိုယ့်ကရင်အဆင်ထက်‌တောင် ‌ဈေးကြီးတယ်။ ကိုယ့်ကရင်‌တွေ‌ကောင်း‌ကောင်းဝတ်လို့ရ‌အောင် ‌ဈေးသက်သက်သာသာနဲ့ ဖြန့်‌ပေးတယ်။ တချို့ဆိုရင် ကရင်မဟုတ်ဘူး၊ ဒါ‌ပေမယ့် ကရင်အဆင် ကသူ တို့ကြည့်တာလှ‌တော့ မဂင်္လာ‌ဆောင်ဆွမ်း‌ကျွေး‌နေရာမှာတို့၊ ကိုယ့်ကရင်အဆင်နဲ့ဝတ်ဖို့ လာချုပ်တာရှိ‌တော့ ဒါကလည်း အားသာချက်တစ်ခုဘဲ‌ပြောရမယ်။

ကို‌စောချုပ်တဲ့ ဝတ်စုံ‌တွေကလည်း သူများအမြင်မှာ ယဉ်ရမယ်၊ ရိုးရမယ် ဆန်းသစ်ရမယ်၊ အဲလို ချုပ်ထား‌တော့ ပြီးခဲ့နှစ် နန့်ချစ်နဒီ‌ဇော်လက်ချည်ပွဲမှာဝတ်တဲ့ ဝတ်စုံကလည်း ‌နောက်ပိုင်း‌တော်‌တော်များ များအဲ လိုလာချုပ်တယ်။ သူတို့ကြိုက်‌တော့ ပီတိဖြစ်ရတာ‌ပေါ့။ ကို‌စောအခု ကရင်အဆင်ပါတဲ့ အထည်‌တွေ နယ်မှာ ဖြန့်တယ်။ အမြတ်အများကြီးမယူထားဘူး။ ပြန်‌ရောင်းတဲ့လူ‌တွေကိုလည်း အမြတ်အများကြီးမတင်ခိုင်းဘူး။ ကိုယ့်ကရင်လူမျိုးထံမှာကို ပြန်‌ရောင်းတာဖြစ်တဲ့အတွက် အမြတ်အများကြီးမယူရဲဘူး။ အများကြီးယူရင် ကိုသွားချင်တဲ့ ‌အောင်မြင်မှုက ရမှာမဟုတ်ဘူး။ အဲဒါ‌ကြောင့် ကို‌စောထုတ်တဲ့အထည် ဆိုရင်လည်း တတ်နိုင်သ ‌လောက်‌ဈေး‌လျှော့ထားပါတယ်။

‌ကေအိုင်စီ။ ။ ကရင်ရိုးရာအဆင်ကို ဒီဇိုင်း ပြန်ဖန်တီးတာနဲ့ပတ်သက်ပြီး ကရင်ဒီဇိုင်နာတစ်‌ယောက်အ‌နေနဲ့ ဘာ ဖြည့်စွက်‌ပြောချင်တာရှိပါသလဲ။

တို့ကရင်‌တွေမှာ ရိုးရိုး‌အေး‌အေး‌နေတာ‌ကောင်း‌ပေမယ့်လည်း ဖြစ်‌စေချင်တာက Fashion မှာဆိုရင် ဘယ် ကဏ္ဍ‌ပေါင်းစုံက‌နေသွားချင်လဲ၊ တစ်‌ယောက်နဲ့တစ်‌ယောက်ကူညီပါ၊ ‌ဖေးမကြပါ။ အဲလိုသွားမှပဲ ကိုယ့်ကရင် Fashionက ထိပ်ဆုံးကို‌ရောက်မှာ တစ်ဦးတစ်‌ယောက်ထဲက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စ လူကြီးဆိုရင် လူကြီးဆီက အိုင်ဒီယာယူရတယ်။ လူငယ်ဆိုရင်လည်း လူကြီး‌တွေက လက်ခံရမယ်။ အခုက ပွင့်လင်းတဲ့ ‌ခေတ်‌ရောက်ပြီး တစ်‌ယောက်နဲ့တစ်‌ယောက် အတူတူသွား‌နေတဲ့အချိန်မှာ မကျန်ခဲ့‌စေချင်ဘူး‌ပေါ့။ အဲဒါ‌ကြောင့် Fashion အမြင်‌တွေရှိပြီး‌တော့ အတူတူကြိုးစားကြမှာ‌ပေါ့ ။