Home သတင်း ထိုင်းသို့ MoU လုပ်သားအဖြစ် မြဝတီနယ်စပ်မှတဆင့် ထွက်ခွာသူ ၉ လအတွင်း ၁သိန်းခွဲ‌ကျော်ရှိ၊ ယခင်နှစ်ထက် ပိုမိုများပြား

ထိုင်းသို့ MoU လုပ်သားအဖြစ် မြဝတီနယ်စပ်မှတဆင့် ထွက်ခွာသူ ၉ လအတွင်း ၁သိန်းခွဲ‌ကျော်ရှိ၊ ယခင်နှစ်ထက် ပိုမိုများပြား

2730

‌အောက်တိုဘာ ၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြဝတီနယ်စပ်မှတဆင့် အလုပ်ရုံစက်ရုံ များပြားပြီး လုပ်အားခပိုရ‌သော ထိုင်းနိုင်ငံသို့ အလုပ်သမား နားလည်မှု စာချွန်လွှာ -MoU လုပ်သားအဖြစ် ထွက်ခွာသူ ၉ လအတွင်း ၁၇၈, ဝဝဝ ‌ကျော်ရှိပြီး ယခင် နှစ်တစ်နှစ်လုံးထက် ပိုမိုများပြား‌နေ‌ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်မှုမှ သိရသည်။

ထိုင်းနိုင်ငံသို့ သွား‌ရောက်လုပ်ကိုင်သူ တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ်ပိုမို များပြားလာပြီး ၂၀၁၈ ခုနှစ်အတွင်းက MoU စနစ်ဖြင့် ထွက်ခွာခဲ့သူ မြန်မာအလုပ်သမားဦး‌ရေမှာ တစ်သိန်းခွဲခန့်သာ ရှိခဲ့‌သော်လည်း ယခု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်ထိ (၉) လအတွင်း စုစု‌ပေါင်း ၁၇၈,၄၃၉ ဦး ထွက်ခွာသွားပြီဖြစ်သည့်အတွက် ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ပိုမိုများပြား လာ‌ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် ဇန်နဝါရီလတွင် အမျိုးသားအမျိုးသမီး ၁၇,၄၉၉ဦး၊ ‌ဖေ‌ဖော် ဝါရီလတွင် ၁၇,၇၄၈ဦး၊ မတ်လတွင် ၁၆,၅၉၃ဦး၊ ဧပြီလတွင် ၁၅,၄၁၁ ဦး၊ ‌မေလတွင် ၂၀,၉၅ဝ ဦး ၊ ဇွန်လတွင် ၁၉,၁၃၉ဦး၊ ဇူလိုင်လတွင် ၂၂,၀၄၈ဦး ၊ ဩဂုတ်လတွင်၂၄,၅၀၇ ဦး၊ စက်တင်ဘာလတွင် ၂၄,၅၄၄ ဦး၊ စုစု‌ပေါင်း ၁၇၈,၄၃၉ ဦး ထွက်ခွာခဲ့‌ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်ပထွက်ခွာလုပ်ကိုင်သူများပြား‌နေရခြင်းမှာ ပြည်တွင်း၌ အ‌ခြေခံအလုပ်အကိုင် အခွင့်အ လမ်းရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့‌ကြောင့်ဖြစ်သည်ဟု MoU လုပ်သားအဖြစ် သွား‌ရောက် လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများက ‌ပြောသည်။

“ပြည်တွင်းမှာ အ‌ခြေခံ လူတန်းစား‌တွေ ဝင်‌ရောက်လုပ်ကိုင်လို့ရတဲ့ အလုပ်ရုံစက်ရုံ‌တွေ နည်းပါးတာ၊ တစ်ချို့‌နေရာ‌တွေမှာက စက်မှုဇုန် ‌ဖော်‌ဆောင်တယ်သာ ဆိုတယ်။ စက်ရုံ‌တွေ ဖြစ်မလာ‌တော့ အလုပ် ကိုင်ရှားပါးတာ‌ပေါ့။ မိသားစုစားဝတ်‌နေ‌ရေး‌တွေ အဆင်‌ပြေဖို့ သွားလုပ်ကြတာဖြစ်ပါတယ်” ဟု နိုင်ငံထွက်ခွာသူ အလုပ်သမား တစ်ဦးက ‌ပြောသည်။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံသို့ အများဆုံး သွား ‌ရောက်‌နေကြပြီး မဲ‌ဆောက်မြို့အပါအဝင် တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်း မြန်မာလုပ်သား ၄ သိန်းခန့် ဝင်‌ရောက်လုပ်ကိုင်လျက်ရှိသလို ဘန်‌ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံတစ်ဝှမ်းလုံးတွင် ၄ သန်း ‌ကျော်ခန့် သွား‌ရောက်လုပ်ကိုင်လျက်ရှိ‌ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် တစ်‌နေ့ပျမ်းမျှ လူဦး‌ရေမှာ ၈၀ဝ နှင့် ၁,၀၀ဝ ကြား ‌နေ့စဉ် ထွက်ခွာသွား‌နေ‌ကြောင်း ချစ်ကြည်‌ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ယ‌နေ့(‌အောက်တိုဘာ ၇ရက်)တွင် ‌ပြောသည်။

မြန်မာနိုင်ငံသားများအား MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ တရားဝင်ပို့‌ဆောင်ခဲ့‌သော်လည်း အချို့ ‌သော‌အေဂျင်စီများမှာ စာချုပ်ပါအတိုင်း အလုပ်‌နေရာသို့မပို့‌ဆောင်ဘဲ လူစုခွဲ ပို့‌ဆောင်ခြင်း ၊ လုပ်သား များအလုပ်လုပ်ကိုင်ရခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိခဲ့သူများလည်းရှိ‌ကြောင်း သိရသည်။

ထို့အတူ တရားဝင်‌အေဂျင်စီ မဟုတ်ဘဲ MoU လုပ်သား ပို့‌ဆောင်‌ရေး စနစ်ကိုခုတုံးလုပ်ကာ လုပ်သား ‌ခေါ်ယူစု‌ဆောင်းပြီး တရားမဝင်လမ်း‌ကြောင်းမှ ပို့ရန်ကြံစည်လုပ်‌ဆောင်‌နေကြ‌သော လူကယ်ရီပွဲစား များ‌ကြောင့် ထိုင်းနိုင်ငံသို့ မ‌ရောက်ဘဲ မြဝတီမြို့တွင်‌သောင်တင်‌နေသူများလည်း ရှိ‌ကြောင်း အလုပ် သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။