Home ဆောင်းပါး တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ အချိုး၊ အ‌ကွေ့၊ အ‌ရွေ့နှင့် လားရာ

တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ အချိုး၊ အ‌ကွေ့၊ အ‌ရွေ့နှင့် လားရာ

4418

ကရင်နိုင်ငံ‌ရေးသု‌တေသီတစ်ဦး
(‌အောက်တိုဘာ ၂၃ရက်၊ ၂၀၁၉ခုနှစ်။)

ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲများ စတင်သည့် ၂၀၁ဝခုနှစ်နှင့် ၂၀၁၅ခုနှစ်များကို ပြန်‌ပြောင်း‌စောင်းငဲ့ကြည့်လျှင် ပါတီကြီးနှစ်ခုဖြစ်သည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ(USDP)နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)တို့သည် ‌ရွေး‌ကောက်ပွဲတွင် တစ်လှည့်စီ ‌အောင်ပွဲခံခဲ့ကြ‌ကြောင်း သိရှိကြပြီးဖြစ်ပါသည်။ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများမှာ ‌အောင်ပွဲ ဆင်နိုင်ခဲ့ခြင်းမရှိကြပါ။ အထိုက်အ‌လျောက် အနိုင်ရရှိခဲ့‌သော ရခိုင်နှင့် ရှမ်းတိုင်းရင်းသားနိုင်ငံ‌ရေးပါတီများသည်လည်း အစိုးရဖွဲ့ နိုင်သည်အထိ ‌လောက်‌လောက်လားလား ‌အောင်မြင်မှု မရခဲ့ကြပါ။

၂၀၁၅ခုနှစ်၊ ‌ရွေး‌ကောက်ပွဲပြည်နယ်လွှတ်‌တော်အဆင့်တွင် ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားပါတီများ၏ လွှတ်‌တော်ကိုယ်စား လှယ်အများစု အနိုင်ရရှိခဲ့‌သော်လည်း ပြည်နယ်အစိုးရ (ပြည်နယ်ဝန်ကြီးချုပ်) ‌ရွေးချယ်ဖွဲ့စည်းခွင့် မရခဲ့ပါ။ ပြည်‌ထောင်စုလွှတ် ‌တော်တွင် NLD ပါတီက အမတ်အများစုအနိုင်ရခဲ့သဖြင့် NLD ပါတီမှ နိုင်ငံ‌တော်သမ္မတ ‌ရွေးချယ်ခွင့်ရခဲ့ပြီး ဥပ‌ဒေအရ သမ္မတ သည် ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်များကို ခန့်အပ်ခွင့်ရှိရာ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားပါတီများက အမတ်အများစု အနိုင်ရခဲ့‌သော်လည်း ပြည်နယ်အစိုးရ (ပြည်နယ်ဝန်ကြီးချုပ်) ‌ရွေးချယ်ခန့်အပ်ခွင့် မရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂ဝခုနှစ်၊ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကျင်းပရန် အချိန်များစွာ မကျန်‌တော့ပါ။ နိုင်ငံ‌ရေးပါတီ၊ နိုင်ငံ‌ရေး‌လေ့လာသူ၊ တတ်သိ ပညာရှင်များ အပါအဝင် ပြည်သူတစ်ရပ်လုံးက ၂၀၂၀‌ရွေး‌ကောက်ပွဲ၏ ဖြစ်နိုင်ဖွယ်ရာ‌သော အ‌ဖြေများကို အမျိုးမျိုးသုံးသပ် ‌ဝေဖန် ခန့်မှန်း‌တေ့‌ပေး‌နေကြပါသည်။

၂၀၁၅ ခုနှစ်၊ ‌ရွေး‌ကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ခဲ့‌သော ပြည်ခိုင်ဖြိုးပါတီပြန်လာနိုင်ဦးမလား ‌တွေးကြည့်ကြသည်။ ၎င်းတို့နှင့် ဆက်စပ်မှု ရှိခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ (တစည) ၏ လားရာကို ‌လေ့လာသုံးသပ်ကြည့်ပါက ပြန်လာနိုင် ရန် သိပ်မမြင်၊ စစ်အုပ်ချုပ်‌ရေးကာလတစ်‌လျှောက်လုံး ပြည်သူ‌တွေခါးစည်းခံခဲ့ရသည့် အဖြစ်သနစ်များကို ပြည်သူ‌တွေ ‌မေ့နိုင် ကြဦးမည်မထင်။ မ‌မေ့နိုင်ခဲ့ခြင်း‌ကြောင့်လည်း အငြိမ်းစားတပ်မ‌တော်သားအများစုနှင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီကို လုံးလုံးလျားလျားနီးပါး ဥ‌ပေက္ခာပြုခဲ့ပြီး NLD ပါတီကို ‌သောင်ပြိုကမ်းပြို မဲ‌ပေးခဲ့ကြခြင်းက သက်‌သေပင်ဖြစ်သည်။

စစ်သားဆိုလျှင် ပင်စင်မစား‌သေးသူ‌ရော၊ အငြိမ်းစားပြီးသူများကိုပါ အားလုံး‌ရောပြီး ပြည်သူ‌တွေက ‌ကြောက်ရွံ့‌ရှောင်ဖယ်‌နေကြ သည့်သ‌ဘော ‌တွေ့ရသည်။ သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီက ရန်ပုံ‌ငွေ‌တောင့်တင်းသည်။ လူအင်အားများပြားသည်။ သူ့ကို ‌လျှော့ တွက်၍မရဟုလည်း သုံးသပ်‌နေကြသည်။ ‌သောင်ပြိုကမ်းပြို မဟုတ်သည့်တိုင် ၁၅ရာခိုင်နှုန်း၊ ၂ဝရာခိုင်နှုန်း၊ ၂၅ရာခိုင်နှုန်း ‌အောင်မြင်နိုင်‌ကောင်း ‌အောင်မြင်နိုင်သည်ဟု မှန်းဆသူများလည်း ရှိ‌နေပါသည်။

NLD ပါတီကို သုံးသပ်ကြည့်ပြန်‌သောအခါ ၂၀၁၅ခုနှစ် ပါတီ၏ ‌ရွေး‌ကောက်ပွဲ‌ကြွေး‌ကြော်သံ၊ ‌ရွေး‌ကောက်ပွဲ ကတိကဝတ်များကို ရာနှုန်းပြည့် အ‌ကောင်အထည်မ‌ဖေါ်နိုင်‌သေးသည်ကို‌တွေ့ရသည်။ ထိုကတိမတည်မှုအ‌ပေါ် ပြည်သူ‌တွေ ဇ‌ဝေဇဝါဖြစ်‌နေကြ သည်။ NLD ပါတီကို ဆက်၍ မဲ‌ပေးရမည်လား။ မဲမ‌ပေးရ‌တော့ဘူးလား … ကတိကဝတ်များလည်း အ‌ကောင်အထည်မ‌ပေါ်၊ ငြိမ်းချမ်း‌ရေး‌ဆောင်ရွက်မည်ဆိုသည့် ကိစ္စသည်လည်း တတိယပင်လုံကျင်းပဖို့ရက်ပင် ‌သေ‌သေချာချာ မ‌ရွေးနိုင်‌သေး။ အ‌ခြေခံ ဥပ‌ဒေကို ပြင်ဖို့ မဟားဒယား ‌ဆောင်ရွက်ရင်း ၂၅ရာခိုင်နှုန်း‌သော တပ်မ‌တော်သားများ၏ ‌ထောက်ခံချက်ရဖို့ရန် မ‌သေချာဘဲ လျှက် မည်သို့ ပြင်နိုင်အံ့နည်း …။

အစိုးရနှင့် တပ်မ‌တော် အဆင်‌ပြေ‌ရေး၊ အစိုးရ၊ တပ်မ‌တော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ စည်းကိုက်ဝါးကိုက်ဖြစ်‌ရေး (တနည်း) အမျိုးသားရင်ကြား‌စေ့‌ရေး စသည့်အချက်အားလုံး NLD ပါတီ၊ NLD အစိုးရက ဘာတခုမှ ပိုင်ပိုင်နိုင်နိုင် အ‌ကောင်အ ထည်‌ဖော်ခြင်း မပြုနိုင်‌သေး …။ သို့‌ပေမင့်လည်း ပြည်ခိုင်ဖြိုးကိုလည်း မယုံ၊ တိုင်းရင်းသားပါတီများကိုလည်း အထင်‌သေး၊ NLD ကိုပဲ မဲ‌ပေးအုံးမှပဲ‌လေ … ဆိုသူများ ရှိနိုင်‌သေး‌သော‌ကြောင့် ‌သောင်ပြိုကမ်းပြိုမဟုတ်သည့်တိုင် ၃ဝရာခိုင်နှုန်း၊ ၄ဝရာခိုင်နှုန်း ‌လောက်‌တော့ ‌အောင်နိုင်‌ချေရှိ‌သေး‌ကြောင်း တွက်ချက်သူ‌တွေက တွက်ချက်ကြသည်။ ယခင်က “ပါတီကိုပဲ ကြည့်ပါ” ဟူသည့် ‌ဆောင်ပုဒ်မှ ယခုအခါ ပါတီကိုလည်း ကြည့်ဖို့လိုသလို၊ လူပုဂ္ဂိုလ်ကိုလည်း ကြည့်ဖို့လိုပြီ ဟူ၍ ‌လေသံ‌ပြောင်းလဲလာပါသည်။

ထူးဆန်းမှုတစ်ခုက NLD ပါတီသည် ‌ရွေး‌ကောက်ပွဲမတိုင်မီနှင့် ‌ရွေး‌ကောက်ပွဲအလွန်တို့တွင် မည်သည့်ပါတီနှင့်မျှ ပူး‌ပေါင်း ‌ဆောင်ရွက်မည်မဟုတ်‌ကြောင်း တရားဝင် ‌ကြေညာလိုက်ခြင်းဖြစ်သည်။ ထက်ဝက်‌ကျော် မဲမရခဲ့လျှင်လည်း ပြည်ခိုင်ဖြိုးနှင့်ဖြစ် ‌စေ၊ အခြားဗမာပါတီတစ်ခုခုဖြင့်ဖြစ်‌စေ၊ တိုင်းရင်းသားပါတီများနှင့်ဖြစ်‌စေ မဟာမိတ်ပြု ပူး‌ပေါင်း‌ဆောင်ရွက်မည့် အစီအစဉ်မရှိ ‌ကြောင်း ယတိပြတ်‌ကြေညာခဲ့ခြင်းဖြစ်သည်ဟု နားလည်ရပါသည်။ ပြည်သူများသတိမူရန် တစ်ခုမှာ အကယ်၍ ၅ဝရာခိုင်နှုန်း ‌ကျော် ‌အောင်မြင်မှုမရလျှင် မူလသ‌ဘောထားကိုပြင်ပြီး ပါတီတစ်ခုခုနှင့် ‌ပေါင်းမည်လား …။
သို့မဟုတ် တစ်မတ်သား တပ်မ‌တော်သား လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ‌ပေါင်းမည်လား…. ‌စောင့်ကြည့်ဖိုရန်သာ ရှိသည်။

ပါတီကြီး ၂ခုအနက် တစ်ခုခုက ၅ဝရာခိုင်နှုန်း‌ကျော် အနိုင်ရရှိပါက မည်သို့မျှ ‌စောဒကတက်ရန်မရှိ။ တိုင်းရင်းသားတို့အဖို့ လွှတ် ‌တော်တွင် အတိုက်အခံဖက်ကသာ ရှိ‌နေရုံဖြစ်သည်။ ယခုအ‌ခြေအ‌နေတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများက ‌မျှော်လင့်ချက် ‌ရောင်ခြည် ‌ရေး‌ရေးက‌လေး ‌ငေး‌မျှော်ကိုး ‌စောင့်ဆိုင်းကြည့်‌နေကြသည်။ မိမိတို့တိုင်းရင်းသားပါတီများက ၂ဝရာခိုင်နှုန်း၊ ပြည်ခိုင် ဖြိုးပါတီက ၂၅ရာခိုင်နှုန်း၊ NLD ပါတီက ၂၅ရာခိုင်နှုန်း အခြားပါတီများက ၁ဝရာခိုင်နှုန်း အနိုင်ရသည်ဆိုပါစို့။ မည်သည့်ပါတီကမှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်‌တော့မည် မဟုတ်ပါ။

ထိုသို့‌သောအခါတွင် တစ်ခုခု‌တော့ လုပ်ရ‌တော့မည်။ တိုင်းရင်းသားပါတီများသည် “ဒီတ‌ခေါက်‌တော့ မိမိတို့အလှည့်ပဲ”ဟူ၍ “ချို” ‌သွေး မ‌နေသင့်ကြ‌သေး။ တိုင်းရင်းသားပါတီများ ဘာလုပ်သင့်သည်ကို ‌ဆွေး‌နွေးတိုင်ပင်ကြရမည်။ ခက်‌နေသည်က တိုင်းရင်း သားပါတီများ စည်းလုံးညီညွှတ်မှု မရှိကြ။

ရခိုင်ဆိုလျှင် နှစ်ပါတီ‌ပေါင်းပြီးခါမှ ပြန်ပျက်သွားသည်။ ရှမ်း(သျှမ်း)တွင်လည်း တိုင်းရင်းသားပါတီ များစွာရှိသည်။ တစုတစည်း ထဲ ‌ပေါင်းစပ်ညှိနှိုင်း၍မရ။ ‌လော‌လောဆယ်တွင် (United Nationalities Alliance – UNA)၊ စည်းလုံးညီညွတ်‌သော တိုင်းရင်း သားမဟာမိတ်အဖွဲ့နှင့် (Nationalities Brotherhood Federation – NBF) ညီ‌နောင်တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ ဖက်ဒ‌ရေး ရှင်းဟူ၍ ဤနိုင်ငံတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ၏ အစုအဖွဲ့ကြီး နှစ်ဖွဲ ့ရှိသည်။ တိုင်းရင်းသားများသာ ဖြစ်ကြသဖြင့် အဘယ်‌ကြောင့် ပါတီများ မပူး‌ပေါင်းနိုင်ကြသနည်း။ မပူး‌ပေါင်းနိုင်လျှင်လည်း မဟာမိတ် မပြုနိုင်ကြသ‌လော- မဟာမိတ်မဟုတ် လျှင်‌တောင် တိုင်းရင်းသားအ‌ရေးနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်‌ဆွေး‌နွေးမှု မပြုသင့်ကြသ‌လော … ။

ယခုအခါ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ မွန်ပြည်နယ်များမှ တိုင်းရင်းသားနိုင်ငံ‌ရေး ပါတီအချို့ တစ်ပါတီတည်းအဖြစ် တရားဝင် ပူး‌ပေါင်းဖွဲ့စည်းလာနိုင်သည်များ ရှိသည်။ ပြည်နယ်အတွင်းရှိ ပါတီ အားလုံးမဟုတ် သည့်တိုင် ပါတီအများစု ပူး‌ပေါင်းဖွဲ့စည်းလာခြင်းဖြစ်၍ ကြိုဆိုရမည်သာဖြစ်သည်။ ကယားပြည်နယ်တွင် ကယားလူမျိုးစုဒီမိုက ‌ရေစီပါတီ (Kayar Unity Democracy Party) နှင့် လူမျိုး‌ပေါင်းစုံ ဒီမိုက‌ရေစီပါတီ (All National Democracy Party) နှစ်ပါတီ ပူး‌ပေါင်းပြီး ၂၀၁၇ခုနှစ်တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ မှတ်ပုံတင် ခွင့်ပြုမိန့်အမှတ် (၁၀၅)ဖြင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (Kayar State Democratic Party) ကို ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။

ကယားပြည်နယ်တွင် ကယန်းအမျိုးသားပါတီ (Kayan National Party) သီးခြားတစ်ပါတီ ကျန်ရှိ‌နေ‌သော်လည်း ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အ‌ခြေစိုက် ဖြစ်သည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ပါတီ၏အလုပ်အမှု‌ဆောင် အဖွဲ့သစ်ကို ဒီမိုက ‌ရေစီနည်းကျကျ ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်လုံးတွင် မြို့နယ်‌ကော်မတီများ ဖွဲ့ စည်းထားရှိပြီးဖြစ်သည်။

ကယားပြည်နယ်တွင် (Kareni National Progressive Party – KNPP) ကရင်နီအမျိုးသား ဖွံ့ဖြိုးတိုးတက်‌ရေးပါတီဟု‌ခေါ်‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရှိပြီး NCA လက်မှတ်‌ရေးထိုးရန် ညှိနှိုင်း‌နေဆဲဖြစ်‌ကြောင်း သိရပါသည်။ ကယားပြည် နယ် ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းပြီး‌နောက် ကျင်းပသည့် ၂၀၁၇ခုနှစ် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ပြည်နယ် လွှတ်‌တော်ကိုယ် စားလှယ်တစ်ဦး အနိုင်ရရှိခဲ့သည်။

ကရင်ပြည်နယ်တွင် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ဒီမိုရက်တစ်ပါတီ(KDP)နှင့် စည်းလုံးညီညွှတ်‌သော ကရင်အမျိုးသားပါတီ(KNUP) ‌လေးပါတီပူး‌ပေါင်းပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) အမည်ဖြင့် ပူး‌ပေါင်းပါတီသစ်ကို (၂၂-၂-၂၀၁၈)တွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ မှတ် ပုံတင်ခွင့်ပြုမိန့်အမှတ် (၁၀၈)ဖြင့် ဖွဲ့စည်းထူ‌ထောင်ခဲ့ပြီး ပါတီ၏အလုပ်အမှု‌ဆောင်‌ကော်မတီနှင့် ခရိုင်ပါတီ‌ကော်မတီတစ်ခု၊ မြို့ နယ်ပါတီ‌ကော်မတီ ၅ခု၊ မြို့‌ဒေသ‌ကော်မတီ ၂ခုနှင့် ရပ်/‌ကျေး‌ကော်မတီများကို ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ဖြစ်ပါသည်။

ပူး‌ပေါင်းလိုက်‌သော ၄ပါတီအနက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းခြင်းမပြုဘဲ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီဝင် အချို့သာ ပါဝင်ပူး‌ပေါင်းလိုက်ခြင်းသည် ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ပြည်မဘက်ရှိ ကရင်တိုင်းရင်းသားပါတီနှစ်ခုဖြစ်‌သော KPP နှင့် KNP တို့မှာ နယ်‌မြေ‌ဒေသ ကွာ‌ဝေးခြင်းနှင့် အခြားအ‌ကြောင်းအချက်အချို့‌ကြောင့် ကရင်ပြည်နယ်ရှိ ပူး‌ပေါင်းလိုက် ‌သော ပါတီနှင့် ‌ပေါင်းစည်းနိုင်ခဲ့ခြင်း မရှိပါ။ သို့ရာတွင် ၎င်းတို့နှစ်ပါတီသည် ၂၀၂၀‌ရွေး‌ကောက်ပွဲတွင် ညှိနှိုင်း‌ဆောင်ရွက်သွား ကြမည်ဟု ‌လေ့လာသိရှိရပါသည်။

ကရင်ပြည်နယ်တွင် ပဒို‌အောင်ဆန်းအဖွဲ့နှင့် ‌စောသုမူဟဲအဖွဲ့ ဟူသည့် လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့မှာ လက်နက်နှင့် ငြိမ်းချမ်း‌ရေးကို လဲလှယ်ခဲ့ကြပြီးဖြစ်သည်။ KNU/KNLA (PC) ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ DKBA နှင့် KNU တို့မှာ လက်နက်ကိုင်ထားဆဲ ကရင် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး DKBA မှ‌နေ၍ နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းသွားသည့် တပ်ဖွဲ့လည်းရှိသည်။ ထို့အပြင် သံ‌တောင်‌မြောက်ခြမ်းတွင် KNU အဖြစ်မှ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်‌ပြောင်းအဖွဲ့ရှိသည်။ အပစ်ခတ်ရပ်စဲထား‌သော DKBA အဖွဲ့မှ ခွဲထွက်သွားသည့် ခွဲထွက် DKBA အဖွဲ့တစ်ဖွဲ့လည်း ရှိ‌နေပါသည်။ ၎င်းတို့အားလုံးလည်း KNU ကရင်အမျိုးသားအစည်းအ ရုံးတွင် အတူတကွ ‌ဆောင်ရွက်ခဲ့သူများဖြစ်‌သော်လည်း ပြည်တွင်းသို့ ဝင်‌ရောက်လာ‌သောအခါ တသီးတခြားစီ ဖြစ်ခဲ့သည်။ သို့ရာတွင် တစ်ပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး (NCA) စာချုပ်တွင် လက်မှတ်‌ရေးထိုးခဲ့ကြပြီးဖြစ်သည်။

ကချင်ပြည်နယ်တွင် ယခင်က ကချင်ပါတီ (၇)ပါတီရှိပါသည်။ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party -KDP) ကချင်ပြည်နယ်ဒီမိုက‌ရေစီပါတီ (Kachin State Democracy Party -KSDP)၊ စည်းလုံးညီညွှတ်‌သော ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် (Unity and Democracy Party-Kachin State – UDP-KS)၊ ကချင်အမျိုးသားကွန်ကရက် (Kachin National Congress – KNC) ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (Kachin State Progressive Party – KSPP)၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (Lisu National Development Party – LNDP) နှင့် ‌လော်‌ဝေါ် အမျိုးသားစည်းလုံးညီညွှတ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (Lhaovo National Unity and Development Party)တို့ ဖြစ်သည်။

၎င်းတို့အနက် ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSPP)သည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် မှတ်ပုံတင်ခွင့်မရခဲ့ပါ။ လီဆူးနှင့် ‌လော်‌ဝေါ်ပါတီများသည် သီးခြားမျိုးနွယ်စုပါတီများဖြစ်ပြီး KDP,KSDP,UDP(KS) တို့မှာ ကချင်မျိုးနွယ်စုဝင်ပါတီကြီးများဖြစ် သည်။ ထို‌လေးပါတီတို့‌ပေါင်းစည်းရန် သ‌ဘောတူခဲ့ကြ‌သော်လည်း ‌နောက်ပိုင်း၌ သ‌ဘောထားကွဲလွဲမှုအချို့‌ကြောင့် KDP, KSDP, UDP(KS) သုံးပါတီသာ ပူး‌ပေါင်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party – KSPP) အမည်ဖြင့် ၂၀၁၉ခု၊ ဇူလိုင်လအတွင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ မှတ်ပုံတင် ခွင့်ပြုမိန့်အမှတ် (၁၁၅)ဖြင့် မှတ်ပုံတင်ခွင့်ရခဲ့ပြီး ဖြစ်သည်။ ပူး‌ပေါင်းပါတီတွင် ပါတီကြီး ၅ခုမှ တစ်ပါတီလျှင် ၅ဦးစီဖြင့် ဦး‌ဆောင်‌ကော်မတီဝင် (၂၅)ဦးကို အချိုးညီမျှစွာ ဖွဲ့စည်း ထားပါသည်။ ပါတီ (၅)ပါတီဆိုရာတွင် ပူး‌ပေါင်းဖြစ်သွား‌သော (၃)ပါတီနှင့် ယခင်မှတ်ပုံတင်ခွင့်မရ‌တော့‌သော KSPP နှင့် KNC တို့မှ ပါတီဝင်များဖြစ်ကြပါသည်။

‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာအချို့ အနိုင်ရရှိ‌သော KSDP ပါတီ ဥက္ကဌ ‌ဒေါက်တာမနမ်တူးဂျာကို ပူး‌ပေါင်းပါတီသစ်၏ ဥက္ကဌ အဖြစ်လည်း‌ကောင်း၊ UDP(KS) ပါတီ၏ဥက္ကဌ ဦးခက်ထိန်နန်ကို ဒုတိယဥက္ကဌ-၁ အဖြစ်လည်း‌ကောင်း၊ KDP ပါတီ၏ ဥက္ကဌ ဦးဂျီ ‌အောင်ခမ်းကို ဒုတိယဥက္ကဌ-၂အဖြစ်လည်း‌ကောင်း၊ အတွင်း‌ရေးမှူးနှစ်ဦးကို KSDP နှင့် KDP ပါတီများမှလည်း‌ကောင်း၊ ညှိနှိုင်း ‌ရွေးချယ်ထားကြ‌ကြောင်း သိရှိရပါသည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပူး‌ပေါင်းဖြစ်တည်လာ‌ရေးအတွက် ကချင်ဘာသာ‌ရေး အဖွဲ့အစည်းများ၊ လူမှု‌ရေးအဖွဲ့အစည်းများ၊ ယဉ်‌ကျေးမှု အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်အတိုင်ပင်ခံအဖွဲ့မှ ဦး‌ဆောင်၍ တွန်းအား‌ပေး‌စေ့စပ် ညှိနှိုင်းခဲ့ခြင်းဖြစ်‌ကြောင်းလည်း သိရှိရပါသည်။

ကချင်ပြည်နယ်တွင် NCA လက်မှတ်မထိုးရ‌သေး‌သော ကချင်လွတ်‌မြောက်‌ရေးဖွဲ့ (KIO)၊ ဌာ‌နေပြည်သူ့စစ်များနှင့် နယ်ခြား ‌စောင့်တပ် (BGF)သုံးဖွဲ့ရှိ‌ကြောင်း ‌လေ့လာသိရှိရပါသည်။ ကချင်ပူး‌ပေါင်းပါတီသည် ယခုအချိန်အထိ မြို့နယ် (၅)မြို့နယ်တွင် ပါတီ‌ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်‌ကြောင်း သိရှိရပါသည်။

ချင်းပြည်နယ်တွင် တကယ့် ချင်းပါတီက (၃)ပါတီသာရှိသည်။ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်‌ရေးမျိုးနွယ်စုပါတီ ‌ခေါ် (Ethnic Nationality Development Party)သည်လည်း‌ကောင်း၊ ပြည်မတွင် အ‌ခြေစိုက်သည့် ဇိုမီးနှင့် အရှိုချင်းပါတီသည်လည်း ‌ကောင်း၊ ချင်းမျိုးနွယ်စုထဲရှိ ချင်းပါတီများဖြစ်သည်။ ချင်းအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (Chin National League for Democracy)အဖြစ် ပူး‌ပေါင်းဖွဲ့စည်းလိုက်သည့်ပါတီများမှာ ‌အောက်ပါအတိုင်းဖြစ်သည်။
၁။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (Chin National Democratic Party)
၂။ ချင်းဒီမိုက‌ရေစီအဖွဲ့ချုပ် (Chin National League for Democracy)
၃။ ချင်းဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (Chin Progress Party)

၂၀၁၉ခုနှစ်၊ ဇွန်လ (၁၁)ရက်‌နေ့တွင် ပါတီပူး‌ပေါင်းဖွဲ့စည်းတည်‌ထောင်ခွင့် မှတ်ပုံတင်အမှတ် ၁၁၆/၂၀၁၉ ဖြင့် တရားဝင် မှတ်ပုံ တင်ခွင့်ရရှိခဲ့ပါသည်။ ချင်းပြည်နယ်ရှိ မြို့နယ် ၉မြို့နယ်အနက် ယခုဆိုလျှင် မြို့နယ် ၄မြို့နယ်၌ ပါတီဆိုင်းဘုတ်တင်ခြင်း၊ မြို့ နယ်ရုံး ဖွင့်လှစ်ခြင်း စသည်တို့ကို ဖွဲ့စည်း ‌ဆောင်ရွက်ထားပြီး‌ကြောင်း သိရှိရပါသည်။

၎င်းတို့ပါတီ၏ (CEC) ‌ရွေးပြီးမပြီး မသိရ‌သေးပါ။ Khumi (Khami) National Party(‌ခေါ်) ခူမီး(ခမီး)အမျိုးသားပါတီ (Ethnic National Development Party) (‌ခေါ်) တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုး‌ရေးပါတီ၊ ASho Chin National Party (‌ခေါ်) အရှို ချင်း အမျိုးသားပါတီ၊ Zo National Region Development Party (‌ခေါ်) ဇိုတိုင်းရင်းသား‌ဒေသဖွံ့ဖြိုး‌ရေးပါတီ၊ Zomi Congress for Democracy Party (‌ခေါ်) ဇိုမီးဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီများသည်လည်း ချင်းပါတီများဖြစ်ကြပြီး မျိုးနွယ်စုသီးခြားဖြစ်ကြသဖြင့် ပူး‌ပေါင်းပါတီထဲ၌ မပါဝင်‌ကြောင်း သိရှိရပါသည်။ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (Chin National Front) ဟူသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ရှိပြီး အစိုးရနှင့် NCA လက်မှတ်‌ရေးထိုးပြီးဖြစ်သည်။

မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ (All Mon Region Democracy Party) နှင့် မွန်အမျိုး သားပါတီ (Mon National Party) တို့ ပူး‌ပေါင်းပြီး မွန်ညီညွှတ်‌ရေးပါတီ (Mon Unity Party)အမည်ဖြင့် ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၁)ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုမိန့်အမှတ်(၁၁၇)ဖြင့် ပါတီပူး‌ပေါင်း ဖွဲ့စည်းလိုက်ပြီး ဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်နှင့် တနသင်္ာရီ၊ ပဲခူးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် မွန်ညီညွှတ်‌ရေးပါတီ၏ မြို့နယ်‌ကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ ပူး‌ပေါင်းလိုက်‌သော မွန်ညီညွှတ်‌ရေးပါတီသို့ မွန်အ မျိုးသမီးပါတီ ဝင်‌ရောက်ပူး‌ပေါင်းခြင်းမရှိပါ။ မွန်အမျိုးသမီးပါတီသည် ၂၀၂၀‌ရွေး‌ကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း၌ ဝင်‌ရောက် ယှဉ်ပြိုင်မည်မဟုတ်‌ကြောင်း သိရှိရပါသည်။ မွန်ပြည်နယ်တွင် မွန်ပြည်သစ်ပါတီ (New Mon State Party) ဟူသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရှိပြီး အစိုးရနှင့် NCA စာချုပ် လက်မှတ်‌ရေးထိုးထားပြီးဖြစ်ပါသည်။

ရခိုင်အမျိုးသားပါတီ (Arakan National Party) သည် ရခိုင်ဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (Arakan League for Democracy) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ (Rakine Nationalities Development Party) တို့ ၂၀၁၄ခုနှစ်တွင် ပူး‌ပေါင်းခဲ့ရာမှ ‌ပေါ်‌ပေါက်လာသည့်ပါတီ ဖြစ်သည်။ တိုင်းရင်းသားမဟာမိတ်ပါတီများဖြစ်သည့် UNA နှင့် NBF အဖွဲ့များသို့ ဝင်‌ရောက်‌ရေးနှင့် ပတ်သက်၍ သ‌ဘောထား မတိုက်ဆိုင်ကြသဖြင့် ထိုပါတီပူး‌ပေါင်းမှုမှာ ‌နောက်ပိုင်းတွင် ခိုင်မာခြင်း မရှိ‌တော့‌ချေ။

၂၀၁၉ခုနှစ်၊ ‌မေလ (၃၀-၃၁) ရက်‌နေ့များ၌ ကျင်းပပြုလုပ်‌သော ရခိုင်အမျိုးသားပါတီ၏ ညီလာခံတွင် ပါတီ၏ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုက‌ရေစီနည်းကျကျ ပါတီဥက္ကဌ ဦးသာထွန်းလှနှင့် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးခိုင်ပြည်စိုးတို့ကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းရှိ ၁၇မြို့နယ်လုံးနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့၌ ပါတီ‌ကော်မတီများ ဖွဲ့စည်းတည်‌ထောင်နိုင်ပြီးဖြစ်သည်။

ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်မျိုးနွယ်စုပါတီများမှာ ရခိုင်အမျိုးသား အင်အား စုပါတီ (Rakine National Force)၊ ရခိုင်ဦး‌ဆောင်ပါ တီ (Arakan Front Party)၊ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီများဖြစ်ပြီး အခြားမျိုးနွယ်စုပါတီများမှာ ရန်ကုန်အ‌ခြေစိုက် ကမန်အမျိုးသားတိုးတက်‌ရေးပါတီ (Ka Man National Development Party)၊ ခမီအမျိုးသားဖွံ့ဖြိုး‌ရေးပါတီ (Kha Me National Development Party)၊ မြိုအမျိုးသားဒီမိုက‌ရေစီပါတီ (Mro National Democracy Party)၊ မြိုတိုင်းရင်း သားဖွံ့ဖြိုး‌ရေးပါတီ (Mro National Development Party)၊ မြိုတိုင်းရင်းသားပါတီ (Mro National Party)၊ ရခိုင်ပြည်နယ်အမျိုး သားအင်အားစု၊ (Rakine State National United Party)၊ ဒိုင်းနက်လူမျိုးများတိုးတက်‌ရေးပါတီ (Daingnet National Deve-lopment Party) စသည်ဖြင့် အခြားပါတီ (၇)ပါတီလည်း ဖွဲ့စည်းထူ‌ထောင်ထား‌ကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ရခိုင်တပ်မ‌တော်(Arakan Army) နှင့် ရခိုင်အမျိုးသား‌ကောင်စီ(Arakan National Council-ANC)တို့ ရှိပါသည်။ ရခိုင်ပြည်နယ်သည် ပါတီအဖွဲ့အစည်းများ သ‌လောက် ပြဿနာ‌ပေါင်းစုံလည်းရှိ‌နေ‌ကြောင်း အားလုံး သိရှိကြပါသည်။ AA သည် NCA စာချုပ်လက်မှတ်‌ရေးထိုးထားခြင်း မရှိ‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး Arakan National Party – ALP သည် NCA စာချုပ် လက်မှတ်ထိုး ထားသည့် ခိုင်စိုးနိုင်‌အောင်နှင့် ‌ဒေါ်‌စောမြရာဇာလင်းတို့ အဖွဲ့ဖြစ်သည်။

နိုင်ငံ‌တော်၏ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်‌သော ရှမ်းပြည်နယ်တွင် လက်ရှိအ‌ခြေအ‌နေ၌ ပါတီကြီးနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်း သားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (Shan Nationalities League for Democracy – SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ (Shan Nationalities Democratic Party – SNDP) တို့အပြင် အခြားတိုင်းရင်းသားပါတီ‌ပေါင်းများစွာ ဖွဲ့စည်း ထား‌ကြောင်း ‌တွေ့ရပါသည်။

‘အခါ’ အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(ANDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ (DNDP)၊ ဓနုအမျိုးသားများအဖွဲ့ ချုပ်ပါတီ (DNOP)၊ ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်‌ရေးဒီမိုကရက်တစ်ပါတီ (ESSDDP)၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက် ‌ရေးပါတီ (INDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ကိုးကန့်ဒီမိုက‌ရေစီနှင့် ညီညွှတ်‌ရေးပါတီ (KDUP)၊ လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်‌ရေးပါတီ(LHNDP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရှမ်းနီ-တိုင်းလိုင်နှင့် ‌မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ ‌သွေးစည်းညီ ညွှတ်‌ရေးပါတီ (SnNSESP)၊ တ‌အောင်း- ပ‌လောင်အမျိုးသားပါတီ (TAPNP)၊ တိုင်းလိုင်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (TNDP) ၊ ပြည်‌ထောင်စု ပအိုအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ပါတီ (U Pa ONO)၊ ‘၀’လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုး‌ရေး ပါတီ (WLDDP)၊ ဝအမျိုးသားစည်းလုံးညီညွှတ်‌ရေးပါတီ (WNUN) စသည်ဖြင့် ၁၅ပါတီရှိပါသည်။ ထို့အပြင် ရှမ်းပြည်နယ်အ တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ၅ခု ရှိသည်။ မြို့နယ် ၅မြို့နယ်ဖြင့် ဖွဲ့ထား‌သော “၀”၊ မြို့နယ် ၃မြို့နယ်ဖြင့် ဖွဲ့ထား‌သော “ပအိုဝ်း”၊ မြို့နယ် ၂မြို့နယ်စီဖြင့် ဖွဲ့ထား‌သော “တ‌အောင်း-ပ‌လောင်”၊ “ကိုးကန့်”၊ “ဓနု”၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသများ ဖြစ် သည်။

ရှမ်းပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသား မျိုးနွယ်စုပါတီများနှင့် ရှမ်းပါတီများ ပူး‌ပေါင်းရန် မဆိုထားနှင့်။ ရှမ်းပါတီ အချင်းချင်း မဟာမိတ်ပြု‌ရေးပင် မ‌ဆောင်ရွက်နိုင်‌သေး‌ကြောင်း ‌တွေ့ရပါသည်။ သို့‌သော် ရှမ်းပြည်ညီညွှတ်‌ရေး‌ကော်မတီ (Committee for Shan State Unity – CSSU)ကိုမူ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ၊ ‌ရှေ့‌နေများကွန်ယက်၊ ရှမ်းလူငယ်အဖွဲ့၊ ရှမ်းပြည် မျိုးဆက် သစ်၊ ရှမ်း‌ရွှေ့‌ပြောင်းအလုပ်သမားအဖွဲ့၊ RCSS နှင့် စိုင်‌ကျော့ပြည်သူ့စစ်တပ်ဖွဲ့များဖြင့် ၂၀၁၃ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၆လတစ် ကြိမ် ‌တွေ့ဆုံ၍ ရှမ်းတစ်ပြည်နယ်လုံး စည်းလုံးညီညွှတ်‌ရေးနှင့် တိုးတက်‌ရေးတို့အတွက် ညှိနှိုင်းတိုင်ပင်ကြ‌ကြောင်း သိရှိရသည်။

ထိုအဖွဲ့တွင် SNLD ပါတီ (‌ခေါ်) ကျား‌ခေါင်းပါတီ ပါဝင်ခြင်းမရှိ‌ကြောင်းနှင့် စု‌ပေါင်း‌ခေါင်း‌ဆောင်မှုအသွင် ‌ဆောင်ရွက်ကြ ‌ကြောင်း သိရှိရပါသည်။ ၎င်းအပြင် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီ ၁၇ပါတီအနက် ၁၁ပါတီ ပူး‌ပေါင်းပြီး ရှမ်းပြည်တိုင်းရင်း သားပါတီများအဖွဲ့ချုပ် (League for Shan State Ethnic Political Parties LSSEPP)ကိုလည်း ဖွဲစည်းထား‌ကြောင်း သိရှိရ သည်။ ခွန်ထွန်းဦးနှင့် စိုင်းအိုက်‌ပေါင်းတို့ ရှမ်း‌ခေါင်း‌ဆောင်နှစ်ဦးက ကျား‌ခေါင်းပါတီအမည်ဖြင့် ၁၉၉ဝခုနှစ်တွင် ‌ရွေး‌ကောက်ပွဲ ဝင်ခဲ့ရာ အနိုင်ရရှိခဲ့‌သော်လည်း ခွန်ထွန်းဦးအဖမ်းခံရသည့် ၁၉၉၃ခုနှစ်မှစ၍ ကျား‌ခေါင်းပါတီ လှုပ်ရှားမှု ‌လျော့နည်းလာသည်။

၎င်း‌နောက် ၂၀၁ဝတွင် စိုင်းအိုက်‌ပေါင်းမှ SNDP (‌ခေါ်) ကျားဖြူပါတီကိုဖွဲ့စည်းပြီး ‌ရွေး‌ကောက်ပွဲဝင်ချိန်၌ ခွန်ထွန်းဦးတို့၏ ကျား‌ခေါင်းပါတီမှာ ‌ရွေး‌ကောက်ပွဲမဝင်ပါ။ ၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲတွင်မှ ကျား‌ခေါင်းပါတီ ‌ရွေး‌ကောက်ပွဲ ပြန်ဝင်ခဲ့ပါသည်။ ဆို ရပါလျှင် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး‌ပေါင်းစုံတို့၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေသည်လည်း လွန်စွာ ရှုတ်‌ထွေး အကဲဆတ်လှ‌ကြောင်း ‌ဖော်ပြလိုပါသည်။

စင်စစ်တိုင်းရင်းသားများသည်လည်း သည်‌မြေထဲမှာ‌မွေး၊ သည်‌မြေထဲမှာသာ‌နေသူများဖြစ်၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုစိတ် ရှိကြမည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။ သို့ရာတွင် ‌ဖော်ပြခဲ့သည့်အတိုင်း အကွဲကွဲအပြားပြား အမျိုးမျိုး‌သောပါတီများ၊ လက်နက် ကိုင်များဖြင့် ဖွဲ့စည်းတည်‌ထောင်ထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ လားရာကို မည်သို့မျှ ရှုမြင်သုံးသပ်ချက် မ‌ပေးနိုင် ပါ။

လွတ်လပ်‌ရေးရပြီးစ ၁၉၄၈တွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ မ‌ပေါ်‌ပေါက်ခဲ့။ ဖဆပလ၊ ပထစ၊ ပမညတ၊ တည်မြဲ-သန့်ရှင်း စသည့် ဗမာပါတီများသာ ‌ပေါ်‌ပေါက်ခဲ့သည်။ ၁၉၅၂၊ ၁၉၅၆ခုနှစ်များတွင် ကျင်းပ‌သော ‌ရွေး‌ကောက်ပွဲများ၌ မည်သည့် တိုင်းရင်း သားနိုင်ငံ‌ရေးပါတီကမျှ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းမရှိ၊ ဖွဲ့စည်းနိုင်ခြင်းလည်း မရှိခဲ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ တစ်ပါတီအာဏာ ရှင်‌ခေတ်တွင် ဘယ်တိုင်းရင်းသားကမျှ ပါတီ‌ထောင်ရန် မစဉ်းစားဝံ့ကြ။ ၁၉၉ဝခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး‌စော‌မောင် ကျင်းပ‌ပေးခဲ့ ‌သော ‌ရွေး‌ကောက်ပွဲ၌ တိုင်းရင်းသားပါတီအနည်းငယ်သာ ဝင်‌ရောက်ယှဉ်ပြိုင်နိုင်ပြီး ‌အောင်မြင်မှု ‌လောက်‌လောက်လားလား မရှိ ခဲ့ပါ။

၂၀၁ဝခုနှစ် ပါတီစုံဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲ ကျင်းပ‌သောအခါ တိုင်းရင်းသားပါတီများစွာ ထူ‌ထောင်လာကြသည်။ ‌ရွေး‌ကောက်ပွဲ ဝင်သည်။ များများစားစား မနိုင်၊ ၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် အ‌ခြေ အ‌နေ ပို၍ဆိုးသည်။ ‌သောင်ပြိုကမ်းပြို ရှုံးကြသည်။ ထို‌တော့မှ တိုင်းရင်းသားများ ကွဲပြဲ၍ မရ‌ကြောင်း၊ မသင့်‌ကြောင်း၊ ကွက်ကွက်ကွင်းကွင်း သိမြင်လာကြသည်။ အထက်တွင် ‌ဖေါ်ပြခဲ့သည့်အတိုင်း ‌ပေါင်းစည်းရန် ကြိုးစားကြသည်။ သို့‌သော် ရာခိုင်နှုန်းပြည့် မ‌အောင်မြင်။ တစ်ပါတီကျန်၊ နှစ်ပါတီကျန် ဖြစ် ‌နေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း UNFC ဖွဲ့လိုက်၊ ပြန်ခွာလိုက်။ PPST မှ PPCM လိုလို၊ NCA ထိုးသူထိုး၊ မထိုးသူမထိုး၊ အမျိုးမျိုး အဖုံဖုံ သ‌ဘောထားချင်း မစုံမညီကြလျှင် ‌အောင်မြင်မှုပန်းတိုင်ကို မည်သို့ လှမ်းကိုင်နိုင်ကြ မည်နည်း …။ UNA/NBF ‌ခေါ် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ အစုအဖွဲ ့ ၂ဖွဲ့မှ‌နေပြီး တစ်ဖွဲ့တည်းထား၍ မရနိုင်သ‌လော…။ ယခုနှစ် ပြည် နယ် ၇ခုအနက် ပြည်နယ် ၅ခုတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ ပူး‌ပေါင်းလာကြသည်။ ထိုပူး‌ပေါင်းပါတီများနှင့် UNA/NBF တစ်သံတည်းထွက်ပြီး တိုင်းရင်းသားအ‌ရေးကို ‌ဆောင်ရွက်‌ပေးကြလျှင် မ‌ကောင်း‌လေသ‌လော…….။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ မည်သို့ စဉ်းစားကြမည်နည်း…။ ၂၀၂ဝအလွန် ထွက်‌ပေါ်လာမည့် ‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် မည်သို့ ကြိုတင်ဉာဏ်ဆင်ကြမည်နည်း။ တိုင်းရင်းသားတို့၏ အခွင့်အ‌ရေးအတွက် တိုင်းရင်းသား များ မည်သည့်ဖက်သို့ ‌ရွေ့လျားသင့်သနည်း… ။
တိုင်းရင်းသားများကိုယ်တိုင်သာ ‌တွေ့ဆုံညှိနှိုင်းအဆုံးအဖြတ်‌ပေး အ‌ဖြေရှာရ‌တော့မည်သာ ဖြစ်ပါသည်။
ကရင်နိုင်ငံ‌ရေးသု‌တေသီတစ်ဦး

မှတ်ချက် –
ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ့အစည်းများအ‌ကြောင်း ‌ရေးသား‌ဖော်ပြ ရာ၌ ‌ရှေ့‌နောက်မညီမျှမှုများ၊ အချိန်ကာလလွဲမှား‌နေသည်များရှိ‌နေနိုင်သည်ဖြစ်၍ နားလည်‌ပေးကြပါရန် ‌မေတ္တာရပ်ခံလိုပါသည်။