Home သတင်း တရားမဝင် နိုင်ငံခြားသားများအ‌ရေး ပွင့်လင်းမြင်သာစွာရှိရန်နှင့် ထိ‌ရောက်စွာအ‌ရေးယူရန် KNDP ပါတီ တိုက် တွန်း

တရားမဝင် နိုင်ငံခြားသားများအ‌ရေး ပွင့်လင်းမြင်သာစွာရှိရန်နှင့် ထိ‌ရောက်စွာအ‌ရေးယူရန် KNDP ပါတီ တိုက် တွန်း

2431

‌အောက်တိုဘာ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

နိုင်ငံအတွင်းရှိ မြို့အချို့တွင်ဖြစ်‌ပေါ်‌နေသည့် နိုင်ငံခြားသားများတရားမဝင် ဝင်‌ရောက်‌နေမှုများကို ပြည်သူလူထု အား ပွင့်လင်းမြင်သာစွာ အသိ‌ပေးထုတ်ပြန်သွားရန်နှင့် ခွင့်ပြုချက်မရှိဘဲ ဝင်‌ရောက် ‌နေထိုင်‌နေမှုများကို ထိ ‌ရောက်စွာ အ‌ရေးယူအပြစ်‌ပေးရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က အစိုးရအား တိုက်တွန်း ‌တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာ ၃ဝ ရက် (ယမန်‌နေ့)က ပြုလုပ်ခဲ့‌သော KNDP ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ လစဉ်ပုံမှန်အစည်းအ‌ဝေးအပြီးတွင် ပါတီအ‌နေဖြင့် ယခုလို သ‌ဘောထားထုတ်ပြန်‌ကြေညာ၍ တိုက်တွန်း‌တောင်းဆို လိုက်ခြင်းလည်း ဖြစ်သည်။

KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက “မြဝတီမြို့ရဲ့ နမူနာကို ယူပြီး‌တော့ အခြားမြို့‌တွေ၊ နယ်‌တွေမှာ လည်းရှိ ‌နေကြတယ်ဆို‌တော့ နိုင်ငံ‌တော်အစိုးရကလည်း ဘယ်လိုစီစဉ်လဲ‌တော့ မသိဘူး‌ပေါ့။ ခု ‌ရွှေကုက္ကို (မြဝတီမြို့ နယ်)မှာ တရုတ်မြို့တည်မယ်။ ‌မြေဧက ချ‌ပေးတာက ဒီ‌လောက်ပဲ။ လုပ်တာကတပုံကြီး အဲဒီလို တို့သတင်း ပဲကြားတယ်။(အစိုးရက) ပွင့်ပွင့်လင်းလင်း တို့ကိုချပြဖို့လိုတယ်” ဟု ယ‌နေ့(‌အောက်တိုဘာ ၁ ရက်) တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် နိုင်ငံခြားသားများမှ မြန်မာတိုင်းရင်းသူများအား မယားအဖြစ် ဝယ်ယူမှုများရှိ‌နေခြင်း၊ မြဝတီမြို့တွင် မူးယစ်ရမ်းကားသည့်ဖြစ်စဉ်များ ဖြစ်‌ပေါ်ခဲ့ခြင်း စသည့် မလိုလားအပ်‌သော လူမှု‌ရေး၊ လူမျိုး‌ရေး ပြဿနာများ ‌ကြောင့် ‌ရေရှည်၌ ကရင့်ဘဝလုံခြုံ‌ရေးကိုပါ ထိခိုက်လာနိုင်သည့်အတွက် ယခုလို ထုတ်ပြန်‌ကြေညာရခြင်း ဖြစ် ‌ကြောင်းလည်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

လက်ရှိကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများ အများအပြားဝင်‌ရောက်‌နေလျက်ရှိပြီး ၎င်းတို့မှာ ရန်ကုန်အပြင် ကရင်ပြည်နယ်ရှိ ဖားအံနှင့် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ဘက်များမှတစ်ဆင့် တရားဝင်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊ ဗီဇာတို့ဖြင့် ဝင်‌ရောက်လာခြင်းဖြစ်‌ကြောင်းလည်း ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန -လဝက ဦးစီးမှူးရုံးထံမှ သိရသည်။

ထို့အတူ မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ‌ကျော‌ထောက်‌နောက်ခံဖြင့် ဝင်‌ရောက်‌နေထိုင်သူ တရုတ် နိုင်ငံသား ၅,၀၀ဝ ဦးခန့် ရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောဆိုမှုများရှိ‌နေ‌သော်လည်း အဆိုပါ နိုင်ငံခြားသားများ အ‌ရေးကိစ္စနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာများမှ စိစစ်ထုတ်ပြန်မှု အားနည်း‌နေသည်ကို ‌တွေ့ရ‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

KNDP ၏ ယမန်‌နေ့ ထုတ်ပြန်‌ကြေညာချက်ထဲတွင် နိုင်ငံခြားသားအ‌ရေးကိစ္စအပြင် ကရင်အာဇာနည်‌နေ့ ကျင်း ပခြင်းကို ဟန့်တား‌နှောင့်ယှက်ခြင်း၊ ဦး‌ဆောင်သူများအား ဖမ်းဆီးအ‌ရေးယူခြင်းသည် ငြိမ်းချမ်း‌ရေးကို ထိခိုက် ‌စေ‌သော‌ကြောင့် ကန့်ကွတ်ရှုတ်ချ‌ကြောင်းနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ တုံ့ဆိုင်း‌ဝေဝါး‌နေသည့်အ‌ပေါ် အမြန်ဆုံး ဆက်လက်အ‌ကောင်အထည်‌ဖော်ရန် တိုက်တွန်းနှိုး‌ဆော်‌ကြောင်းလည်း ပါရှိသည်။

ယခု ထုတ်ပြန်ချက်မှာ တရားမဝင် နိုင်ငံခြားသားအ‌ရေးကိစ္စများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားဒီမိုက ရက် တစ်ပါတီ(KNDP)မှ ၎င်းတို့၏ သ‌ဘောထားကို တရားဝင် ထုတ်‌ဖော်‌ပြောဆိုလာခြင်းလည်းဖြစ်သည်။