Home သတင်း တပ်မ‌တော် လမ်း‌ဖောက်လုပ်မှုမလိုလားသည့် ‌ကျောက်ကြီး ကရင်‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

တပ်မ‌တော် လမ်း‌ဖောက်လုပ်မှုမလိုလားသည့် ‌ကျောက်ကြီး ကရင်‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

2370

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာ‌နေ ကရင်တိုင်းရင်းသားများမှ ၎င်းတို့‌နေထိုင်ရာ ‌ဒေသ များအတွင်း အစိုးရ တပ်မ‌တော်မှ ဝင်‌ရောက်လမ်း‌ဖောက်‌နေမှုများအ‌ပေါ် မလိုလားသည့်အတွက် ယမန်‌နေ့ ‌အောက်တိုဘာလ ၁၇ ရက်‌နေ့ နံနက်ပိုင်းက ဆန္ဒထုတ်‌ဖော်မှုတစ်ခုပြုလုပ်ခဲ့ကြသည်။

ဌာ‌နေ ကရင်‌ဒေသခံများကိုယ်တိုင် ဦး‌ဆောင်ပြီး ကရင်‌ကျေးရွာ‌ပေါင်း ၁၈ ရွာမှ ‌ဒေသခံ ၃၈၇ ဦးပါဝင်သည့် အ ဆိုပါ ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဦး‌ဆောင်သူတစ်ဦးဖြစ်သူ ‌စောဝါးဒိုက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “ မြန်မာ့တပ်မ‌တော်အ‌နေနဲ့ ဒီလိုလမ်း‌ဖောက်‌နေတာ‌တွေဟာ ကျ‌နော်တို့ရဲ့ နယ်‌မြေ‌တွေ၊ အခွင့်အ‌ရေး ‌တွေ ထိခိုက်တယ်။ အဲဒါ‌တွေကို ကျ‌နော်တို့အဆုံးရှုံးမခံချင်ဘူး။ ‌နောက်ပြီး NCA လက်မှတ်ထိုးထားတဲ့ ‌ခေါင်း ‌ဆောင်‌တွေအ‌နေနဲ့ NCA ထဲကကတိကဝတ်‌တွေကို လိုက်နာ‌စေချင်တာလည်းပါတယ်။ NCA က‌နေ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးနဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ ဖြစ်‌ပေါ်လာဖို့အတွက် ရည်ရွယ်တာလည်း ဖြစ်တယ်”ဟု ‌ပြောသည်။

‌ဒေသခံများ၏ ဆန္ဒထုတ်‌ဖော်မှုကို နံနက် ၉နာရီမှစတင်ကာ မွန်းလွဲ ၂နာရီအထိပြုလုပ်ခဲ့ကြရာ မြန်မာ့တပ်မ ‌တော်မှလမ်း‌ဖောက်လုပ်‌နေသည့် မူသဲမှ ခလယ်ကျိုးအထိ ချီတက်လမ်း‌လျှောက်ခြင်း၊ ‌ဒေသခံလိုလား ချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကိုင်‌ဆောင်ပြီး ‌ကြွေး‌ကြော်ဆန္ဒထုတ်‌ဖော်ခြင်း၊ ‌ကြွေး‌ကြော်ချက် ပိုစတာများကို စိုက်ထူခြင်းနှင့် ဘုရားဝတ်ပြုဆု‌တောင်းခြင်း အစီအစဉ်များဖြင့်ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်မှုတွင် မြန်မာ့တပ်မ‌တော်အ‌နေဖြင့် ဌာ‌နေလူထုများနှင့်ညှိနှိုင်းတိုင်ပင်မှုမရှိသည့် လမ်း ‌ဖောက်လုပ်မှုများ မလုပ်‌ဆောင်‌ရေး၊ ဌာ‌နေလူထုလုပ်ကိုင်စား‌သောက်သည့် ‌နေရာများပျက်စီးမှု၊ ခြိမ်း‌ခြောက်မှု၊ စိုးရိမ်မှုဖြစ်‌စေသည့် စီမံကိန်းများမလုပ်‌ဆောင်‌ရေး၊ ဌာ‌နေလူထုများ၏ ‌နေရာများအား စိုးမိုးရယူခြင်း မလုပ် ‌ဆောင်‌ရေး စသည့်‌ကြွေး‌ကြော်သံများဖြင့် ချီတက်ဆန္ဒထုတ် ‌ဖော်မှုများပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ‌ကြွေး‌ကြော်သံများတွင် ‌ဒေသခံများ၏ လိုလားချက်များဖြစ်သည့် ဌာ‌နေကရင်တိုင်းရင်းသား နယ် ‌မြေများအတွင်း မြန်မာ့တပ်မ‌တော်မှ တိုက်ပွဲဖန်တီးခြင်း၊ တပ်စခန်းလာ‌ရောက် အ‌ခြေချခြင်းမလုပ်‌ဆောင် ‌ရေးနှင့် မိဘဘိုးဘွားများ၏ ‌မွေးရပ်ဇာတိကို လာ‌ရောက်စိုးမိုးရယူသည့် မြန်မာတပ်မ‌တော် အ‌နေဖြင့် ချက်ချင်း ထွက်ခွာ‌ပေး‌ရေး စသည့်အချက်များလည်း ပါဝင်သည်။

တပ်ရိက္ခာပို့ရန်အတွက် မြန်မာ့တပ်မ‌တော်က အဆိုပါလမ်းများကို ၁၉၉ဝ ခုနှစ်‌နှောင်းပိုင်းတွင် ‌ဖောက်လုပ် ခဲ့ ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက်ဟုဆိုကာ လမ်းကို ပြုပြင်ချဲ့ထွင်မှုများပြုလုပ်လာသည့်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး ‌ညောင်‌လေးပင် ခရိုင်နှင့် မြန်မာ့တပ်မ‌တော်တို့ မကြားခဏ တင်းမာမှုများဖြစ်ပွားခဲ့သည်။

‌ကျောက်ကြီးနှင့် ‌တောင်ငူမြို့များသို့ အလွယ်တကူသွားလာနိုင်မည့် လမ်းအရှည် ၅၁ မိုင် ၇ ဖာလုံရှိသည့် သံဘို -မူသဲ-‌ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း လမ်း‌ဖောက်‌နေမှုများကို တပ်မ‌တော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက ၁၂ ‌ပေလမ်းမှ ၃၄ ‌ပေ အကျယ်လမ်း‌ကြောင်းအဖြစ် နှစ်အလိုက်စီမံချက်ချမှတ်ကာ ပြုပြင်‌ပေး‌နေခြင်းဖြစ်သည်ဟု တပ်မ‌တော်ဘက်က ဆိုသည်။

အဆိုပါလမ်း‌ဖောက်လုပ်မှုများ‌ကြောင့် မြန်မာ့တပ်မ‌တော်မှ ‌ဒေသခံများ‌နေထိုင်ရာ‌နေရာများအတွင်း လမ်းလုံခြုံ ‌ရေးအတွက် ‌နေရာယူခြင်း၊ ‌ဒေသခံများ၏ ‌မြေယာနှင့်အသီးအနှံစိုက်ပျိုးမှုပျက်စီးခြင်းအပြင် KNU နှင့်မြန်မာ့ တပ်မ‌တော်တို့နှစ်ဖက်တင်းမာမှုများ‌ကြောင့် ‌ဒေသခံများထွက်‌ပြေးတိမ်း‌ရှောင်ရသည့်အ‌ခြေအ‌နေများလည်း ဖြစ်‌ပေါ်ခဲ့ဘူးသည်။
ယခု ၂ဝ၁၉ ခုနှစ် ဆန်းပိုင်းတုန်းကလည်း ရာနှင့်ချီ‌သော ‌ကျောက်ကြီး ကရင်‌ဒေသခံများစု‌ပေါင်း၍ အစိုးရ တပ်မ‌တော်၏ လမ်း‌ဖောက်လုပ်မှုကို ဆန့်ကျင်ဆန္ဒထုတ်‌ဖော်မှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။