Home သတင်း ကုလသမဂ္ဂ စွပ်စွဲထားသကဲ့သို့ က‌လေးစစ်သားစု‌ဆောင်းခြင်းမရှိဟု KNU/KNLA-PC ‌ပြော

ကုလသမဂ္ဂ စွပ်စွဲထားသကဲ့သို့ က‌လေးစစ်သားစု‌ဆောင်းခြင်းမရှိဟု KNU/KNLA-PC ‌ပြော

2158

‌အောက်တိုဘာ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် (NCA) ထိုးထားသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်‌သော ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/ KNLA -PC) တွင် ကုလသမဂ္ဂ၌ စွပ်စွဲထားသကဲ့သို့ တပ်တွင်း က‌လေးစစ်သားများ စု‌ဆောင်းအသုံးပြုခြင်းမရှိဟု ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ တာဝန်ရှိသူက ‌ပြောကြားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမအနီး Grade One Hotel ၌ ယ‌နေ့ ‌အောက်တိုဘာ လ ၂၂ရက်‌နေ့တွင် ပြုလုပ်‌သော ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA PC) တပ်ဖွဲ့ထိပ်ပိုင်းအရာရှိများနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ က‌လေးသူငယ်အခွင့်အ‌ရေးများနှင့် သက်ဆိုင်သည့် ကြီး‌လေး‌သောချိုး‌ဖောက်မှုများအား ‌စောင့်ကြည့်‌လေ့လာ‌ရေးနှင့် အစီရင်ခံတင်ပြ‌ရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (Country Task Force on Monitoring and Reporting -CTFMR)နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် KNU/KNLA -PC မှ ဒုတိယဗိုလ်မှူးကြီး ‌စောကိုကြီး‌ကျော်က မီဒီယာသို့ ‌ပြောကြားခဲ့သည်။

“ကျ‌နော်တို့ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ -KNU/KNLA -PC တပ်ဖွဲ့ကို ဗိုလ်ချုပ်ကြီး ထိန်‌မောင် ဦး‌ဆောင်ပြီး ၂၀၀၇ ကတည်းက အစိုးရနဲ့ ငြိမ်းချမ်း‌ရေး စတင်လုပ်‌ဆောင်ခဲ့သလို ဌာနချုပ်ထို့‌ကော်ကိုးနဲ့ မယ်လကြားမှာ နှစ်ဖက်သ‌ဘောတူညီချက်အရ အစိုးရတပ်စခန်း‌တွေ မရှိတဲ့အတွက် တိုက်ပွဲဖြစ်စရာအ‌ကြောင်းလည်းမရှိသလို က‌လေးစစ်သား စု‌ဆောင်းအသုံးပြုခြင်းလည်း မရှိပါဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ရပ်ရွာထဲက ၎င်းတို့တပ်ဖွဲ့ထံ လာ‌ရောက်အပ်နှံကြသည့် မူးယစ်‌ဆေးစွဲလူငယ်များကို မူးယစ်‌ဆေးဖြတ်‌ပေးခြင်း၊ အတတ်ပညာအ‌နေဖြင့် ကွန်ပျူတာ အစရှိသည့်နည်း ပညာများကို သင်ကြား‌ပေးခြင်းမျိုးသာရှိပြီး ထိုသို့ အသက်မပြည့်‌သေး‌သော လူငယ်များကိုလည်း တပ်ဖွဲ့ဝင်စစ်သားအဖြစ် အသုံးချစု‌ဆောင်းခြင်း မပြုလုပ်‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA -PC )မှ ဒုတိယဗိုလ်မှူးကြီး ‌စောကိုကြီး‌ကျော်က ဖြည့်စွက် ‌ပြောကြား သည်။

မြန်မာနိုင်ငံတွင် တပ်မ‌တော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် က‌လေးစစ်သား စု‌ဆောင်းမှုများ၊ တိုက်ပွဲများတွင် စစ်သားအဖြစ် အသုံးပြုမှုများ ရှိ‌နေဆဲဖြစ်သည်ဟု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ဝရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ ၂၀၁၈ ခုနှစ် က‌လေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာ တွင် ‌ဖော်ပြထားခြင်းဖြစ်သည်။

ယ‌နေ့ ပြုလုပ်သည့် အစည်းအ‌ဝေးသည် မူးယစ်‌ဆေးဝါးတားဆီးနှိမ်နှင်း‌ရေးနှင့် (NCA) ထိုးထား‌သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအ‌နေဖြင့် အရပ်ဘက် ပြည်သူ့ဆက်ဆံ‌ရေး ဆိုင်ရာကိစ္စရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခအ‌ပေါ် ကုလသမဂ္ဂအ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်၏ အစီရင်ခံစာအ‌ပေါ်အ‌ခြေခံ၍ ကုလသမဂ္ဂ၏ (CTFMR) နှင့် (KNU/KNLA_PC) တို့ တတိယ အကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အစည်းအ‌ဝေးသို့ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA–PC) တပ်ဖွဲ့မှ စစ်‌ရေးချုပ် ဗိုလ်ချုပ်‌စော‌နေစိုး မြ ဦး‌ဆောင်‌သော ဗျူဟာမှူး၊ တပ်မှူး၊ အရာရှိ စစ်သည် ၄ဝ ဦးခန့်တက်‌ရောက်ခဲ့ပြီး (CTFMR) အဖွဲ့မှ ကိုယ်စားလှယ် ၁ဝ ဦးခန့် တက်‌ရောက်ခဲ့ကြသည်။

KNU/KNLA-PC သည် ယခင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင်(ခ) ‌စောထိန်‌မောင် ဦး‌ဆောင်ပြီး ၂၀၀၇ ခုနှစ်တွင် KNU-ကရင်အမျိုးသား အစည်း အရုံးမှ ခွဲထွက်ကာ နအဖစစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးရယူခဲ့သည်။ လက်ရှိတွင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့်အတူ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထား‌သော ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။