Home သတင်း ကရင်ဖြူလူငယ်နှီး‌နှောဖလှယ်ပွဲ ‌အောက်တိုဘာလ ဒုတိယအပတ်တွင် ကျင်းပမည်

ကရင်ဖြူလူငယ်နှီး‌နှောဖလှယ်ပွဲ ‌အောက်တိုဘာလ ဒုတိယအပတ်တွင် ကျင်းပမည်

2039

‌အောက်တိုဘာလ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌နေပြည်‌တော်‌ကောင်စီနယ်‌မြေအတွင်း ‌နေထိုင်‌နေကြသည့် ကရင်မျိုးနွယ်စုဝင် ကရင်ဖြူတို့၏ လူငယ်နှီး‌နှောဖ လှယ်ပွဲတစ်ခုကို လာမည့် ‌အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်‌နေ့အထိ ပင်‌လောင်းမြို့နယ် သ‌ပြေ ကုန်းအုပ်စု ‌တောင်ကျ‌ကျေးရွာတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ လူငယ်နှီး‌နှောဖလှယ်ပွဲမှာ ကရင်ဖြူလူငယ်များအ‌ရေး လုပ်‌ဆောင်နိုင်ရန် ယခုနှစ်မှစတင်ကာ ဖွဲ့စည်း ထားသည့် ကရင်ဖြူလူငယ်အဖွဲ့အစည်း-KPYO၏ ပထမဆုံးဦး‌ဆောင်ကျင်းပသည့် ကရင်ဖြူလူငယ်နှီး‌နှော ဖလှယ်ပွဲလည်း ဖြစ်သည်။

KPYO ဥက္ကဌ ‌စောသန်းတိုး‌အောင်က “ ကျ‌နော်တို့လူငယ်‌တွေရဲ့‌ပေါင်းစည်းမှုအားကို လိုချင်တယ်။ အမျိုးသား ‌ရေးဆိုတာကိုလုပ်ဖို့ ကျ‌နော်တို့အများကြီးလို‌သေးတယ်။ တစ်ချို့ဆို ဘာမှန်းမသိကြ‌သေးဘူး။ ‌နောက်ပြီး လူငယ်‌တွေရဲ့ရပ်တည်မှုကို ပို‌သေချာ‌စေချင်တယ်။ လူငယ်‌တွေလုပ်ငန်းစဉ်‌တွေကို သူတို့ ကိုယ်တိုင်နား လည်သွား‌စေချင်တဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်”ဟု ‌ပြောသည်။

လာမည့် ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် ပြုလုပ်မည့် ကရင်ဖြူလူငယ်နှီး‌နှောဖလှယ်ပွဲတွင် ကရင်လူငယ် အ စည်းအရုံး -KYO၊ Youth Circle၊ ကရင်ဖြူ‌ရေးရာ‌ကော်မတီအပြင် သံ‌တောင်ကြီးမှ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဆာမူ‌ထော်လူမှုဖွံ့ဖြိုး‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်‌ရောက်ကာ ကရင်ဖြူလူငယ် အဖွဲ့အစည်း‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်‌ရေး‌ဆွေး‌နွေးကြမည်ဖြစ်သည်။

ကရင်ဖြူလူငယ်အဖွဲ့အစည်း -KPYO ကို ရိုးရာယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းများ မ‌ပျောက်ပျက်‌အောင် ‌ဖော် ထုတ်ထိန်းသိမ်းနိုင်‌ရေး၊ အမျိုးသား‌ရေးကို လူငယ်များအ‌နေဖြင့် ပိုမိုပါဝင်လုပ်‌ဆောင်လာနိုင်‌ရေး စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်‌နေ့တွင် ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေ၊ ‌အောင်နန်းချို ‌ကျေးရွာတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။