Home သတင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ထိခိုက်‌စေ‌သော လုပ်ရပ်မျိုး လုပ်‌ဆောင်မည်မဟုတ်‌ကြောင်း KNU ထုတ် ပြန်

ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ထိခိုက်‌စေ‌သော လုပ်ရပ်မျိုး လုပ်‌ဆောင်မည်မဟုတ်‌ကြောင်း KNU ထုတ် ပြန်

2945

စက်တင်ဘာ ၃ဝ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူ

လူမှုကွန်ယက်‌ပေါ်တွင် ‌ပေါ်ထွက်လာသည့် နိုင်ငံ‌တော်သမ္မတရုံး၏ လုံခြုံ‌ရေးသတိ‌ပေးစာ အရ KNU အပါအဝင် ‌မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ဝင်အချို့တို့ပါဝင်သည့် အဖွဲ့ဝင်များ ‌ဖောက်ခွဲ‌ရေး လုပ် ‌ဆောင်ရန် ကြံရွယ်ထား ‌ကြောင်းနှင့်ပတ်သက်၍ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ထိခိုက်‌စေမည့် လုပ်ရပ် မျိုး လုပ်‌ဆောင်မည်မဟုတ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က သ‌ဘောထား ထုတ် ပြန်လိုက်သည်။

KNUအ‌နေဖြင့် ငြိမ်းချမ်း‌ရေး လုပ်ငန်စဉ် ထိခိုက်ပျက်စီး‌စေရန် လုပ်‌ဆောင်မည့် မူဝါဒ မရှိ‌ကြောင်း နှင့် အဖွဲ့၏ လက်‌အောက်ခံ မည်သည့်အဖွဲ့အစည်းကိုမှ ထိုသို့လုပ်‌ဆောင်ရန် ညွန်ကြားထားခြင်းမ ရှိ‌ကြောင်း စက်တင်ဘာ ၂၇ရက်‌နေ့ ရက်စွဲဖြင့် သ‌ဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNUတွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်းက “ သူတို့က ဘယ်လို သတင်းရပြီး ဘယ်လိုလုပ် လဲ‌တော့မသိဘူး။ ‌ကေအဲန်ယူအ‌နေနဲ့က‌တော့ အဲ့လို သ‌ဘောထား‌တွေ အဲ့လို လုပ်မဲ့ အ‌ကြောင်းအရာ‌တွေ မရှိဘူး။လက်‌အောက်ခံ တပ်ဖွဲ့‌တွေကိုလည်း ညွန်ကြားထားတာမျိုး မရှိဘူး။ပြည်သူလူထု‌တွေ ‌ကေအဲန်ယူအ‌ပေါ် ထင်‌ယောင်ထင်မှား ဖြစ်မှာဆိုးလို့ ဒီလို သ‌ဘောထားကို ပြန်ထုတ်လိုက်ခြင်းဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌တော် သမ္မတရုံး၊ နိုင်ငံ‌ရေး နှင့် လုံခြုံ‌ရေးဌာနကြီးမှ ညွန်ကြား‌ရေးမှူးချုပ် (နိုင်‌ဆွေဦး) လက်မှတ်ဖြင့် ပြည်‌ထောင်စု နယ်‌မြေအတွင်းရှိ ရုံး/ ဌာန အသီးသီးသို့ လုံခြုံ ‌ရေးအထူး ဂရုပြု‌ဆောက်ရွက်‌ရေး ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်‌နေ့ ရက်စွဲဖြင့် ညွန်ကြားစာတစ်‌စောင် လူမူကွန်ယက်‌ပေါ်တွင် ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်း‌ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

၎င်းညွန်ကြာစာ၌ ‌မြောက်ပိုင်းမဟာမိအဖွဲ့ဝင်အချို့(AAအဖွဲ့/ KIAအဖွဲ့နှင့် အဖွဲ့ စီစစ်ဆဲ) CNF(ချင်း အမျိုးသား တပ်ဦး)၊KNUအဖွဲ့ဝင်များ စုစုး‌ပေါင်း (၂၀)ဦးမှ ထိုင်းနိုင်ငံ၊ မယ်လ(ခ) ဘဲက‌လော့ ဒုက္ခသည်စခန်းအနီးတွင် အစည်းအ‌ဝေးပြုလုပ်ပြီး စက်တင်ဘာ ၁၆ရက်(သို့မဟုတ်) စက်တင်ဘာ၂၆ ရက်‌နေ့(သို့မဟုတ်) ‌အောက်တိုဘာ ၁၆ရက်‌နေ့ (သို့မဟုတ်)‌အောက်တိုဘာ ၂၆ရက်‌နေ့၌ ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေတွင် ‌ဖောက်ခွဲမှုတစ်ခုုပြု လုပ်မည့် သတင်းနှင့် ဆက်လျဉ်းပြီး နိုင်ငံ‌ရေးနှင့် လုံခြုံ‌ရေးဌာနကြီးမှ ရုံး/ဌာန အသီးသီးကို လုံခြုံ‌ရေး အထူး ဂရုပြုရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

၎င်းညွှန်ကြားစာသည် အစိုးရမှ တရားဝင် ညွှန်ကြားထားခြင်းဟုတ်မဟုတ် ‌သေချာမသိ‌သော် လည်း လူမှုကွန်ယက်‌ပေါ်တွင် ‌ပေါ်ထွက်လာခြင်းအ‌ပေါ် အစိုးရမှ ပြန်လည်စိစစ်ရန်လိုအပ်ပြီး ‌ကေအဲန်ယူ အ‌နေဖြင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌အောင်မြင်‌ရေးအတွက် သံဓိဌာန်ချမှတ်ထားသလို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ‌ဖြေရှင်းမည့် မူဝါဒအတိုင်း ဆက်လက်‌ဆောင်ရွက်‌နေမည်ဟုလည်း ‌ကေအဲန်ယူက ဆိုသည်။