Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ‌သောင်ပြိုကမ်းပြိုအနိုင်ရရှိ‌အောင် ကြိုးစားမည်ဟု KNDP ပါတီ ဥက္ကဌ‌ပြော

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ‌သောင်ပြိုကမ်းပြိုအနိုင်ရရှိ‌အောင် ကြိုးစားမည်ဟု KNDP ပါတီ ဥက္ကဌ‌ပြော

2646

စက်တင်ဘာ ၉ ရက်၊ ၂ဝ၁၉ခုနှစ်။ ‌နေ‌နော်

လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) အ‌နေဖြင့် ပြည်နယ်လွှတ်‌တော်တွင် ‌သောင်ပြိုကမ်းပြို အနိုင်ရရှိ‌အောင် ကြိုးစားသွားမည်ဟု ပါတီ ဥက္ကဌဖြစ်သူ မန်း‌အောင်ပြည်စိုးက ‌ပြောဆိုလိုက်သည်။

မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ‌အောင်‌ဇေယျလမ်းရှိ ဖားစည်သံမိုတယ်တွင် စက်တင်ဘာ ၉ ရက်( ယမန်‌နေ့) နံနက်ပိုင်းက ပြုလုပ်သည့် KNDP ပါတီ၏ မြို့နယ်ရုံးဖွင့်ပွဲအခမ်းအနားတွင် ပါတီဥက္ကဌဖြစ်သူက ယခုလို ‌ပြောကြားလိုက်သည်။

“ပြည်‌ထောင်စုလွှတ်‌တော်နဲ့ပြည်နယ်လွှတ်‌တော် လွှတ်‌တော်နှစ်ရပ်ရှိတဲ့အနက် KNDP ပါတီဟာ ကရင်ပြည်နယ်အ‌ခြေစိုက်ပါတီဖြစ်တဲ့အတွက် ပြည်နယ်လွှတ်‌တော်မှာ‌တော့ ‌သောင်ပြိုကမ်းပြိုအနိုင်ရ‌အောင် အားစိုက်ပြီး ကြိုး စားသွားမှာပါ။ ပြည်သူ့လွှတ်‌တော်နဲ့ အမျိုးသားလွှတ်‌တော် နှစ်ရပ်‌ပေါင်းထားတဲ့ ပြည်‌ထောင်စုလွှတ်‌တော်မှာ လည်း တတ်နိုင်သ‌လောက် ‌နေရာရ‌အောင်‌တော့ ယှဉ်ပြိုင်သွားမှာပါ။ တကယ်လို့ ပြည်‌ထောင်စုလွှတ်‌တော်မှာ ‌နေရာရခဲ့မယ်ဆိုရင် အခြားတိုင်းရင်းသားပါတီများနှင့်သာမက ပြည်မက ပါတီကြီးများနှင့်ပါ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု KNDP ပါတီ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောကြားခဲ့သည်။

၎င်းအပြင် KNDP ပါတီအ‌နေဖြင့် ကရင်အမျိုးသားကို အ‌ခြေခံသည့် ပါတီဖြစ်သည့်အတွက် ကရင်အမျိုးသား အ ‌ရေးကို ‌ဇောင်း‌ပေးလုပ်‌ဆောင်ကြရမည့် သ‌ဘောကို နားလည်ကြရမှာဖြစ်‌သော်လည်း တိုင်းရင်းသားစု‌ပေါင်း မှီ တင်း‌နေထိုင်သည့် ယခု နိုင်ငံတွင် ကျန်သည့်တိုင်းရင်းသားများအ‌ရေးကိုလည်း တတ်စွမ်းသ‌ရွေ့ မျှမျှတတ ဖြစ် ‌အောင် ‌ဆောင်ရွက်သွားမည်ဟုလည်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

“လက်ရှိ အ‌နေအထားမှာ ညီမျှခြင်း၊ မျှတခြင်း၊ တိုင်ရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရပြီးလားဆိုတာ ဆန်းစစ်ရပါမယ်။ လတ်တ‌လောမှာ အဲ့ဒါ‌တွေမပြည့်မှီ‌သေးတဲ့အတွက် ကျ‌နော်တို့ပါတီအ‌နေနဲ့ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုရရှိ‌ရေးကို တစိုက်မတ်မတ်ကြိုးပမ်း‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု KNDP ပါတီဥက္ကဌက ထပ် ‌လောင်း ‌ပြောကြားသည်။

ယမန်‌နေ့က ပြုလုပ်သည့် မြဝတီမြို့နယ် ပါတီရုံးဖွင့်ပွဲအခမ်းအနားသို့ ပါတီ ဥက္ကဌ မန်း‌အောင်ပြည်စိုး၊ မြဝတီခရိုင် KNDP ပါတီ ဥက္ကဌက ‌စော‌အေးမြိုင်နှင့် ပါတီဝင်များ၊ KNU တပ်မဟာ ၇မှ ဗိုလ်မှူးကြီး ‌စော‌ဖောဒို၊ မိတ်ဖက်ပါ တီဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့အပါအဝင် လူဦး‌ရေ ၁ဝဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ပါတီရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး‌နောက် ပါတီဥက္ကဌ မန်း‌အောင်ပြည်စိုးက အဖွင့်အမှာစကား‌ပြောခြင်း၊ ပါတီ ‌ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ‌ပြောကြားခဲ့သည်။

ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ(Karen National Democratic Party-KNDP)သည် ပြည်နယ်အ‌ခြေစိုက် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ စည်း လုံးညီညွတ်‌သော ကရင်အမျိုးသားပါတီ (UKNDP) စသည့် ကရင်နိုင်ငံ‌ရေး(၃)ပါတီနှင့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)မှ ပါတီ‌ခေါင်း‌ဆောင်အချို့တို့ဖြင့် ‌ပေါင်းစည်းထား‌သောပါတီ ဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ် ၇ မြို့နယ်တွင် မြို့နယ် ၅ မြို့နယ်၊ မြို့နယ်ခွဲ(၂)မြို့နယ်နှင့် ရပ်‌ကျေးပါတီရုံးများအပါ အဝင် စုစု‌ပေါင်းပါတီရုံး (၁၀)ရုံး ဖွင့်လှစ်ထားကာ ပါတီ၏ ဗဟိုဌာနချုပ်ရုံးကို ကရင်ပြည်နယ်၏ မြို့‌တော်ဖြစ်‌သော ဖားအံမြို့တွင် အ‌ခြေစိုက်ဖွင့်လှစ်ထားသည်ဟု သိရသည်။
KNDP ပါတီကို မှတ်ပုံတင်အမှတ် ၁၀၈ ဖြင့် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံ‌ရေး ပါတီတစ်ခုအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ယခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေညာခဲ့သည်။