Home သတင်း ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးအား တရားစွဲဆိုမှုများကို ရုပ်သိမ်း‌ပေးရန် KUPC ‌တောင်းဆို

‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးအား တရားစွဲဆိုမှုများကို ရုပ်သိမ်း‌ပေးရန် KUPC ‌တောင်းဆို

3049

စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်အာဇာနည်‌နေ့ကျင်းပခြင်းနှင့်ဆက်စပ်ပြီး အ‌ရေးယူခံ‌နေရ‌သော ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးအား တရားစွဲဆိုမှုများကို ရုပ်သိမ်း‌ပေးရန် ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) က ယ‌နေ့(စက်တင်ဘာ ၂၆ ရက်)တွင် ‌တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအဖွဲ့အသီးသီး၊ အလွှာအသီးသီးမှ စု‌ပေါင်းဖွဲ့စည်းထားသည့် KUPC၏ လုပ်ငန်းစဉ် မဟာဗျူဟာ ပြန်လည်သုံးသပ်သည့် စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်‌နေ့အထိ ဖားအံမြို့၊ ‌တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်ခဲ့‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲအပြီး ယခုလိုသ‌ဘောထားထုတ်ပြန်ကာ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

KUPC ၏ ယခုသ‌ဘောထားထုတ်ပြန်ချက်အတွက် ‌ပြော‌ရေးဆိုခွင့်ရှိသူ ကရင်အမျိုသားပါတီ(KNP) ဒုဥက္ကဌ (၁) မန်းထိန်ဝင်းစိန်က “ ပြည်တွင်း၊ ပြည်ပက ကရင်အဖွဲ့‌တွေ‌ရော၊ အခြားတိုင်းရင်းသားအချို့ကပါ ဒီလို ထုတ်ပြန် ချက်မျိုးထုတ်ပြီးပြီ။ ရင်ထဲမှာနက်ရှိုင်းတဲ့ အနာတရတစ်ခုကို ဝိုင်းဝန်းစာနာပြီး‌တော့ ကရင်သာမက အခြားတိုင်း ရင်းသားကပါ တွန်းအား‌ပေးကြပြီးပြီ။ အခု အင်အားအကြီးဆုံး KUPC က ထုတ်လိုက်‌တော့ (တရားစွဲဆိုမှု ရုပ်သိမ်း‌ရေးအတွက်) တွန်းအားအများကြီး‌ကောင်းသွားမှာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့‌ပြော သည်။

ကရင်အာဇာနည်‌နေ့ကျင်းပမှုနှင့်ပတ်သက်၍ ‌နော်အုန်းလှနှင့်ကရင်လူငယ် ၂ ဦးတရားစွဲခံရမှုအ‌ပေါ် ပြည်တွင်း၊ ပြည်ပရှိ ကရင်အဖွဲ့အစည်းများက သ‌ဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့သလို ကရင်အမျိုး သားအစည်းအရုံး -KNU ကလည်း အဆိုပါတရားစွဲဆိုခံရမှုများအား ခြွင်းချက်မရှိရုပ်သိမ်း‌ပေးရန် ‌တောင်းဆိုသည့် သ‌ဘောထားထုတ်ပြန်ချက်များလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့အတူ ယ‌နေ့ကျင်းပပြီးစီးသည့် KUPC ၏ ‌ဆွေး‌နွေးမှုအပြီး ထုတ်ပြန်ချက်တွင် ကရင်အာဇာနည်‌နေ့ကျင်းပမှု နှင့် ပတ်သက်၍ NCA အခန်း(၁)အ‌ခြေခံမူ၊ အပိုဒ် (၁) အပိုဒ်ခွဲ(စ)နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ ‌ရေး ကာကွယ်‌စောက်‌ရှောက်သည့် ဥပ‌ဒေ၊ အခန်း(၃)၊ အပိုဒ်(၄) ၊ အပိုဒ်ခွဲ(ဂ)တို့ကို ‌ထောက်ပြ‌ပြောဆိုထားသည့် အချက်များလည်း ပါဝင်သည်။

၎င်းအပြင် အာဇာနည်‌နေ့လွတ်လပ်စွာကျင်းပခွင့်မရခြင်းမှာ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာနှင့်အမျိုးသား‌ရေး လက္ခဏာများကို ထိခိုက်‌စေပြီး အမျိုးသားရင်ကြား‌စေ့‌ရေး၊ ယုံကြည်မှုတည်‌ဆောက်‌ရေးနှင့် ငြိမ်းချမ်း‌ရေး လုပ် ငန်းစဉ်အပြင် ဖက်ဒရယ်တည်‌ဆောက်‌ရေးကိုပါ ထိခိုက်‌စေနိုင်သည့်အတွက် လူမျိုးတစ်မျိုး၏ မတူကွဲပြား‌သော အမျိုးသား‌ရေးလက္ခဏာများကို လက်ခံအသိအမှတ်ပြုရန် KUPC က ထပ်မံတိုက်တွန်းထားသည်။

သုံးရက်တာ ကျင်းပသည့် Review and Strategy Development Workshop တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ကရင်နိုင်ငံ‌ရေးပါတီ၊ ကရင်လူမှုအဖွဲ့အစည်း၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်၊ ‌ဒေသဆိုင်ရာ ကရင်ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြပြီး KUPC မှ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အ‌ခြေအ‌နေများ၏ အားနည်းချက်၊ အားသာချက်များ၊ အခွင့်အလမ်း နှင့်စိန်‌ခေါ်မှုများကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်း၊ ကရင်အမျိုးသားညီလာခံ ကျင်းပ‌ရေး၊ ကရင်တစ်မျိုး သားလုံး၏ စည်းလုံးညီညွတ်‌ရေးနှင့်ငြိမ်းချမ်း‌ရေးကိစ္စများ၊ ကရင်ဘဝသာယာလှပ‌ရေး စသည့်ကိစ္စရပ်များကို ‌ဆွေး‌နွေးသွားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ‌ဆွေး‌နွေးမှုများထဲမှ ကရင်လူထုအများစု ‌မျှော်လင့်‌နေသည့် ကရင်အမျိုးသားညီလာခံ ကျင်းပ‌ရေး နှင့်ပတ်သက်၍ ကျင်းပပြုလုပ်မည်ဖြစ်‌သော်လည်း ထိုသို့ကျင်းပနိုင်‌ရေးအတွက်လိုအပ်သည်များ၊ ပြင်ဆင် ‌ဆောင်ရွက်ပြီးချိန်မှသာ ပြုလုပ်သွားရန် ဆုံးဖြတ်ထားချက်များရှိသည်ဟုလည်း KUPC လုပ်ငန်းညှိနှိုင်း‌ရေးမှူး ‌နော်ရီဘက်ခါထင်က ‌ကေအိုင်စီသို့ ‌ပြောသည်။
ကရင်အ‌ရေးအရာနှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးအတွက် ရည်ရွယ်ပြီး ကရင်အမျိုးသား စည်းလုံးညီ ညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။