Home သတင်း ‌တောင်ပြိုမှု‌ကြောင့် ထိခိုက်ပျက်စီးသွားသည့် ‌ရေးမြို့နယ်ရှိ ဥယျာဉ်ခြံများ ပြန်လည်စိုက်ပျိုးရန် ခက်ခဲ‌နေ

‌တောင်ပြိုမှု‌ကြောင့် ထိခိုက်ပျက်စီးသွားသည့် ‌ရေးမြို့နယ်ရှိ ဥယျာဉ်ခြံများ ပြန်လည်စိုက်ပျိုးရန် ခက်ခဲ‌နေ

2529

စက်တင်ဘာ ၁ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ‌ရေးမြို့နယ် (KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဝင်း‌ရေးမြို့နယ်)ရှိ ‌ကျောက်တိုင်အုပ်စုနှင့် လိပ်ပ္ပုပ်အုပ်စုတွင် ပြီခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ‌ချောင်း‌ရေလျှံမှုနှင့် ‌တောင်ပြိုမှုများ‌ကြောင့် ထိခိုက်ပျက်စီးသွားသည့် ‌ဒေသခံများ၏ ကွမ်း၊ သံပုရာ၊ ရာဘာပင်များမှာ လက်ရှိတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ခက်ခဲ‌နေသည်ဟု ‌ဒေသခံရွာသားများက ‌ကေအိုင်စီသို့ ‌ပြော သည်။

လိပ်ပ္ပုပ်ရွာခံ ‌စော‌ကျော်မိုးက “‌တောင်ပြို‌တော့ ကွမ်းသီးခြံနဲ့ သံပုရာပင်၊ နာနတ်ပင် အ‌တော်ထိခိုက်ပျက်စီးသွားတယ်။ မိသား စု စားဝတ်‌နေ‌ရေးနဲ့ က‌လေး‌တွေရဲ့ ပညာ‌ရေး၊ ကျန်းမာ‌ရေးအတွက် ဒီဥယျာဉ်ခြံအပင်‌တွေက ထွက်တဲ့သီးနှံ‌တွေနဲ့ မှီခိုလာခဲ့တာ ၁၃ နှစ်ရှိပြီး‌ပေါ့‌နော်။ နှစ်‌တွေအကြာကြီး ရင်းနှီးစိုက်ထားခဲ့ရတာ ‌နေ့ချင်း၊ ညချင်းပဲ သံပုရာအပင် ၅ဝဝ လုံးလုံး ‌ရေထိုး‌တော့ ပျက် စီးသွားတယ်။ ကွမ်းပင် ၃ဝဝ၊ နာနတ်ပင် ၇ဝဝ ပါပျက်စီးသွားတယ်။ ရပ်တည်ဖို့ အ‌တော်ခက်ခဲသွားတယ်” ဟု ဩဂုတ်လ ၉ ရက်‌နေ့တွင် ‌ပြောသည်။

‌ရေးမြို့နယ်ရှိ ‌ကျောက်တိုင် ၊ လိပ္ပုပ်၊ အ‌ဗျော့၊ မရမ်း‌ချောင်း၊ နတ်ကြီး၊ ကိုင်း‌တော၊ မြင်းတ‌ပြေး၊ ‌ဆောထ၊ နယ်ပြား၊ ကင်း မွန်ရွာများတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ‌ချောင်း‌ရေလျှံမှုနှင့် ‌တောင်ပြိုမှုဖြစ်ပွားသည့် အတွက် ‌ချောင်းနားတစ်‌လျှောက်နှင့် ‌တောင်လျှိုများတွင် စိုက်ပျိုးထား‌သော ကွမ်း၊ သံပုရာ၊ ရာဘာ၊ နာနတ်ပင်အများစုမှာ ‌တောင်‌ကျောက်‌မြေဖုံးလွှမ်းသွားခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ရေးမြို့နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးချစ်တင်က “ကျ‌နော်တို့ မြို့နယ် NLD က သူတို့ကို သွားပြီးကူညီ‌ထောက်ပံ့မှု‌တွေ‌ပေး ‌နေပါတယ်။ သူတို့‌နေရာကလည်း လမ်းပန်းဆက်သွယ်‌ရေး သိပ်အဆင်မ‌ပြေဘူး။ ပွင့်လင်းရာသီကျမှ မွန်ပြည်နယ်အစိုးရက ‌ဆောင်ရွက်‌ပေးမယ်။ ကျ‌နော့်အ‌နေနဲ့ သူတို့ကို ကူညီ‌ထောက်ပံ့‌ပေးနိုင်ဖို့၊ သွားဖို့လာဖို့ ခက်ခဲ‌နေတယ်ဆို‌တော့ ဘာမှမ‌ပြောခဲ့ ‌သေးဘူး‌ပေါ့‌နော်။ လာမယ့် ၁၉ ရက်‌နေ့ လွှတ်‌တော်မှာ ‌မေးခွန်း‌မေးသွားဖို့ စာတင်ထားပြီးဖြစ်တယ်။” ဟု ဩဂုတ်လ ၉ ရက်‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျေးရွာရှိ ထိခိုက်ပျက်စီးသွားသည့် ဥယျာဉ်ခြံများကို စားရင်း‌ကောက်ယူမှု ပြုလုပ်ထားပြီး သက်ဆိုင်ရာအစိုးရဘက်မှ ယ‌နေ့ အချိန်ထိ လာ‌ရောက်ကွင်းဆင်း ‌မေးမြန်းမှုမရှိ‌သေးသည့်အတွက် KNU အဖွဲ့ထံတွင်သာ စာရင်း‌ပေးထားသည်ဟု ‌ကျောက်တိုင်‌ကျေးရွာအုပ်စုမှူး ‌စော‌သော်‌စေးက ယခုလို ‌ပြောသည်။

“ အစိုးရပိုင်းက‌တော့ လာပြီးကူညီတာမျိုးမရှိ‌သေးပါဘူး။ ပရဟိတအဖွဲ့က ဆန်‌တွေ လာ‌ပေးတယ်။ KNU အဖွဲ့‌တွေကို‌တော့ ပျက်စီးမှုစာရင်း တင်ပြထားတယ်‌ပေါ့‌နော်။ လာမယ့်နှစ်မှာ ဥယျာဉ်ခြံအခွန်‌တွေ၊ ဂရမ်ဖိုး‌တွေ‌ပေးရဖို့ သက်သာမလား‌ပေါ့‌လေ။ တစ်ချို့ခြံ‌တွေက ‌မျှော်လင့်ချက်မှ မရှိ‌တော့တာ။ ပြန်စိုက်လို့ လုံးဝမဖြစ်နိုင်‌သေးဘူး။ ‌မြေကြီး‌တွေက နင်းရင်ကျွံကျတယ်‌လေ။ ‌တောင်တစ်ချို့ အက်‌ကြောင်း‌တွေ ဖြစ်လာတယ်။ သတိထားသွားလာ‌နေရတယ်” ဟု ‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူး ပဒို‌စောအယ်ဒါးကလည်း ‌ဒေသခံလူထုများ၏ ထိခိုက်ပျက်စီးသွားသည့် ဥယျာဉ်ခြံများကို စာရင်းပြုစု‌ကောက်ယူ‌နေလျက်ရှိပြီး ပြန်လည် ထူ‌ထောင်နိုင်‌ရေးအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် မြစ်၊ ‌ချောင်း‌ရေလျှံမှုနှင့် ‌တောင်ပြိုမှု‌တွေဖြစ်ကာ လူ‌နေအိမ်၊ လမ်း၊ တံတား၊ လယ်၊ ဥယျာဉ်ခြံနှင့် ‌မွေးမြူ‌ရေးလုပ်ငန်းများ ထိခိုက်ပျက်စီးသွား သည့် အတွက် ယ‌နေ့အချိန်ထိ ပြန်လည်ထူ‌ထောင်နိုင်ရန် ခက်ခဲ‌နေဆဲဟု ‌ဒေသခံများက ‌ပြောဆိုကြသည်။