Home ဆောင်းပါး ‌ခေါင်း‌ဆောင်များ ‌ပေါ်ထွန်းလာရာ ကရင်‌ကျောင်းသားများရိပ်သာ

‌ခေါင်း‌ဆောင်များ ‌ပေါ်ထွန်းလာရာ ကရင်‌ကျောင်းသားများရိပ်သာ

3811

စက်တင်ဘာ ၁၁ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောရှား

အနာဂတ်မှာ ‌ခေါင်း‌ဆောင်‌တွေဖြစ်လာမယ့် လူငယ်‌တွေကို ‌မွေးထုတ်‌ပေး‌နေတဲ့ ကရင်ပြည်နယ်၊ ဖားအံမြို့မှာရှိတဲ့ ကရင်‌ကျောင်းသားများရိပ်သာ- Karen Student’ Centre (KSC) ကို ၁၉၇ဝ ပြည့်နှစ်ကတည်းက ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီက စတင်တည်‌ထောင်ခဲ့တာဖြစ်ပါတယ်။

KSC ရဲ့ လက်ရှိပညာ‌ရေး Director စထွန်းဘိုဘိုက “အဓိက ရည်ရွယ်ချက်၊ ဦးတည်ချက်က‌တော့ မြို့နဲ့ ‌ဝေးလံ ‌ခေါင်ဖျားပြီး လက်လှမ်းမမှီနိုင်တဲ့ က‌လေး‌တွေ၊ ပညာသင်ကြားဖို့ ‌ငွေ‌ကြေးအခက်အခဲရှိသူ‌တွေအတွက် အဆင် ‌ပြေ‌စေဖို့ ဒီအ‌ဆောင်၊ ဒီ‌ကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။” လို့ ‌ကေအိုင်စီကို ‌ပြောပါတယ်။

ကရင်‌ဘော်ဒါ‌ဆောင်လို့ လူသိများခဲ့တဲ့ ကရင်‌ကျောင်းသားများရိပ်သာ(KSC) ကိုယ်ပိုင်အထက်တန်း ‌ကျောင်း ‌တော်ကြီးရဲ့ ထူးခြားချက်က‌တော့ ‌ကျောင်းပိတ်အားလပ်ရက်‌တွေမှာ ကိုးတန်း‌ကျောင်းသား ‌ကျောင်းသူ‌လေး ‌တွေအတွက် ကရင်စာ‌ပေ၊ ကရင်ရိုးရာ‌စောင်း စတဲ့ပညာရပ်‌တွေကိုသင်ကြား‌ပေးပါတယ်။

အဲဒါအပြင် ကရင်ချည်ဖြူဖွဲ့(လာခုဂ်ခါင်.စူး)‌တွေမှာလည်း သီချင်းဆိုတာ၊ ကရင်ပြည်နယ်‌နေ့အတွက် ကျွဲဒုံးအက သင်တာ၊ ဒုံးအကယှဉ်ပြိုင်တာ၊ ကရင်နှစ်သစ်ကူးအကြိုအဖြစ် သီချင်းလိုက်ဆိုတာ‌တွေ ပြုလုပ်ကြပါတယ်။

‌ကျောင်းတွင်းလှုပ်ရှားမှု‌တွေအ‌နေနဲ့ ကရင်ချည်ဖြူဖွဲ့၊ ကရင်နှစ်သစ်ကူးပွဲ၊ ‌ကျောင်းတွင်း‌ဘောလုံးပွဲ၊ ဖိတ်‌ခေါ် ‌ကျောင်း‌ပေါင်းစုံ‌ဘောလုံးပွဲ၊ ‌ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ စတာ‌တွေကိုလည်း ပြုလုပ်‌ပေးပါတယ်။

KSC မှာ ဒသမတန်းတက်‌ရောက်‌နေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌ဝေါင်မားခီ့ရွာဇာတိ ‌စောအဲထူးက “ဒီမှာ ပညာလာသင်တဲ့အခါ နယ်‌ပေါင်းစုံက ကရင်သူငယ်ချင်း‌တွေနဲ့ဆုံဆည်းရတာအရမ်း‌ပျော်ပါတယ်။ ဆယ်တန်း ‌အောင်ပြီး‌နောက်ပိုင်းမှာ ဂိုက်ဒ်(guide)ဆရာအ‌နေနဲ့ ‌ကျောင်းအတွက် ပြန်ကူညီမယ်။” လို့‌ပြောပါတယ်။

လက်ရှိ KSC ကိုယ်ပိုင်အထက်တန်း‌ကျောင်းဝင်းကြီးမဖြစ်‌ပေါ်ခင်က အဲဒီအနီးအနားတဝိုက်က ခြံတစ်ခြံမှာ မူလ KSC အ‌ဆောင်ကို သစ်ဝါး‌တွေနဲ့ စတင်‌ဆောက်လုပ်ပြီး ‌နေခဲ့ကြတာလို့ သိရပါတယ်။

၂၀၀၂ခုနှစ် အ‌ရောက်မှာ‌တော့ ဂျပန်နိုင်ငံက ‌စေတနာရှင်‌တွေရဲ့ ပံ့ပိုးမှုနဲ့ ၃ ထပ်‌ဆောင်ကို ‌နေရာ‌ပြောင်းလဲ ဖွင့် လှစ်နိုင်ခဲ့သလို ၂၀၁၃-၂၀၁၄ ခုနှစ်မှာ‌တော့ ၄ ထပ်‌ဆောင်တစ်‌ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကိုယ်ပိုင် အထက်တန်း‌ကျောင်းအဖြစ် စတင်သင်ကြားနိုင်ခဲ့ပြီး KSC မှာ‌တော့ နဝမတန်းနှင့် ဒသမတန်းသာ လက်ခံထားရှိတာဖြစ်ပါတယ်။

KSC ကိုယ်ပိုင်အထက်တန်း‌ကျောင်းရဲ့ ၂၀၁၉-၂၀၂ဝ ပညာသင်နှစ်မှာ‌တော့ သင်ကြား‌ရေး ဆရာ၊ ဆရာမ စုစု ‌ပေါင်း ၂၈ ဦးရှိပြီး ‌ကျောင်းသား၊ ‌ကျောင်းသူ ၃၄၇ ဦးရှိ‌ကြောင်း KSC တာဝန်ရှိသူ‌တွေဆီက သိရပါတယ်။

KSC ‌ကျောင်းအုပ်ဆရာကြီး ‌စောသန်းထွန်းက “ဒီ‌ကျောင်းက က‌လေး‌တွေဟာ တိုင်းရင်းသားမှ တကယ့်တိုင်း ရင်းသား‌တွေ ဖြစ်တဲ့အတွက်‌ကြောင့် ဗမာလိုသင်တဲ့အခါ အခက်အခဲ‌တွေ‌တော့ရှိ‌နေပါတယ်။ အားသာချက်က ‌တော့ က‌လေး‌တွေဟာ ‌ပြောစကားနား‌ထောင်တယ်။ ‌အောင်ချက်ဆိုလည်း နှစ်စဉ် တိုးတက်လာတာကို‌တွေ့ တယ်။” လို့‌ပြောပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှာ တာဝန်ထမ်း‌ဆောင်သွားခဲ့တဲ့ လျှပ်စစ်ဝန်ကြီး‌ဟောင်း ‌စောကြည်လင်း၊ လွှတ်‌တော် ဥက္ကဌ‌ဟောင်း ‌စော‌အောင်‌ကျော်မင်း၊ တရားသူကြီး စထွန်း‌အောင်နဲ့ ဖလုံစ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ‌စောခင်‌မောင်မြင့် စတဲ့ ‌ခေါင်း‌ဆောင်‌တွေဟာ ဆိုရင် KSC ‌ဘော်ဒါ‌ဆောင်က ‌ကျောင်းသား‌ဟောင်း စစ်စစ်‌တွေဖြစ်တယ်လို့ ‌ကျောင်းအုပ်ကြီး ‌စောသန်းထွန်းက ထပ်‌လောင်း ‌ပြောသွားပါတယ်။

လက်ခံထားရှိတဲ့ ‌ကျောင်းသားလူငယ်‌လေး‌တွေဟာဆိုရင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း ‌ဒေသ ကြီးက လာ‌ရောက်တဲ့သူ‌တွေ အများဆုံးဖြစ်ကြပြီး ရံဖန်ရံခါနှစ်‌တွေမှာ ပဲခူး၊ မန္တ‌လေးတိုင်း‌ဒေသကြီးကလည်း ပါဝင်သလို ကရင်လူမျိုးအပြင် ပအိုဝ်း၊ ဗမာ က‌လေးများလည်း အနည်းငယ် ပါဝင်ပါတယ်။

သင်ရိုးကို‌တော့ မြန်မာနိုင်ငံအစိုးရက ပြဌာန်းထားတဲ့ သင်ရိုးကို သင်ကြားကြပြီး ‌ကျောင်းလည်ပတ်ဖို့ ဝင်‌ငွေ အ‌နေနဲ့ ‌ကျောင်းသားမိဘနဲ့ အခြားအလှူရှင်‌တွေဆီက ရရှိတဲ့ ‌ငွေ‌တွေ၊ ရံပုံ‌ငွေရှာ‌ဖွေ‌ရေးအစီအစဉ်‌တွေက‌နေ လည်ပတ်‌နေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

KSC မှာ‌တော့ အခြားအစီအစဉ်‌တွေအ‌နေနဲ့ LED Program လို့‌ခေါ်တဲ့ အဂင်္လိပ်စာသင်တန်းအစီအစဉ်နဲ့ ယခုနှစ်မှာပဲ KSC ‌ကျောင်းသား‌ဟောင်း‌တွေစုပြီး စတင်ဖွဲ့စည်းလိုက်တဲ့ KSC Music Band အဖွဲ့လည်း ရှိ‌နေတာပါ။

‌မျှော်လင့်ချက်‌တွေကိုယ်စီနဲ့ ဒီ‌ကျောင်း‌တော်ကြီးမှာ လာ‌ရောက်စုရုံးပညာသင်ကြား‌နေကြတဲ့ ကရင်‌ကျောင်း သား လူငယ်‌လေး‌တွေဟာ ‌နောင်တချိန်မှာ ကိုယ့်တိုင်း ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအကျိုး စွမ်း‌ဆောင်နိုင်မယ့် အနာဂတ်‌ခေါင်း‌ဆောင်‌တွေအဖြစ် ပြန်လည်မြင်‌တွေ့ရမလားဆိုတာက‌တော့ ‌စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။