Home တွေ့ဆုံမေးမြန်းခန်း အမျိုးသမီးသတင်းသမားတို့ရဲ့အသံ

အမျိုးသမီးသတင်းသမားတို့ရဲ့အသံ

3285

တိုင်းရင်းသား‌ဒေသများတွင် အ‌ခြေစိုက်ပြီး မီဒီယာလုပ်ငန်းတွင် လုပ်ကိုင်‌နေကြ‌သော တိုင်းရင်းသူ သတင်း‌ထောက်များ ကြုံ‌တွေ ့ရသည့် အခက်အခဲစိန်‌ခေါ်မှုများ၊ ယင်းအခက်အခဲစိန်‌ခေါ်မှုများကို ရင်ဆိုင်‌ကျော်ဖြတ်ကြရပုံ၊ အမျိုးသမီး သတင်း‌ထောက်များ၏ လုံခြုံ‌ရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မ‌နောကွင်းရှိ မဂျွယ်ခန်းမ၌ စက်တင်ဘာ ၁၆မှ ၁၈ရက်‌နေ့ အထိ ကျင်းပသည့် သတ္တမအကြိမ်‌မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်‌ရောက်လာကြ‌သော အမျိုးသမီးသတင်း‌ထောက်များနှင့် အယ်ဒီတာများ၏ အသံများကို စုစည်း‌ဖော်ပြလိုက်ပါသည်။

မူ ့အက်စတာ ။ ။ သတင်း‌ထောက် (ကန္တာရဝတီတိုင်း သတင်းဌာန)

အဓိက က‌တော့ အစိုးရ ဌာန‌တွေနဲ ့ သွား‌တွေ ့တဲ့အခါ ဆိုလို ့ရှိရင် ကိုယ်ကရုံးမှာလည်း အမျိုး သမီး‌တွေပဲရှိတာကိုး၊ အမျိုးသမီးသတင်း‌ထောက်‌တွေဘဲ အကုန်လုံး နှစ်‌ယောက်ဖြစ်ဖြစ် ‌ပေါ့‌နော်။ သွားပြီဆိုလို ့ရှိရင် သူတို ့က ကိုယ့်ကို အယုံအကြည်မရှိဘူး‌လေ၊ အယုံအကြည်မရှိဘူးဆိုတာက ငယ်လည်းငယ်‌သေးတယ်၊ မဖြစ်နိုင်ဘူး‌ပေါ့‌နော်။ သတင်း‌ထောက်‌တွေမဖြစ်နိုင်ဘူး‌ပေါ့၊ ဆို‌တော့ ကိုယ်က ကတ်‌တွေဘာ‌တွေဆွဲသွားပြီးမှ ပြတာမျိုး‌တွေ ရှိတယ်။

‌နောက်ထပ်အခြား လက်နက်ကိုင်တို ့နဲ ့ ပတ်သက်တဲ့သတင်း‌တွေဆိုရင်လည်း ဒီလိုပဲ၊ အမျိုးသမီး ‌တွေဆိုလို ့ရှိရင် သိပ်ပြီး‌တော့ အယုံအကြည် မရှိဘူး‌ပေါ့၊ အယုံအကြည်မရှိဘူးဆိုတာက ဘယ်လို‌ပြောရမလဲ မဖြစ်နိုင်ဘူး။ သူတို ့က ကိုယ့်သတင်းကိုလည်း အ‌ကောင်း‌လေး ပြန်‌ရေး‌ပေးမှာမဟုတ်ဘူး‌ပေါ့၊ သူတို့က ပြန်တင်ပြ‌ပေးနိုင်မှာမဟုတ်ပါဘူး ဆိုပြီး‌တော့မှ ကိုယ့်ကို ပြက်ရယ်ပြုလိုက်တဲ့ဟာမျိုး‌တွေလည်း ကြုံဖူးတယ်။ ဒါ‌ပေမဲ့ သူတို ့ဆီက‌နေ သတင်း အချက်အလက်‌တွေကို‌တော့ ရ‌အောင်ယူလာခဲ့ရတာ‌ပေါ့။

ကိုယ်က သူတို ့ကိုအယုံအကြည်ရှိ‌အောင် စကား‌တွေအပြန်အလှန် အရင်ဆုံး အဲ့လိုမျိုး‌တွေ‌ပြောပြီးမှ သတင်း‌တွေ ပြန်ယူလာရတာမျိုး‌တွေ‌ပေါ့။ ပြည်နယ်မှာရှိတဲ့ CSO ‌တွေ၊ ကိုယ့်ကိုခင်တဲ့သူ‌တွေ‌ပေါ့‌နော် သူတို့က ‌ပြောတယ်၊ နင်တို ့မှမလုပ်လို ့ရှိရင် အခြားလူမရှိ‌တော့ဘူး၊ နင်တို ့ကိုငါတို ့အားကိုးတယ်။ ဒါကတကယ့်သူရဲ‌ကောင်း‌တွေပဲလုပ်နိုင်တဲ့ အလုပ်‌ပေါ့‌နော်။ သူတို ့ရဲ့အား‌ပေးမှု‌တွေတ ချို ့လည်းပါတယ်။ ကိုယ့်ရဲ့တိုက်(ဌာန)က ‌ပေါ့‌နော်၊ ကိုယ့်ကို အား‌ပေးတဲ့ စကား‌တွေအမြဲ တမ်း‌ပြော‌ပေး‌နေတယ်‌ပေါ့‌နော်။ သတင်းလုပ်လို ့ရှိရင် ဒီလိုမျိုးကြုံရမှာပဲ ဒါ‌ပေမယ့် အားမငယ်နဲ ့ဇွဲမ‌လျှော့နဲ ့ဆိုပြီး‌တော့မှ ကိုယ့်ကိုအား‌ပေးတဲ့ အ‌ပေါ်မှာဘဲ ဆက်ပြီး‌တော့မှလှုပ်ရှား‌နေရတာ‌ပေါ့။

မိဝံသမွန် ။ ။ သတင်း‌ထောက် (မွန်သတင်း‌အေဂျင်စီ)

အမျိုးသမီးသတင်း‌ထောက်တစ်‌ယောက်အ‌နေနဲ ကြုံ‌တွေ ့ရတဲ့စိန်‌ခေါ်မှုကကျ‌တော့ အများကြီး‌ပေါ့၊ အထူးသဖြင့် သတင်းသွားယူတဲ့အချိန်မှာကျ‌တော့ ကိုယ့်ရဲ့လုံခြုံမှု၊ ကိုယ့်အတွက်ဘယ်‌လောက်
လုံခြုံမှုရှိလဲဆိုတာကျ‌တော့ အကြီးမားဆုံးစိန်‌ခေါ်မှု‌ပေါ့‌နော်၊ ‌နောက်တစ်ခုကအမျိုးသမီး တစ်ဦး တစ်‌ယောက်ထဲအ‌နေနဲ တစ်ဦးထဲ ထက်စာလို့ရှိရင် အများနဲ ့သွားတယ်ဆို‌တော့ ပိုပြီး‌တော့ ‌ကောင်းတာ‌ပေါ့။ ဆိုလိုတာက ဒီအမျိုးသမီးတစ်‌ယောက်တည်းသွားမယ်ဆိုလို ့ရှိရင်သူတို့က ခြိမ်း‌ခြောက်မှု‌တွေဘာ‌တွေ လုပ်လာတတ်တာ‌ပေါ့‌နော်။ ဒီသတင်းကို ‌ရေးမယ်ဆိုလို ့ရှိရင် သူတို ့(ဌာနဆိုင်ရာ) ကို အရင်ဦးဆုံးပြရမယ် ပြီးမှသတင်းတင် အဲ့လို‌ပြောလာတာ‌တွေ
ရှိတာ‌ပေါ့‌နော်။

အဓိက က‌တော့ ဝါသနာပါလို ့လုပ်တာ၊ ဝါသနာမပါဘူးဆိုလို ့ရင်လည်း လုပ်လည်း မလုပ်နိုင် ဘူး‌ပေါ့‌နော်။ ဘာလို့လဲဆို‌တော့ အများအားဖြင့် သတင်း‌ထောက်ဆိုတာက သူများအမြင်ဆိုလို ့ရှိရင် ‌ယောက်ျား‌လေးပဲလုပ်နိုင်မယ်။ မိန်းက‌လေးဆိုတာ မလုပ်နိုင်ဘူး၊ ဒါက ကိုယ်က ချပြနိုင်တယ်‌လေ။ ဒါ‌ပေမဲ့နည်း‌တော့ နည်း‌သေးတာ‌ပေါ့‌နော်။ တစ်ခု ‌ပြောချင်တာကကျ‌တော့ ဒီသတင်း‌ထောက်အ လုပ်ဆိုတာ အမျိုးသားအလုပ်တစ်ခုတည်းမဟုတ်ဘူး။ အမျိုးသမီးအလုပ်လည်း ပါဝင်နိုင်တယ် ဆိုတာကို ‌ပြောချင်တယ်။

မအားမီ။ ။ သတင်း‌ထောက် (သတင်းနှင့် မီဒီယာကွန်ယက်-NMG)

သတင်း‌ထောက်တိုင်းမှာ‌တော့ အခတ်အခဲ‌တွေအများကြီးရှိလိမ့်မယ်။ ဘာလို ့လဲဆို‌တော့ သတင်း ‌ထောက်ဆိုတဲ့အလုပ်က လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ အထူးသဖြင့် တိုင်းရင်းသူတစ်‌ယောက် ဆိုတာထက် တိုင်းရင်းသား‌ဒေသ‌တွေမှာသတင်းသွားလိုက်တဲ့အခါမှာ ကြုံ‌တွေ ့ရတဲ့ အခတ်အခဲက ကျမတို ့တိုင်းရင်းသားြ ပည်နယ်‌တွေမှာ သတင်းမီဒီယာအ‌ကြောင်း ‌ကောင်း‌ကောင်း မသိကြဘူး။ လူ‌တွေက သတင်းမီဒီယာသမား ကို‌တွေ ့လိုက်တယ်။ သူတို ့ကို ဒုက္ခများ‌ပေးမလားဆိုတဲ့ အမြင်မျိုးနဲ ့အရင်ဆုံးကိုယ့်ကို ကန် ့ လိုက်တယ်‌ပေါ့‌နော်။ ကျမကသတင်း ‌ထောက်ပါလို ့မိတ်ဆက်လိုက်တာနဲ့ကို ဒီတိုင်းရင်းသားပြည်နယ်‌တွေမှာ သတင်း ရယူဖို ့အရမ်းခက်တယ်။

ဒါကလည်း တစ်ချိန်ကဖြစ်ခဲ့တဲ့ တိုက်ပွဲ‌တွေ ပဋိပက္ခ‌တွေရဲ့အကျိုးဆက်လို ့‌ပြောရမလား ‌ပေါ့‌နော်။ သူတို့ကို‌ကြောက်လန့်‌အောင် လုပ်ထားတဲ့ဟာ‌တွေ‌ကြောင့်လည်း ဖြစ်နိုင်တယ်။ ဆို‌တော့ သူတို ့ဒါကိုလည်း နားမလည်ဘူး။ ပြီး‌တော့တစ်ချိန်ထဲမှာ အရမ်းကြီး ဖွံ ့ဖြိုးတိုးတက်သွားတဲ့ မိုဘိုင်းဖုန်းမှာ လာတဲ့သတင်း‌ပေးတဲ့ သတင်းအချက်အလက်‌ပေးတဲ့ဟာ‌တွေ‌ကြောင့်လည်း တချို ့ကဆိုလို ့ရှိရင် သတင်းဌာနက သတင်း‌ထောက်အစစ်နဲ ့ သတင်း‌ထောက်မဟုတ်တဲ့ဟာ‌တွေကို မခွဲတတ်ဘူးဆို‌တော့ သူတို ့ကိုပြန်ပြီးအန္တရာယ်‌ပေးတဲ့အခါကျ‌တော့ သူတို ့က‌ကြောက်တယ်။ အင်တာဗျူး‌ပေးဖို ့လည်း‌ကြောက်တယ်။ အများကြီး သူတို့နဲ့ရင်းနှီးမှုရ‌အောင်ပြန်ပြီး‌တော့ ရင်းနှီးမှုတည်‌ဆောက်ပြီးမှပဲ ကျမတို ့အင်တာဗျူး‌တွေလုပ်ရတဲ့ဟာမျိုး။

နန်း‌ဖော့‌ဂေ ။ ။ အယ်ဒီတာချုပ် (KIC -ကရင်သတင်းဌာန)

တိုင်းရင်သားပြည်နယ်‌တွေမှာရှိတဲ့ တိုင်းရင်းသားသတင်းဌာန‌တွေမှာဆိုလို ့ရှိရင် အမျိုးသမီး သတင်း‌ထောက်‌တွေက ရှိသင့်သ‌လောက်‌တော့မရှိ‌နေဘူး။ အထူးသဖြင့် ရှိ‌နေတယ်ဆိုတဲ့
အတိုင်းအတာမှာဆိုလို ့ရှိရင်လည်း သတင်း‌ထောက်အတိုင်းအတာ‌လောက်ပဲရှိပြီး‌တော့ အယ်ဒီတာအဆင့်‌လောက်ရှိတာ ‌တော်‌တော်‌တော့နည်း‌နေ‌သေးတယ်။ မရှိသ‌လောက် ‌တောင်ရှိတဲ့အ‌နေအထားမျိုး ဖြစ်တာ‌ပေါ့‌နော်။ ဆို‌တော့ အဲ့ဒါကတစ်ချက်၊ ဒီလိုအ‌ခြေ အ‌နေကဘာလို ့ဖြစ်လာရလဲဆို‌တော့ သူ့သက်ဆိုင်ရာလူမှုအဖွဲ ့အစည်း ရပ်ရွာအသိုင်း အဝိုင်း‌တွေက‌နေပြီး‌တော့လည်း ဒီမီဒီယာလုပ်ငန်းမှာ အမျိုးသမီး‌တွေနဲ ့ မီဒီယာလုပ်ငန်းဟာ အမျိုးသမီး‌တွေ လုပ်ရမဲ့လုပ်ငန်းမဟုတ်ဘူး၊ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်း‌တွေက နားလည်ထားတယ်။

ဒီ မီဒီယာဆိုတာလည်း အားလုံးသိတဲ့အတိုင်းပဲ စိတ်‌ရောကိုယ်‌ရော ‌ပေးဆပ်ပြီး‌တော့ လုပ်‌နေရတဲ့အခါကျ‌တော့ အချိန်‌ပေးဆပ်မှုက တအားများတယ်။ မိသားစု အိမ်‌ထောင်ရှိတဲ့ အမျိုးသမီး‌တွေဖြစ်‌စေ၊ တစ်ကိုယ်‌ရေ တစ်ကာယသမားဖြစ်‌စေ အချိန်‌ပေးမှုအ‌ပေါ်မှာ သူခံနိုင် ရည်ရှိဖို ့‌တော့လိုမယ်။ ‌လော‌လောဆယ်စိန်‌ခေါ်မှုက ဘာလဲဆိုရင်‌ရေရှည် သွားဖို့ အတွက်ကို‌တော့ ဒီမီဒီယာအ‌ပေါ်မှာရပ်တည်ပြီး‌တော့ လုပ်‌ဆောင်သွားဖို ့ အမျိုးသမီး‌တွေက ‌တော်‌တော် အားနည်း‌နေတာရှိ‌သေးတယ်။ အဲ့လိုမျိုးအားနည်း‌နေတဲ့အပိုင်းမျိုးကိုကျလို ့ရှိရင် ဒါကတခန်းတကဏ္ဍအရဆိုရင် အမျိူးသမီး Issue (ကဏ္ဍ)‌တွေ‌ရေးတဲ့အခါကျရင်
အခက်အခဲဖြစ်လာတယ်။

တိုင်းရင်းသားမီဒီယာဖြစ်‌စေ၊ မီဒီယာကြီး‌တွေဖြစ်‌စေ သူတို့မှာ မူဝါဒရှိဖို့ လိုတယ်။ ဌာနမူဝါဒဖြစ်‌စေ၊ သတင်းခန်းမူဝါဒဖြစ်‌စေ အမျိုးသမီးသတင်း‌ထောက်ပါဝင်မှုကို မဖြစ်မ‌နေထည့်သွင်းရမယ်။ ‌နောက်ပြီး‌တော့ ဆုံးဖြတ်ချက် ချနိုင်တဲ့အပိုင်းအထိကိုလည်းပါဝင်ဖို့အတွက်ကိုပါ တစ်ခါထဲ နှစ်ပိုင်း ‌ပေါ့‌နော်။ အဲဒီလိုမျိုး မူဝါဒထားရမယ်ဆိုလို့ရှိရင်‌တော့ ဒီအ‌ပေါ်မှာ‌တော့ ဒါကတစ်ပိုင်း အဲ့ဒီလို လုပ်သွားရင်‌တော့ အဆင်‌ပြေတာ‌ပေါ့‌နော်။

‌နောက်တစ်ခုက သက်ဆိုင်ရာဌာနအ‌နေနဲ့လည်း သတင်း‌တွေရယူတဲ့အခါ အမျိုးသမီး သတင်း‌ထောက်‌တွေကို ဘယ်လိုအကာအကွယ်ပြုမလဲဆိုတာက သူ့ ရဲ့သတင်းစာတိုက် တစ်ခုတည်းနဲ ့မပြည့်စုံ‌လောက်ဘူး။ အနီးဝန်းကျင် ကိုယ့်ရပ်တည်‌နေရတဲ့ အ‌ခြေစိုက်‌နေရတဲ့ ‌ဒေသမှာရှိတဲ့ အစိုးရအဖွဲ ့အစည်း‌တွေဖြစ်‌စေ၊ လူမှုအဖွဲ ့အစည်း‌တွေဖြစ်‌စေ၊ ဒါ‌တွေက လူမှုအသိုင်း အဝိုင်း‌တွေဖြစ်‌စေ၊ ဥပမာ- စာ‌ပေယဉ်‌ကျေးမှု‌တွေရှိမယ်၊ နိုင်ငံ‌ရေးပါတီ‌တွေရှိမယ်၊ ဒါ‌တွေကလည်း အမျိုးသမီးသတင်း‌ထောက်‌တွေကို များများဖြစ်တည်မှုအတွက်ကို အား‌ကောင်းလာဖို ့အတွက်ကို စဉ်ဆက်မပြတ်အား‌ပေး‌နေတဲ့ စိတ်ခံယူချက်‌တွေ ရှိဖို့လည်း လိုအပ်တာ‌ပေါ့။

‌ဒေါ်မိုးမိုးခိုင်။ ။ ဗဟိုအလုပ်အမှု‌ဆောင် ( မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ ့-MWJS)

မိဘ‌တွေရဲ့ခွင့်ပြုချက်ကလည်း အ‌ရေးပါတယ်လို ့ထင်တယ်။ ဒီအသိုင်းအဝိုင်းရဲ့အထင်ကြီးမှု အားနည်းတာလည်း ပါမယ်။ အမျိုးသမီး‌တွေက ဒီသတင်းသွားယူတယ်ဆိုလို ့ရှိရင် သူတို ့မှာ စွမ်းအင်‌တွေအများကြီးရှိတယ်။ ထုတ်သုံးနိုင်တယ်။ သို့‌သော်လည်းပဲ သူတို့မှာ ‌နှောင့်ယှက် ခံရတာ‌တွေ၊ ခွဲခြားဆက်ဆံခံရတာ‌တွေ အဲ့ဒါမျိုး‌တွေရှိတဲ့အခါကျ‌တော့ သူတို့လည်း ဒီကိစ္စမှာ စိတ်ဝင်စားမှုအားနည်းသွားတာ‌တွေရှိမယ်။ အထူးသဖြင့် နယ်စပ်‌ဒေသ‌တွေမှာရှိတဲ့
အမျိုးသမီးသတင်း‌ထောက်‌တွေမှာဆိုရင် လုံခြုံ‌ရေးကို ကျမတို ့အပြည့်ဘယ်ဟာမှမ‌ပေးနိုင်ဘူး။ အဲ့အခါကျ‌တော့သူတို့အတွက် ‌တော်‌တော့်ကို စိုးရိမ်ရတာ‌ပေါ့။

‌နောက်တစ်ချက်က‌တော့ ကျမတို ့ဝင်‌ငွေအ‌နေနဲ ့‌ပေါ့‌နော်၊ ဘဝအတွက်ရပ်တည်ဖို ့က ဒီမီဒီ ယာ‌လောကက သူတို့ကို ထိုက်တန်တဲ့ ဝန်‌ဆောင်မှု၊ ဝန်‌ဆောင်ခ‌တွေ မ‌ပေးအပ်နိုင်ဘူး။ အဲ့ဒီအခါကျ‌တော့ သူတို့အတွက် အားကိုးဖို ့ဆိုတာ အားနည်းတယ်‌ပေါ့‌နော်။ အဲ့ဒီ‌တော့ တခြား ဒီသတင်း‌ထောက်လုပ်ငန်းထက် ပိုပြီး‌တော့ လစာ‌ကောင်းတဲ့ ‌နေရာ‌တွေ၊ အဲလို‌နေရာ‌တွေ ‌ရောက်‌ရောက်သွားကြတာ‌ပေါ့။ ကျမတို ့မီဒီယာအဖွဲ ့အစည်းအသီးသီးက အမျိုးသမီးသတင်း‌ထောက်‌တွေ များများပါလာ‌အောင် လက်တွဲ‌ခေါ်သင့်တယ်။ အဖွဲ ့အစည်းတိုင်း‌ပေါ့။

အထူးသဖြင့် ကျမတို ့အဖွဲ ့ရဲ့ရည်ရွယ်ချက်ထဲမှာလည်း အဲ့ဒါပါပါတယ်။ ဒါမှ ဒီအမျိုးသမီး ‌တွေမှာလည်း အမျိုးသား‌တွေနဲ ့မတူညီတဲ့စွမ်း‌ဆောင်မှု‌တွေ သူတို့မှာ ရှိတယ်၊ အရည်အချင်း‌တွေရှိတယ်။ အဲဒီလို သတင်းတပုဒ်ကို ရယူ‌တော့မယ်ဆိုရင် အမျိုးသမီးတစ်ဦးယူတဲ့ သတင်းနဲ ့ အမျိုးသားတစ်ဦး ယူတဲ့သတင်းချင်း‌တောင်မှ နဲနဲကွာခြားမှု‌လေး‌တွေ ရှိပါတယ်။ အမျိုးသမီး‌တွေကို တကယ်တမ်း သုံးမယ်ဆိုလို ့ရှိရင် အမျိုးသမီးသတင်း‌ထောက်‌တွေက စွမ်းအင်‌တော်‌တော့်ကို ရှိပါတယ်။ အဲ့ဒါ‌ကြောင့်မို့ ကျမတို့ သူတို့ကို‌တော့ ဘယ်လိုနည်းနဲ ့ဖြစ်ဖြစ် ဖြစ်နိုင်ရင် ဒီအဖွဲ ့အစည်းအသီးသီးမှာ သူတို့ကို ဒီ Capacity မြှင့်တင်‌ရေး အခွင့်အ‌ရေး‌တွေ ‌ပေးပြီး‌တော့ သူတို့ကို ‌ခေါ်ယူပြီး‌တော့ ဒီသတင်း ‌လောကထဲမှာ စည်းရုံးဖို ့အများကြီး လိုအပ်တယ်။