Home သတင်း ဖားအံတွင် တရုတ်နိုင်ငံသားများ လာ‌ရောက်‌နေထိုင်းခြင်းအ‌ပေါ် လဝကထံ တိုင်းကြားခြင်းမရှိ၍ အမှုဖွင့်

ဖားအံတွင် တရုတ်နိုင်ငံသားများ လာ‌ရောက်‌နေထိုင်းခြင်းအ‌ပေါ် လဝကထံ တိုင်းကြားခြင်းမရှိ၍ အမှုဖွင့်

3274

စက်တင်ဘာ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့‌ပေါ်ရှိ ရပ်ကွက် များအတွင် ယခုလပိုင်းအတွင်း၌ တရုတ်နိုင်ငံသားများ ကြိုကြား လာ‌ရောက် ‌နေထိုင်မှုများအ‌ပေါ်သတင်းပို့ တို်င်ကြားရန် ပျက်ကွက်သည့် ဟိန်းမင်းခန့် ကုမ္ပဏီမှ မန်‌နေဂျာ တစ်ဦး ကို လူဝင်မှု ကြီးကြပ်‌ရေးနှင့် လူမှုအင်အား ဝန်ကြီးဌာန-လဝက ဥပ‌ဒေအရ အမှုဖွင့်ထား သည်ဟု ပြည်နယ်လဝက ဒုတိယ ညွှန်ကြား‌ရေးမှူး ဦး‌အောင်ဝင်းက စက်တင်ဘာ ၄ ရက်‌နေ့တွင် ‌ကေအိုင်စီသို ့‌ပြောသည်။

၎င်းက “ကျ‌နော်တို့အ‌နေနဲ့ ရဲတပ်ဖွဲ့၊ ရပ်‌ကျေးအုပ်ချုပ်‌ရေးတာဝန်ရှိသူ‌တွေပါတဲ့ ပူး‌ပေါင်းအဖွဲ့‌တွေနဲ့ ရံဖန်ရံခါတရုတ်ချည်း စစ်‌ဆေးမှု‌တွေပြုလုပ်ပါတယ်။ တရုတ်နိုင်ငံသားများဟာ တရားဝင် ဝင်‌ရောက် လာတယ်။ ဗီဇာစည်းကမ်းရှိတယ်။ ‌နေခွင့်သက်တမ်းရှိတဲ့အတွက် လဝက ဥပ‌ဒေအရ အ‌ရေးယူခြင်း ‌တော့ မရှိဘူး။ ဒါ‌ပေမယ့် ဒီတရုတ်နိုင်ငံသား‌တွေ ‌ရောက်ရှိ‌နေထိုင်တဲ့အခါမှာ သက်ဆိုင်ရာ လဝကကို တိုင် ကြားခြင်းမရှိတဲ့အတွက်‌ကြောင့်မို့ နိုင်ငံခြားသားများမှတ်ပုံတင်‌ရေးနည်းဥပ‌ဒေအရ ဟိန်းမင်းခန့် ကုမ္ပဏီမှ မန်‌နေဂျာတစ်ဦးကို အမှုဖွင့်ထားပါတယ်” ဟု ‌ပြောသည်။

ယခုလို အမှုဖွင့်ထား‌သော်လည်း အမှုနှင့် ပတ်သက်သည့် အ‌သေးစိတ်အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိသလို အ‌ရေးယူမှု အ‌ခြေအ‌နေကို တိတိကျကျ မသိရ‌ေ‌သေး‌ကြောင်း ဖားအံလူမှုအသိုင်းအဝိုင်းက ဆိုသည်။

ကရင်ပြည်နယ် ဖားအံမြို့ အတွင်းရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ နိုင်ငံခြားသား တရုတ်လူမျိုးများ တစ်စထက်တစ်စ ဝင်‌ရောက်‌နေထိုင်မှုများပြားလာသည့်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း ရပ်ကွက်‌နေ ‌ဒေသခံပြည်သူများက ‌ပြောဆို‌နေကြသည်။

အဆိုပါတရုတ်နိုင်ငံသားများမှာ“ ဟိန်းမင်းခန့် ” ‌ဆောက်လုပ်‌ရေးကုမ္ပဏီ၊ မြန်မာနိုင်ငံ အမြန်လမ်းစီမံ ကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာ ကုမ္ပဏီရုံးခန်းဆိုင်းဘုတ်ဖြင့် ဖားအံမြို့ရှိ ရပ်ကွက် ၇ အတွင်းလုံး ချင်းအိမ်များငှားရမ်းကာ ‌နေထိုင်‌နေကြခြင်းလည်းဖြစ်သည်။

ဖားအံမြို့၊ အမှတ် ၇ ရပ်ကွက်‌နေ ‌ဒေါ်နှင်း‌စောက “သူများခွင့်ပြုလို့လာတာပဲတဲ့။ ခွင့်မပြုရင်လာ လို့ရဲမှာ မဟုတ်ဘူးလို့လည်း အဲလို သူများ‌ပြော‌နေကြတယ်။ ကိုယ်‌တွေလည်း တရုတ်ကိုတစ်ခါမှမ ‌တွေ့ဘူးပဲဟာ အခုမှတစ်ခါပဲ‌တွေ့ဖူးတယ်။ အများကြီးလာလို့ရှိရင် ‌နောက်ဒီကလူ‌တွေပဲ နည်းသွား မလား‌ပေါ့၊ အဲလိုမျိုး တစ်ချို့‌တွေကလည်း စိုးရိမ်ပြီး‌ပြော‌နေကြတာ‌တွေရှိတယ်” ဟု ‌ပြောဆိုသည်။
ဖားအံ-‌မော်လမြိုင် အ‌ဖြောင့်လမ်းမတစ်‌လျှောက်နှင့် အမှတ် ၇ ရပ်ကွက် ‌စောစံစီဖိုးလမ်း ‌ပေါ်တွင်ရှိ သည့် အိမ်များကို လက်ရှိ တရုတ်နိုင်ငံသားများက တစ်လ ၆ သိန်းမှ ၇ သိန်းနှုန်းထားဖြင့် တစ်နှစ်စာ စာချုပ်ချုပ်ကာ လုံးချင်းငှားရမ်း‌နေထိုင်သည့် အိမ်‌ပေါင်း ၁၃ အိမ်ထက် မနည်းရှိသည်ဟု ရပ်ကွက် ‌နေသူ များထံမှ သိရသည်။

အမှတ် ၈ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌စောစိုးမြင့်က “ဒီဖားအံမြို့ထဲမှာ ‌ပြော‌နေကြတာ ကြားရတာ က ‌တော့ ဒီကသူနဲ့အိမ်‌ထောင်ကျ၊ သူတို့နိုင်ငံကို‌ခေါ်သွား၊ တစ်ချို့ကျ‌ရောင်းစားခံရတယ်လို့ ကြား ရတယ်‌ပေါ့။ အဲဒီလိုမျိုးကျ‌တော့ ကျ‌နော်တို့လည်းစိုးရိမ်တာ‌ပေါ့။ အဲဒါ‌ကြောင့် ကျ‌နော်တို့လည်း ‌ပေး‌နေဖို့ခပ်‌ကြောက်‌ကြောက်ပဲဖြစ်‌နေတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဖားအံမြို့တွင် တည်းခို‌နေထိုင်‌နေသည့် နိုင်ငံခြားသား တရုတ်လူမျိုးများမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှဖြစ်ပြီး ရန်ကုန်အပြင် ကရင်ပြည်နယ်စပ်မြို့ တစ်မြို့ဖြစ်သည့် မြဝတီမြို့ ဘက်များမှတစ်ဆင့် တရားဝင်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊ ဗီဇာတို့ဖြင့်ဝင်‌ရောက်လာခြင်းဖြစ်သည်။ အများစုမှာ ‌ဆောက်လုပ်‌ရေးလုပ်ငန်းအတွက် လာ‌ရောက် အလုပ်လုပ်ကိုင်ခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် လဝက ဦးစီးမှူးရုံးထံမှ သိရသည်။