Home သတင်း တရုတ်ဘာသာစကား သီးသန့်ဖြင့် ‌ရေးသားထားသည့် ဆိုင်းပုဒ်အချို့ မြဝတီစည်ပင် ဖြုတ်သိမ်း

တရုတ်ဘာသာစကား သီးသန့်ဖြင့် ‌ရေးသားထားသည့် ဆိုင်းပုဒ်အချို့ မြဝတီစည်ပင် ဖြုတ်သိမ်း

2488

စက်တင်ဘာ ၁၉၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့‌ပေါ်ရှိ တရုတ်ဘာသာစကား သီးသန့် ‌ရေးသားထားသည့် ‌ကြော်ငြာဆိုင်းပုဒ် (၃)ခုကို မြဝတီမြို့နယ် စည်ပင်သာယာ‌ရေးဌာနက စက်တင်ဘာ ၁၈ ရက်‌နေ့တွင် လိုက်လံ ဖြုတ်သိမ်းခဲ့သည်ဟု စည်ပင် သာယာ‌ရေးဌာန ဦးစီးအရာရှိ ‌စော‌ရောဘတ်ထူးက ‌ပြောသည်။

“မ‌နေ့က ညပိုင်းမှာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် သုမာလာလမ်း‌ထောင့် ‌နေရာမှာ တရုတ်စာတန်းပါ အလျား ၃ ‌ပေ၊အနံ ၂ ‌ပေရှိ ‌ကြော်ငြာဆိုင်းဘုတ်များနဲ့ ‌အောင်သုခလမ်းမှာရှိတဲ့ တရုတ်စာတန်းပါဆိုင်းပုဒ်များကို ဖြုတ်သိမ်း လိုက်တယ်။ စက်တင်ဘာလ ၁၇ ရက်‌နေ့ကလည်း တရုတ်စာသီးသန့်‌ရေးထားတဲ့ ‌ကြော်ငြာဆိုင်းပုဒ်အား လိုက်လံဖြုတ်သိမ်းခဲ့တယ်” ဟု မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ ဦးစီးအရာရှိ ‌စော‌ရောဘတ်ထူးက ‌ပြောသည်။

မြဝတီမြို့တွင် တရုတ်နိုင်ငံသားများ နည်းအမျိုးမျိုးဖြင့် အများအပြားဝင်‌ရောက်‌နေထိုင်လျက်ရှိပြီး ‌ဒေသခံများ နှင့် ပဋိပက္ခဖြစ်စဉ်များ ဖြစ်‌ပေါ်ခဲ့ပြီး ထိုသို့ ထပ်မံမဖြစ်ပွား‌စေ‌ရေးရန် တရုတ်နိုင်ငံသားများအား ဥပ‌ဒေနှင့်အညီ‌နေထိုင်မှုရှိမရှိကို သက်ဆိုင်ရာမှ ပူး‌ပေါင်းအဖွဲ့ ဖွဲ့စည်းကာ စိစစ် အ‌ရေးယူ‌ပေးရန် စက်တင်ဘာ ၁၅ ရက်တွင် ‌ဒေသခံပြည်သူ ၂၀ဝ ခန့်က မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံဝင်း၌ အစည်းအ‌ဝေးတစ်ရပ်ပြုလုပ်ကာ ‌ဘောထားထုတ်ပြန် ‌တောင်းဆိုထားသည်။

“ကျ‌နော်တို့ လူထုအစည်းအ‌ဝေးပြီး‌နောက် ညပိုင်းမှာ ရဲတပ်ဖွဲ့ အပါအဝင်အဖွဲ့စုံ ယာဉ်‌ကြောပိတ်ဆို့ ရှာ‌ဖွေတာ၊ လှည့်ကင်း‌ဆောင်ရွက်တာ‌တွေကို ‌တွေ့ရတယ်။ ၁၈ ရက် ညပိုင်းမှာ စည်ပင်သာယာ‌ရေး အဖွဲ့က တရုတ်စာ သီးသန့်‌ရေးထားတဲ့ ဆိုင်း ပုဒ် ၃ ခုခန့်ကို လိုက်လံဖြုတ်သိမ်း‌နေတာ‌တွေလဲ ရှိတယ်။ ဒါ‌တွေက လိုချင်တဲ့ အ‌ဖြေ မဟုတ်‌သေးပါဘူး။ ဖြစ်ချင်တာက ‌နေ့ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်‌ရေး၊ အရပ်ဘက်အဖွဲ့ အစည်း‌တွေနဲ့ ဌာနဆိုင်ရာ များ ‌ပေါင်းစပ်ပြီး ရပ်ကွက်အလိုက် တရုတ်နိုင်ငံသားများ ဥပ‌ဒေနဲ့အညီ ‌နေထိုင်မှုရှိမရှိစိစစ် ‌စေချင်တယ်” ဟု အရပ်ဘက် နိုင်ငံခြားသားများ‌စောင့်ကြည့်‌ရေးအဖွဲ့မှ ဦး‌အောင်ဝင်းလှိုင်(ခ)အညာသားက ‌ပြောသည်။

မြဝတီမြို့ခံများအ‌နေဖြင့် တရုတ်နိုင်ငံခြားသားများကို သတ်မှတ်ထားသည့် ဟိုတယ်များတွင်သာ တည်းခိုခွင့်ပြု ရန်၊ ‌ဈေးဆိုင်များ ဖွင့်လှစ်ရာတွင် တရုတ်စာတမ်းများ၊ စ‌တေကာများ ကပ်ခြင်းများကိုဖြုတ်သိမ်းရန်နှင့် ဆိုင်ဖွင့် ခွင့် လိုင်စင် ချထား‌ပေးခြင်း မပြုရန်၊ ‌မော်‌တော်ယဉ်များ ‌မောင်းနှင်ရာတွင် ယာဉ်‌မောင်းလိုင်စင်ရှိမရှိ စိစစ်ရန်၊ လှိုင်းသစ်ဖုန်းဆိုင်‌ရှေ့တွင် မဖွယ်မရာပြုလုပ်သူ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးအ‌ရေးယူရန် စသည့် အချက် များပါဝင်သည့် တိုင်ကြားစာတစ်‌စောင်ကို ခရိုင်အုပ်ချုပ်‌ရေးမှူးအားလိပ်မူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ များကို မြဝတီမြို့ နိုင်ငံခြားသားများ ‌စောင့်ကြည့်‌ရေးအဖွဲ့က ‌ပေးပို့ တိုင်ကြားထား‌ကြောင်း သိရသည်။