Home သတင်း တိုင်းရင်းမီဒီယာများ ‌ရေရှည်ရပ်တည်ရန် မိမိကိုယ်ကို မြှင့်တင်ရန်လိုအပ်ဟု ဘီအဲန်အိုင်‌ပြော

တိုင်းရင်းမီဒီယာများ ‌ရေရှည်ရပ်တည်ရန် မိမိကိုယ်ကို မြှင့်တင်ရန်လိုအပ်ဟု ဘီအဲန်အိုင်‌ပြော

1889

စက်တင်ဘာ ၁၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းမီဒီယာများ ‌ရေရှည်ရပ်တည်နိုင်ရန် မိမိကိုယ်ကို မြှင့်တင်သွားရန် လိုအပ်သည်ဟု ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မ‌နောကွင်းရှိ မဂျွယ်ခန်းမ၌ စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကျင်းပသည့် သတ္တမအကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ဘီအဲန်အိုင် ဘက်စုံမီဒီယာအဖွဲ့ (BNI Multimedia Group)က ‌ပြောဆို လိုက်သည်။

ဘီအဲန်အိုင်၊ မူဝါဒ‌ရေးရာ ဥက္ကဌ နန်း‌ဖော့‌ဂေက “ မီဒီယာ‌တွေ‌ရှေ့ဆက် ပုံမှန်‌ရေရှည်သွား နိုင်ဖို့က ကျမထင်တယ်၊ အစိုးရကိုလည်း အားကိုးလို့မရဘူး။ ဒိုနာ‌တွေကြီးပဲ အပြည့်အဝ အားကိုးလို့ မရဘူး ဆိုတဲ့အခါကျ‌တော့ အဖက်ဖက်ကို အားကိုးပြီး‌တော့ လုပ်‌ဆောင်ရမှာရှိသလို ကိုယ့်ရဲ့ သတင်း ‌တွေကို ပိုပြီး‌တော့ သုံး‌ဆောင်ရနိုင်‌အောင်၊ ကိုယ့်ကွန်မြူနတီကိုလည်း Advocate လုပ်ရမယ့် သ‌ဘောရှိတယ် ဆို‌တော့ မီဒီယာကို ပံ့ပိုးရမယ့် အသိတရားနဲ့ ဝိုင်းဝန်းပံ့ပိုးတယ် ဆိုလို့ရှိရင် ဒိုနာအားကိုး ရတဲ့အပိုင်း ‌တွေ သိသာခံသာရှိမယ်လို့ထင်တယ်” ဟု ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ‌ပြောသည်။

လက်ရှိ တိုင်းရင်းမီဒီယာများ၏ ရပ်တည်‌ရေးအတွက် ကြုံ‌တွေ့ရသည့် အခက်အခဲများကို ကြိုးစားပြီး ‌ဆောင်ရွက်သွားမည်ဖြစ်သလို ကျန်ရှိ‌နေ‌သေး‌သော မီဒီယာများအတွက် နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုး ‌ပေး‌နေသည့် အပိုင်းကို အမှန်တကယ်လို အပ်ချက် ကိုက်ညီ ရန်အတွက် ညှိနှိုင်းလုပ်‌ဆောင်သွား မည်ဟုလည်း နန်း‌ဖော့‌ဂေက ‌ပြောသည်။

ရှမ်းသံ‌တော်ဆင့် အယ်ဒီတာချုပ် စိုင်းမိဏ်းက “ကျ‌နော်တို့ရှမ်းသံ‌တော်ဆင့်အ‌နေနဲ့ ဒီကိစ္စနဲ့ ပတ်သက် ပြီး ပြုပြင်‌ပြောင်းလဲမှု ‌တော်‌တော်‌လေး လုပ်ခဲ့တယ်။ ကျ‌နော်တို့ ဒိုနာ‌တွေပဲဆက်အားကိုး‌တော့ မလား။ ကျ‌နော်တို့ ဘယ်လို ဆက်သွားမလဲ။ ကျ‌နော်တို့လည်း Mix model ကို ‌ပြောင်းလာတယ်။ ကျ‌နော်တို့ ပရိသတ်က ရှမ်းပြည်သား ‌တွေဖြစ်တယ်။ ကျ‌နော်တို့နယ်က အား‌ပေး‌နေတဲ့ ပရိသတ်‌တွေရဲ့ ပံ့ပိုးမူ ဘယ်လိုရမလဲ ဆိုတဲ့ဟာကို ကျ‌နော်တို့ ပြုပြင်‌ပြောင်းလဲမှု ‌တွေစလုပ် ပါတယ်” ဟု ‌ပြောသည်။

ဘီအဲန်အိုင် ဘက်စုံမီဒီယာအဖွဲ့(BNI)က ကြီးမှူးကျင်းပသည့် ယင်းညီလာခံသို့ ကချင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့၊ ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပြည်နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီး ဌာန၊ ဘီအဲန်အိုင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ‌ကောင်စီ၊ ပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေး ပါတီ များ၊ မျိုးနွယ်စုအလိုက် ရိုးရာယဉ်‌ကျေးမှုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာ‌ရေး ‌ခေါင်း ‌ဆောင်များ၊ စစ်‌ဘေး‌ရှောင်စခန်းမှ ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံအတွင်းရှိ မီဒီယာဌာနများ၊ သတင်း မီဒီယာ ကွန်ယက်များ၊ အလှူရှင်များနှင့် သံရုံးကိုယ်စားလှယ်များ အပါအဝင် စုစု‌ပေါင်း လူပရိသတ် ၂ဝဝ ဦး‌ကျော် တက်‌ရောက်ခဲ့ ကြသည်။

“တရားမျှမှု အတွက် တိုင်းရင်းမီဒီယာ” ‌ဆောင်ပုဒ်ဖြင့် ကျင်းပသည့် သုံးရက်တာ ညီလာခံတွင် သတင်း မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခွင့်၊ သတင်းသမားများ၏ လုံခြုံ‌ရေး၊ တိုင်းရင်း မီဒီယာများ၏ ‌ရေရှည်တည်တံ့ခိုင်မြဲ‌ရေး၊ ကချင်‌ဒေသအတွင်းရှိ ပဋိပက္ခများ၊ အကြီးစားဖွံ့ဖြိုး‌ရေး စီမံ ကိန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူအ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှုများ၊ စစ်‌ဘေး ‌ရှောင်စခန်းမှ ‌ဒေသခံများ၏ အခက်အခဲများ၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တရားမျှတမှု ဆိုင်ရာ ကိစ္စ ရပ်များ၊ တိုင်းရင်းမီဒီယာမူဝါဒဆိုင်ရာ အကြံပြုချက်များ၊ ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေးနှင့် မီဒီယာ အလားအလာများကို အဓိကထား ‌ဆွေး‌နွေးခြင်းနှင့် အကြံပြုခြင်းများ ပြုလုပ်ခဲ့ ကြသည်။

ညီလာခံအပြီး ထုတ်ပြန်ချက်တွင် သတင်းအချက်အလက် ရပိုင်ခွင့် (Right to Information) ဥပ‌ဒေကို အမြန်ဆုံး ပြဋ္ဌာန်း‌ပေးရန် ၊ မီဒီယာ ဥပ‌ဒေ၊ နည်းဥပ‌ဒေများကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆို ထုတ်‌ဝေ‌ပေးရန်၊ မီဒီယာ ပံ့ပိုးသူများအ‌နေဖြင့် ‌ဒေသအ‌ခြေစိုက် သတင်းဌာန များအား နည်းပညာပိုင်း၊ ဘဏ္ဍာ‌ရေး ပိုင်းဆက်လက်ကူညီသွားရန်၊ အစိုးရအ‌နေဖြင့် အကြီးစားဖွံ့ဖြိုး‌ရေး စီမံကိန်းများနှင့် ပတ်သက်ပြီး မူဝါဒများ ချမှတ်ကာ သတင်းမီဒီယာများအပါအဝင် အများပြည်သူ သိရှိနိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ထားရန်စသည့် အချက်များ ‌ဖော်ပြထားသည်။

ထို့အပြင် ဖက်ဒရယ် ဒီမိုက‌ရေစီနိုင်ငံ တည်‌ဆောက် ရာတွင် ပါဝင်ပတ်သက်သူများ၏ အစုအဖွဲ့ အသီး သီးတွင် မီဒီယာမူဝါဒများကိုတရားမျှတစွာဖြင့် ချမှတ်ပြဋ္ဌာန်းရန်နှင့် လာမည့် ၂ဝ၂ဝ အ‌ထွေ‌ထွေ‌ရွေး ‌ကောက်ပွဲတွင် သတင်းရယူခွင့်အတွက် နယ်‌မြေ ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ သတင်း ရယူခွင့် ရှိရန် စသည့် ‌တောင်းဆိုချက် ၆ ချက်ကို ဘီအဲန်အိုင်က ‌တောင်းဆိုလိုက်သည်။

“ထိ‌ရောက်တဲ့ Action ‌တွေ လုပ်နိုင်ဖို့အတွက်က ဒီမှာတက်‌ရောက်တဲ့ မီဒီယာကွန်ရက်‌တွေနဲ့ ကျမတို့ တိုက်တိုက်တွန်းတွန်း ပူး‌ပေါင်းလုပ်‌ဆောင်ရမယ့် အပိုင်း‌လေး ‌တွေရှိမယ်။ ‌နောက် မီဒီယာ‌တွေကို ပံ့ပိုး ကူညီ‌ပေး‌နေတဲ့ ဥပ‌ဒေပညာရှင်‌တွေနဲ့ ကျမတို့အတူ လုပ်‌ဆောင်သွားမှသာ အကာအကွယ် တခု ရနိုင် တဲ့ နည်းလမ်းရှာနိုင်မယ်။ စု‌ပေါင်းတွန်းအားနဲ့ လုပ်သွားရမယ့် သ‌ဘောရှိတယ်” ဟု ဘီအဲန်အိုင် မူဝါဒ ‌ရေးရာ ဥက္ကဌ နန်း‌ဖော့‌ဂေက ‌ပြောသည်။

တိုင်းရင်း မီဒီယာညီလာခံကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် ‌မော်လမြိုင်မှစတင်ကျင်းပခဲ့ပြီး ‌တောင်ကြီး၊ ဟားခါး၊ ‌မြောက်ဦး၊ လွိုင်‌ကော် နှင့် ဖားအံ စသည့်မြို့များတွင် နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခု သတ္တမ အကြိမ်‌မြောက်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။