Home သတင်း တိုင်းရင်းသားအခွင့်အ‌ရေး အသိအမှတ်ပြု‌လေးစားရန် ကရင်လူငယ်‌ဆွေး‌နွေးပွဲ သ‌ဘောထားထုတ်ပြန်

တိုင်းရင်းသားအခွင့်အ‌ရေး အသိအမှတ်ပြု‌လေးစားရန် ကရင်လူငယ်‌ဆွေး‌နွေးပွဲ သ‌ဘောထားထုတ်ပြန်

2845

စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

အစိုးရအ‌နေဖြင့် တိုင်းရင်းသားအခွင့်အ‌ရေးများကို တန်းတူညီမျှအသိအမှတ်ပြု၊ အခွင့်အ‌ရေး‌ပေး၊ ‌လေးစား ခြင်းနှင့် ညီတူညီမျှ အကာအကွယ်‌ပေးရန် ‌ညောင်တုန်းမြို့နယ်တွင် ကျင်းပခဲ့သည့် ကရင်လူငယ်‌ရေးရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှ စက်တင်ဘာလ ၁၃ ရက်‌နေ့ ရက်စွဲဖြင့် သ‌ဘောထားထုတ်ပြန်ပြီး ‌တောင်းဆိုလိုက်သည်။

‌ညောင်တုန်းမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ၊ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်‌ရေးအသင်း KYDA နှင့် လူငယ်အဝိုင်းအဝန်း YC တို့ စီစဉ်မှုဖြင့် ‌ညောင်းတုန်းမြို့နယ်၊ ‌ဖောင်ရိုး‌ချောင်း‌ကျေးရွာ၌ ကရင်လူ ငယ်‌ရေးရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို စက်တင်ဘာ ၁၃ ရက်‌နေ့တွင် ကျင်းပခဲ့ပြီး တက်‌ရောက်လာသည့် ဧရာဝတီတိုင် ‌ဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများက ယခုကဲ့သို့ သ‌ဘောထားထုတ်ပြန် ‌ပြောဆိုခြင်းဖြစ်သည်။

သ‌ဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ‌ပြောဆိုခွင့်ရှိသူ မန်းဝင်း‌မောင်က “ ကရင် အာဇာနည်‌နေ့ ကျင်းပတဲ့ ကိစ္စနဲ့ပတ်သက်လို့အမျိုးမျိုး‌နှောက်ယှက်တာ တရားစွဲတာ‌တွေက ကျ‌နော်တို့တိုင်း ရင်းသား ‌တွေရဲ့အ‌ခြေခံ အခွင့်အ‌ရေးကို ချိုး‌ဖောက်တာဖြစ်သလို လက်ရှိ ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်ကိုလည်း အ‌နှောက်အယှက် ဖြစ်‌စေ ပါတယ်” ဟု ‌ပြောသည်။

ထို့အပြင် မိမိတို့ ကရင်တိုင်းရင်းသားများ၏ နာမည်များ‌ရှေ့တွင် အ‌ခြေခံကျကျ မန်း၊ ဂါ့ စသည်ဖြင့် တပ်ဆိုခွင့် မရှိခြင်းသည် အခွင့်အ‌ရေးများစွာဆုံးရှုံးသည့်အတွက် တန်းတူအခွင့်အ‌ရေး‌ပေးရန် အ‌လေးထားရန်ထား ‌တောင်းဆိုခြင်းဖြစ်သည်ဟု ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူးလည်း ဖြစ်သူ မန်းဝင်း‌မောင်က ဆက်‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူငယ်‌ရေးရာချိတ်ဆက်လုပ်‌ဆောင်‌နေမှုများအတွက် မဟာဗျူဟာ လုပ်ငန်းစဉ်များ ထွက်‌ပေါ်လာ‌ရေးရည်ရွယ်ကျင်းပသည့် ၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်ပါတီများဖြစ်သည့် KNP ၊ KPP များမှတာဝန်ရှိသူများ၊ တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ၂ဝ ခန့်မှ စာ‌ပေ၊ယဉ်‌ကျေးမှု‌ကော်မတီဝင် ကရင်လူငယ်များ၊ တက္ကသိုလ်အသီးသီးမှ ကရင်လူငယ်‌မောင်မယ်များစုစု‌ပေါင်း ၁၀၃ဦး တက် ‌ရောက်‌ဆွေး ‌နွေးခဲ့ကြသည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် မဟာဗျူဟာလုပ်ငန်းစဉ်များထွက်‌ပေါ်လာ‌ရေးအတွက် အစပြု‌ဆွေး‌နွေးမှု များအပြင် လတ်တ‌လောကရင်လူထုအတွင်း သက်‌ရောက်မှုဖြစ်‌ပေါ်ခဲ့သည့် ကရင့်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူ ‌နော်အုံးလှအပါအဝင်ကရင်လူငယ် ၂ ဦးတရားစွဲဆိုခံရခြင်းအ‌ပေါ်‌ဆွေး‌နွေးခဲ့ကြပြီး ယခုလိုသ‌ဘောထား ထုတ်ပြန် ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကရင်လူမျိုးများ၏ နာမည်‌ရှေ့အမှတ်လက္ခဏာများဖြစ်သည့် ‌စော၊‌နော်၊ စ၊ မန်း၊ နန့်၊ ဂါ့၊ နန်း ထည့် သွင်းခြင်းကို အစိုးရနှင့်သက်ဆိုင်ရာဌာနများမှ လျစ်လျှူရှုပြီး ဦး၊ ‌ဒေါ်၊ မ၊ ‌မောင် စကားလုံးများဖြင့် စနစ်တကျ ထပ်ဆင့်ထည့်သွင်း‌နေမှုများမှာ တိုင်းရင်းသားလူမျိုး များ၏ဝိ‌သေသ လက္ခဏာများအား အစီစဉ်ရှိစွာ ဖျက်ဆီး ခြင်းဟုမှတ်ယူသဖြင့် ကန့်ကွက်ရှုံ့ချ‌ကြောင်းလည်း သ‌ဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာလ ၁၃ ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်‌ရေးရာ‌ဆွေး‌နွေးပွဲကို လာမည့် နိုဝင်ဘာလတွင် ဧရာဝတီတိုင်းအတွင်း ထပ်မံပြုလုပ်သွားမည်ဖြစ်‌ကြောင်း ဦး‌ဆောင်စီစဉ်သူများ ထံမှ သိရသည်။