Home သတင်း တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ ဖမ်းဆီးခံရမှုအ‌ပေါ် ထိုင်းကရင်အဖွဲ့ ရှုတ်ချ၊ အမြန်ဆုံးလွှတ်‌ပေးရန် ‌တောင်းဆို

တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ ဖမ်းဆီးခံရမှုအ‌ပေါ် ထိုင်းကရင်အဖွဲ့ ရှုတ်ချ၊ အမြန်ဆုံးလွှတ်‌ပေးရန် ‌တောင်းဆို

2741

စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူူး

ကရင်အာဇာနည်‌နေ့ ကျင်းပပြုလုပ်ခြင်း‌ကြောင့် တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရမှု‌ပေါ် ထို်င်းနိုင်ငံရှိ ထိုင်းကရင်အဖွဲ့-Karen Thai Group (KTG)က ရှုတ်ချ‌ကြောင်း ယ‌နေ့ စက်တင်ဘာလ (၁၇)ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ကာ ‌ပြောဆို လိုက်သည်။

ထိုသို့ ကရင်အာဇာနည်‌နေ့အ‌ပေါ် အ‌ကြောင်းပြု၍ တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းသည် ကရင်တစ်မျိုး သားလုံးအ‌ပေါ် ထိခိုက်ခြင်းဖြစ်‌သော‌ကြောင့် ယခုလို ‌ကြေညာချက်ထုတ်ပြန် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု KTG ၏ ဥက္ကဌ Mr. Nuttapong Pongnoipraingam က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အမြန်ဆုံးလွှတ်‌ပေး‌စေချင်တယ်။ ဘာဖြစ်လဲဆို‌တော့ ဒီလိုကရင်တစ်‌ယောက် ဖမ်းဆီး ခံရတာက ကျ‌နော်တို့ တကမ္ဘာလုံးမှာရှိတဲ့ ကရင်တစ်မျိုးသားလုံးကို ထိခိုက်သလို ခံစားရတယ်။ ဒါ‌ကြောင့် ဒီလို မဖြစ်‌စေချင်ဘူး။ မြန်မာအစိုးရအ‌နေနဲ့ ကရင်‌တွေအ‌ပေါ် ဖိနှိပ် ထိခိုက်‌စေတာ မျိုးမလုပ်‌စေချင်‌တော့ဘူး။ နားလည်မှုရှိရှိနဲ့ ချစ်ချစ်ခင်ခင်ရှိဖို့ ကျ‌နော်တို့ လိုလား တယ်” ဟု ‌ပြောသည်။

အလားတူ KTGက ဦး‌ဆောင်ပြီး ယ‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာ ‌ကောင်စစ်ဝန်ရုံး‌ရှေ့ တွင် ‌နော်အုန်းလှ ဖမ်းဆီးခံရမှုအ‌ပေါ် ဆန္ဒထုတ်‌ဖော်ခဲ့ကြသလို တာဝန်ရှိသူများနှင့်လည်း သွား‌ရောက်‌တွေ့ ဆုံ၍ ‌နော်အုန်းလှအား အမြန်ဆုံး လွှတ်‌ပေးရန် ‌ပြောဆိုခဲ့‌ကြောင်းလည်း KTG ဥက္ကဌက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ရက်‌နေ့က (၆၉)နှစ်‌မြောက် ကရင်အာဇာနည်‌နေ့အခမ်းအနားကို ရန်ကုန်အစိုးရ၏ ခွင့်ပြုချက်မရဘဲ ရန်ကုန်မြို့၊ ဗဟာဗန္ဓုလပန်းခြံတွင် အာဇာနည်‌နေ့ဟု ‌ခေါင်း စဉ်သုံးကျင်းပခဲ့ခြင်း‌ကြောင့် ‌ကျောက်တံတားမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦး‌ဆောင်၍ အလုံမြို့နယ် မြို့မရဲစခန်း၌ ငြိမ်းချမ်းစွာ စုရုံးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ‌ဒေပုဒ်မ (၂၀)ဖြင့် ဦး‌ဆောင်သူ ကရင်အမျိုးသမီးအစည်းအရုံး-KWU ဥက္ကဌ ‌နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ဦးဖြစ်‌သော ‌စောအဲလ်ဘတ်ချိုနှင့် စသိန်း‌ဇော်မင်းတို့အား တရားစွဲဆိုခဲ့ပြီး ‌နော်အုန်းလှအား စက်တင်ဘာလ (၉)ရက်‌နေ့တွင် ဖမ်းဆီးခဲ့သည်။

ထိုသို့ တိုင်းပြည်အတွင်း အရပ်ဖက် လူ့အဖွဲ့အစည်း၏‌နေရာ ကဏ္ဍများအ‌ပေါ် ကန့်သတ် ချုပ် ချယ်ရန် ကြိုးပမ်းသည့် မြန်မာအစိုးရ၏ လူနည်းစု တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများနှင့် လူ့ အခွင့်အ‌ရေး အကာအကွယ်‌ပေး‌နေသူများအ‌ပေါ် ဆန့်ကျင်သည့် တရား‌ရေး တိုက်ခိုက်မှုများ ဆက်လက်တည်ရှိ‌နေမှုများသည် အခြား‌သော လူ့အခွင့်‌ရေး အကာအကွယ်‌ပေးသူများနှင့် အဖွဲ့အစည်းများအ‌ပေါ် အကျိုးသက်‌ရောက်မှုရှိနိုင်‌ကြောင်းလည်း KTG က ‌ထောက်ပြ ‌ပြောဆိုခဲ့သည်။

‌နော်အုန်းလှအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလ ၁ဝ ရက်‌နေ့တွင် ‌ကျောက်တံတားမြို့နယ် တရားရုံး၌ အမှုလာတင်ကာ ရုံးထုတ်ခဲ့ပြီး‌နောက် တရားသူကြီးက စက် တင်ဘာလ ၁၇ ရက် (ယ‌နေ့)တွင် ရုံးချိန်း‌ပေးလိုက်ပြီး ခရိုင်တရားသူကြီးက အာမခံ‌လျှောက်ခွင့်ပြု ‌သော်လည်း ‌နော်အုန်းလှဘက်မှ အာမခံမ‌လျှောက်သဖြင့် အင်းစိန်‌ထောင်သို့ ပို့‌ဆောင်ခဲ့သည်။

ထို့‌ကြောင့် ယ‌နေ့ နံနက်တွင် ရုံးချိန်းအရ ရန်ကုန်မြို့၊ ‌ကျောက်တံတားမြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်ရန် ‌နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ဦးဖြစ်သည့် ‌စောအဲဘတ်လ်ချိုနှင့် စသိန်း‌ဇော် မင်းတို့ တရားရုံးကို တက်‌ရောက်ခဲ့ပြီး အမှုရင်ဆိုင်မည့်သူများကိုလည်း ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း‌ဒေသကြီးမှ ကရင်ပြည်သူများ၊ ကရင်စာ‌ပေယဉ်‌ကျေးမှုနှင့် ကရင်နိုင်ငံ‌ရေးပါတီ၊ ကရင်အနု ပညာရှိအစရှိသည့် အလွှာစုံကရင်ပြည်သူများက လာ‌ရောက်ဝန်းရံခဲ့‌ကြောင်း သိရသည်။

အလားတူ ယမန်‌နေ့ စက်တင်ဘာလ ၁၆ ရက်‌နေ့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက တရားစွဲဆို ဖမ်းဆီးခံခဲ့ရသည့် ‌နော်အုန်းလှအပါအဝင် ကရင်လူငယ်နှစ်ဦးကို ခြွင်းချက်မရှိ ရုပ်သိမ်း‌ပေးရန်နှင့် အစိုးရအ‌နေဖြင့် NCAပါ သ‌ဘောတူညီချက်များကို တာဝန်ယူမှုတာဝန်ခံမှုရှိ ရန်ပါ တိုက်တွန်း‌ပြောဆိုခဲ့သလို ပြည်တွင်း၊ ပြည်ပရှိ ကရင်အဖွဲ့အစည်းများကလည်း သ‌ဘောထား ထုတ်ပြန်၍ ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။