Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းချက် (အင်တာဗျူး)

ဆက်သွယ်‌မေးမြန်းချက် (အင်တာဗျူး)

2502

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့ရှိ သံ‌တောင်ကြီး အ.ထက မိုးလုံ‌လေလုံခန်းမတွင် စက်တင်ဘာလ ၂၁ရက်‌နေ့ နံနက် ၉နာရီမှ မွန်းလွဲ ၁နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားနှင့်ပတ်သက်၍ ဦး‌ဆောင်ကျင်းပသူ သံ‌တောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ‌နော်မာမာချိုအား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းထားခြင်း ဖြစ်သည်။

‌ကေအိုင်စီ။ ။ ဒီစက်တင်ဘာလ ၂၁ရက်‌နေ့မှာ ကျ‌ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို သံ‌တောင်ကြီးမြို့မှာ လည်း ကျင်းပပြုလုပ်တယ်ဆို‌တော့ ဘယ်သူ‌တွေက ဦး‌ဆောင်ပြီး ဘယ်လိုအစုအဖွဲ့‌တွေက ပါဝင်တက်‌ရောက်ကြပါသလဲ။
ကျမတို့ သံ‌တောင်ကြီးအမျိုးသမီးများအဖွဲ့က‌နေပြီး‌တော့ ဦး‌ဆောင်ပြီး လုပ်ခဲ့တယ်။ အစုအဖွဲ့က‌တော့ တပ်မ‌တော်အစု အဖွဲ့လည်းတက်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံ‌ရေးပါတီ အစုအဖွဲ့၊ လွှတ်‌တော်၊ အစိုးရဘက်က‌တော့ အကုန် မတက်ဘူး‌ပေါ့‌နော်။ အစိုးရဘက်က မြို့နယ် ဆရာဝန်ကြီးတစ်‌ယောက်ပဲ တက်တယ်။ ပြည်သူ‌တွေနဲ့ ဖိတ်ကြားထားတဲ့ အမျိုး သမီး‌တွေနဲ့ ဒီဖက်က စီအက်စ်အို၊ အဲန်ဂျီအို၊ စီဘီအို‌တွေ အားလုံး တက်ပါတယ်။
သံ‌တောင်ကြီးအမျိုးသမီးများအဖွဲ့က ဦး‌ဆောင်ကျင်းပတာဖြစ်ပြီး‌တော့ ‌ကော်လား‌ဖောင်‌ဒေးရှင်းက‌နေပြီး‌တော့ မိတ် ဖက်အဖွဲ့အစည်းအဖြစ်နဲ့ ပါဝင်ခဲ့တယ်။ ဖွံ့ဖြိုး‌ရေးမဏ္ဍိုင်(LRC-local resource center)ကလည်း ကျမတို့ရဲ့ မိတ်ဖက်အ‌နေနဲ့ က‌လေး‌တွေရဲ့ ပန်းချီပြိုင်ပွဲ‌တွေ၊ က‌လေး‌တွေရဲ့ ကဗျာပြိုင်ပွဲတို့မှာ ဆု‌ပေးတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့တယ်။

‌ကေအိုင်စီ။ ။ သံ‌တောင်ကြီးမြို့က အခမ်းအနားမှာ လူပရိဿတ် ဘယ်‌လောက်တက်‌ရောက်ကြပါသလဲ။ အခမ်းအနား အစီအစဉ်‌တွေက ဘယ်လို‌တွေရှိခဲ့ပါသလဲ။
လူဦး‌ရေက‌တော့ attendance အရ‌တော့ ၂၅၇‌ယောက်က လူကြီး။ ‌ကျောင်းသူ‌ကျောင်းသား‌တွေ အားလုံးက ၂၂ဝ တက်‌ရောက်ခဲ့ပါတယ်။
အာဂျင်ဒါက‌တော့ အကြိုနှုတ်ခွန်းဆက်စကားကို ဒါရိုက်တာ ‌နော်မာမာချိုက ‌ပြောကြားခဲ့တယ်။ ပြီးတဲ့အခါကျ‌တော့ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ဂုဏ်ပြုတဲ့ အစီအစဉ်နဲ့ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်က‌နေပြီး‌တော့ အခုလက်ရှိ ငြိမ်းချမ်း‌ရေးအ‌ပေါ်မှာ တစ်‌ယောက်နဲ့တစ်‌ယောက် နားလည်မှုအပြည့်အဝ၊ ယုံကြည်မှုအပြည့်အဝနဲ့ ဆက်လက် တည်‌ဆောက် သွားဖို့ဆိုပြီး‌တော့ အမှာစကား‌တွေ ‌ပြောကြားသွားခဲ့တယ်။ ပြီးတဲ့အခါမှာ KNU/KNLA PC မှ ဒုတိယဗိုလ်မှူးကြီး‌စောကိုကြီး‌ကျော် က‌နေ ‌ကေအဲန်ယူက ‌ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတယ်။
ကရင်ပြည်နယ်လွှတ်‌တော် ဒုဥက္ကဋ္ဌ ‌ဒေါ်နန်းသူဇာဝင်းက‌နေပြီး‌တော့ ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ်တိုင်းမှာ အမျိုးသမီး‌တွေ ပါဝင်ဖို့ လိုအပ်တယ်ဆိုတာရယ်၊ အမျိုးသမီး‌တွေ ပါရှိမှ ပိုပြီး‌တော့ မြန်ဆန်တဲ့ ငြိမ်းချမ်း‌ရေးနဲ့ ‌ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း ‌ရေး ဆက်သွားနိုင်မယ်ဆိုတဲ့ အ‌ကြောင်းကို ‌ပြောကြားသွားခဲ့ပါတယ်။ UPDJC ရဲ့အဖွဲ့ဝင် ပဒို‌ဒေါက်တာ‌စောထွန်း‌အောင်မြင့်က ‌နေပြီး‌တော့ Climate Action for Peace ‌ခေါင်းစဉ်နဲ့ ‌ပြောကြားသွား‌ပေးပါတယ်။
ပြီး‌တော့ ဆုရရှိတဲ့ က‌လေး‌တွေကို ဘုရင့်‌နောင်တပ်နယ်က အရာရှိ အရာခံ‌တွေက‌နေပြီး‌တော့ ဆုချီးမြှင့်ခဲ့တယ်။ ပြီးတဲ့ အခါမှာ Local Resource Center က regional coordinator နန်းမြင့်‌အောင်တို့အဖွဲ့ကလည်း ဆု‌တော်‌ငွေနဲ့ ဆု‌တွေကို ချီးမြှင့် ‌ပေးခဲ့တယ်။
ရည်ရွယ်ချက်က‌တော့ ကျမတို့‌တွေ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အဆင့်ဆင့်တိုင်းမှာ အမျိုးသမီး‌တွေ ပါဝင်ဖို့ လိုအပ်တယ်။ ပါဝင်ဖို့အတွက်ကို ကျမတို့ ရည်ရွယ်တယ်။ ‌နောက်တစ်ခုက ကိုယ့်အမျိုးသမီး‌တွေရဲ့ဘဝကို လုံခြုံမှုရရှိနိုင်ဖို့လည်း ကျမတို့ ရည် ရွယ်တာ ဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ အထူးသဖြင့်‌ပေါ့‌လေ ဒီလိုငြိမ်းချမ်း‌ရေး‌နေ့မှာ ‌ဒေသခံအမျိုးသမီး‌တွေရဲ့ အသံ‌တွေ၊ ‌တောင်းဆိုမှု၊ ဆန္ဒလို လားမှု‌တွေ၊ ရင်ဖွင့်သံ‌တွေက ဘာ‌တွေပါလိမ့်‌နော်။
အဓိက‌တော့ ပြည်တွင်းစစ်ကြီးဒဏ်ကို တကယ့်ခံစား‌နေခဲ့ရတဲ့ အမျိုးသမီး‌တွေရဲ့ဘဝ လုံခြုံမှုရရှိဖို့အတွက်ကို ‌တောင်း ဆိုကြတယ်။ ပြီးတဲ့အခါမှာ ‌အောက်‌ခြေမှာဖြစ်‌နေတဲ့ အမျိုးသမီး‌တွေရဲ့ အသံကို နား‌ထောင်‌ပေးဖို့အတွက်ကိုလည်း ‌တောင်းဆို ကြတယ်‌ပေါ့။ တကယ်တမ်း ပြည်တွင်းစစ်ကြီးဒဏ်ကို ခံစား‌နေရတာ မြို့ကြီးမြို့ပြက မဟုတ်ပါဘူး။ ကျမတို့ ကရင်ပြည်နယ်ရဲ့၊ နှစ်‌ပေါင်း ၇၀‌ကျော် ပြည်တွင်းစစ်ဒဏ် ခံစား‌နေရတဲ့ သံ‌တောင်ကြီးမြို့နယ်မှာရှိတဲ့ အမျိုးသမီး‌တွေက အများကြီး ခံစားခဲ့ရတယ်။ ဒါ‌ကြောင့်မို့လို့ ဒီအမျိုးသမီး‌တွေရဲ့ ခံစားခဲ့ရတဲ့အရာ‌တွေ၊ ဒီအမျိုးသမီး‌တွေ‌ပေါ့‌နော်။ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကိုလိုချင် တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို သွားနိုင်ဖို့အတွက်ကိုပဲ လိုချင်တယ်။
စစ်ပွဲ‌တွေ ရပ်‌ပေးဖို့၊ ကရင်ပြည်နယ်တစ်ပြည်နယ်လုံး ရပ်‌နေရင်‌တောင်မှ မြန်မာပြည်မှာရှိတဲ့ တစ်နိုင်ငံလုံး စစ်ပွဲ‌တွေ ရပ်‌ပေးဖို့လည်း အမျိုးသမီး‌တွေက လိုလားတယ်‌ပေါ့‌နော်။ ဒီအသံ‌တွေကို နား‌ထောင်‌ပေးဖို့ကိုလည်း ‌တောင်းဆိုခဲ့ကြတယ်။

‌ကေအိုင်စီ။ ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကို သံ‌တောင်မြို့သစ်(၁၃မိုင်)မှာလည်း အလားတူ ကျင်းပတာပဲဆို‌တော့ ကွာခြားမှု‌တွေက ဘယ်လို‌တွေရှိပါသလဲ။
အဓိက‌တော့ ကျမတို့ကျ‌တော့ အမျိုးသမီးနဲ့ ငြိမ်းချမ်း‌ရေးကို တစိုက်မတ်မတ် သွား‌နေတဲ့အခါကျ‌တော့ ကျမတို့က အမျိုးသမီး‌တွေရဲ့အသံကို ပါဝင်‌စေချင်တဲ့အတွက် ဒီတိုင်းပဲ ခွဲလုပ်တာဖြစ်တယ်။ အာဂျင်ဒါချင်းကလည်း မတူဘူး‌ပေါ့‌နော်။
အမျိုးသမီး‌တွေက တကယ့် ပြည်တွင်းစစ်ကြီးထဲမှာ အရမ်းကို ခံစားခဲ့ရပြီး သကာလမှာ တကယ်တမ်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ကျ‌တော့ အမျိုးသမီးအ‌ရေးကို တစိုက်မတ်မတ် မ‌ဆွေး‌နွေးကြဘူး။ အမျိုးသမီး‌တွေရဲ့အသံကို နားမ‌ထောင်ကြဘူး။ ဘာ‌ကြောင့် မို့ ကျမတို့က အမျိုးသမီးသီးသန့်ချည်းပဲနဲ့ ဒီ‌ခေါင်းစဉ်နဲ့တည်ပြီးမှ ကျင်းပရခြင်းပဲ ဖြစ်ပါတယ်လို့။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ တစိုက် မတ်မတ် ပါဝင်လာပြီး အမျိုးသမီး‌တွေရဲ့အသံကို နား‌ထောင်‌ပေးဖို့၊ သယ်‌ဆောင်သွား‌ပေးဖို့အတွက် ‌ခေါင်း‌ဆောင်၊ အစုအဖွဲ့‌တွေ အားလုံး သိဖို့အတွက်ကို ကျမတို့က ရည်ရွယ်ပြီး လုပ်‌ဆောင်ခြင်းဖြစ်ပါတယ်။
JMC-S က JMC ပဲခူး၊ JMC ကရင်မှာရှိတဲ့ တာဝန်ရှိသူ‌တွေလည်း အကုန်လုံး လာ‌ရောက်ပြီး တက်‌ရောက်လာခဲ့ကြပါ တယ်။ JMC Union level အထိ လာခဲ့ကြပါတယ်။ JMC-U မှာဆိုလို့ရှိရင် အမျိုးသမီးတစ်‌ယောက်မှ မပါပါဘူး။ ဆို‌တော့ အမျိုး သမီး‌တွေ အဲဒီ လိုမျိုး‌နေရာ‌တွေမှာ ပါလာနိုင်ဖို့၊ ‌နေရာ‌တွေ ထပ်ပြီး‌တော့ ‌ဖော်‌ဆောင်‌ပေးဖို့ ဒါ‌တွေကိုလည်း သိရှိသွားဖို့အတွက် လည်း ရည်ရွယ်ခြင်းဖြစ်လို့ ကျမတို့ ဒီအခမ်းအနားကို တစ်ခြားအစီအစဉ်‌တွေနဲ့ မ‌ပေါင်းဘဲနဲ့ အမျိုးသမီး‌တွေရဲ့အသံ သီးသန့် ‌ပေါ်ထွက်နိုင်ပြီး‌တော့ အမျိုးသမီး‌တွေအသံကို တက်‌ရောက်လာတဲ့ ‌ခေါင်း‌ဆောင်အသီးသီး၊ နိုင်ငံ့‌ခေါင်း‌ဆောင်အသီးသီး ဒီတိုင်း ပြည်ကြီးမှာ အခု ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌နေတဲ့ ‌ခေါင်း‌ဆောင်အသီးသီးက သိရှိနားလည်ပြီး‌တော့ အမျိုးသမီး‌တွေကို ‌နေရာ၊ အခွင့်အလမ်း‌တွေ ဖန်တီး‌ပေးဖို့၊ အမျိုးသမီး‌တွေကို ပါဝင်ခွင့်‌ပေးဖို့ကို ကျမတို့က ရည်ရွယ်ခြင်းဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ အရင့်အရင်ကတည်းကလည်း မငြိမ်းချမ်းမှုကို ခံစားခံရတာများတဲ့ နယ်‌မြေဖြစ်တဲ့အတွက်‌ကြောင့် လက်ရှိ မှာ‌ကော မိမိတို့‌ဒေသတွင်းက ငြိမ်းချမ်း‌ရေးအ‌ခြေအ‌နေက ဘယ်လိုအတိုင်းအတာရှိ‌နေသလဲကိုပါ ဖြည့်စွက် သုံးသပ်‌ပေးပါလား။
အခုလက်ရှိက‌တော့ NCA ထိုးပြီး‌နောက်ပိုင်းမှာ‌တော့ ပိုပြီး‌တော့ သွားရဲလာရဲလာတဲ့ အ‌ခြေအ‌နေ‌လေး‌တွေ‌တော့ ပိုရှိ လာတယ်‌ပေါ့‌နော်။ အရင်တုန်းကဆို အ‌ကြောက်တရား‌တွေ လွှမ်းမိုး‌နေတယ်။ ပြည်သူ‌တွေမှာလည်း အခုချိန်အထိ‌တော့ အ‌ကြောက်တရားနဲ့ လွှမ်းမိုး‌နေတာပါပဲ။ ဒါ‌ပေမယ့်လည်း NCA ထိုးပြီးတဲ့‌နောက်ပိုင်းမှာ‌တော့ ပိုပြီး‌တော့ ‌ပြောရဲလာတယ်။ အ‌ကြောက်တရား‌တွေ နည်းနည်း နည်းလာတယ်ဆိုတာကို‌တော့ ‌တွေ့ရတာ‌ပေါ့‌နော်။
ပြီး‌တော့ ပြည်သူ‌တွေရဲ့ အ‌ခြေအ‌နေက အခု နှစ်ဖက်စလုံးကို‌တော့ ‌ကြောက်‌နေရတဲ့ အ‌နေအထား‌တွေက ရှိ‌နေ‌သေး တယ်‌ပေါ့‌နော်။ လုံးလုံးလျားလျားကြီး၊ လုံးဝ လုံခြုံစိတ်ချရတဲ့ အ‌နေအထား‌တော့ မဟုတ်‌နေ‌သေးဘူး‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ အခု ‌မေးမြန်းသွားတဲ့အထဲမှာ မပါ‌သေးဘဲနဲ့ ဒီ International Day for Peace နဲ့ ပတ်သက်ပြီး အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းတစ်ခုရဲ့ ဦး‌ဆောင်သူ၊ ‌ခေါင်း‌ဆောင်အ‌နေနဲ့ ဘာများဖြည့်စွက်‌ပြောချင်လဲ‌ပေါ့။
အဓိကက‌ပေါ့‌နော်။ တကယ့် ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရတဲ့ အမျိုးသမီး‌တွေရဲ့အသံကို နား‌ထောင်‌ပေးဖို့ကိုလည်း ကျမ တို့ တစိုက်မတ်မတ် ‌တောင်းဆိုချင်တယ်။ ‌ခေါင်း‌ဆောင်အသီးသီးကလည်း တကယ်တမ်း စစ်မှန်ပြီး ‌ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်မယ်ဆိုလို့ရှိရင် အမျိုးသမီး‌တွေက တကယ်ပဲ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုနဲ့ ပါဝင်ဖို့ လိုအပ်တယ်ဆိုတာကို လည်း ဒါကို ‌ခေါင်း‌ဆောင်‌တွေကို ‌ပြောပြချင်တယ်‌ပေါ့‌နော်။