Home သတင်း ကရင်အာဇာနည်‌နေ့ကျင်းပ၍ တရားစွဲဆိုခံရသူများကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းရန် KNU ‌တောင်းဆို

ကရင်အာဇာနည်‌နေ့ကျင်းပ၍ တရားစွဲဆိုခံရသူများကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းရန် KNU ‌တောင်းဆို

2695

စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ရန်ကုန်မြို့တွင် ခွင့်ပြုချက်မရဘဲ ကရင်အမျိုးသားအာဇာနည်‌နေ့ကို ဦး‌ဆောင်ကျင်းပခဲ့၍ တရားစွဲဆို ခံထားရသည့် ကရင်အမျိုးသမီးအစည်းအရုံး( KWU) ဥက္ကဌ ‌နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ် ဦးဖြစ်‌သော ‌စောအဲလ်ဘတ်ချိုနှင့် စသိန်း‌ဇော်မင်းတို့အား ခြွင်းချက်မရှိ ရုပ်သိမ်း‌ပေးရန် ကရင်အမျိုး သားအစည်းအရုံး-KNUက ယ‌နေ့ စက်တင်ဘာလ (၁၆)ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်၍ ‌တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်သည့် (၆၉)နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ အခမ်း အနားကို ရန်ကုန်မြို့၊ ဗဟာဗန္ဓုလပန်းခြံတွင် အာဇာနည်‌နေ့ဟု ‌ခေါင်းစဉ်သုံး ကျင်းပခဲ့ခြင်း‌ကြောင့် ‌ကျောက်တံတားမြို့ နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦး‌ဆောင်၍ အလုံမြို့နယ် မြို့မရဲစခန်း၌ ငြိမ်းချမ်းစွာ စုရုံးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပ‌ဒေပုဒ်မ (၂၀)အရ စက်တင်ဘာလ (၉)ရက်‌နေ့တွင် ဦး‌ဆောင်သူ KWU ဥက္ကဌ ‌နော်အုန်းလှကို တရားစွဲဆိုဖမ်း ဆီးခံခဲ့ရခြင်း‌ကြောင့် KNUက ယခုလို ‌တောင်းဆိုလာခြင်းဖြစ်သည်။

အစိုးရအ‌နေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသည့် တစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ပါ သ‌ဘောတူညီချက်များကို တာဝန်ယူမှု တာဝန်ခံမှုရှိရန် KNUက ‌ကြေညာချက်တွင် ‌ထောက်ပြ‌ပြောဆိုထားပြီး တိုင်းရင်းသားလူမျိုးများ၏ မတူညီ‌သော အမျိုးသား လက္ခဏာများကို အသိအမှတ်ပြုပြီး စစ်မှန်‌သော ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စုကို အမှန်တကယ်တည်‌ဆောက်လိုသည့် ဆန္ဒမှန်ကို ထုတ်‌ဖော်ပြသရန် လိုအပ်‌ကြောင်း တိုက်တွန်းထားသည်။

KNU၏ ‌ကြေညာချက်ပါ ‌ထောက်ပြချက်အရ NCAပါ အခန်း(၁) အပိုဒ် ၁။ (စ)အရ နိုင်ငံ‌တော်အတွင်း ‌နေထိုင်ကြ‌သော တိုင်းရင်းသား လူမျိုးများ၏ မတူကွဲပြား‌သော ‌နောက်ခံသမိုင်း၊ ရိုးရာယဉ်‌ကျေးမှု၊ စာ‌ပေ၊ ဘာသာ စကားနှင့် အမျိုးသားလက္ခဏာများကို အသိအမှတ်ပြု၍ ပြည်‌ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စု‌ပေါင်း‌ဖော်‌ဆောင်ရန်ဟူသည့် သ‌ဘောတူညီချက်ကို အစိုးရမှ တာဝန် ယူမှု တာဝန်ခံမှုရှိရန်ဟူ၍ ပါရှိသည်။

ထို့အပြင် ကရင်အမျိုးသားအာဇာနည်‌နေ့သည် ကရင်တစ်မျိုးသားလုံးက လက်ခံ အသိအမှတ်ပြု ထား ‌သော ကရင်အမျိုးသား အာဇာနည်‌နေ့ဖြစ်ပြီး ၎င်း‌နေ့ရက်ကို တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြား ‌သော‌နောက်ခံ သမိုင်း၊ ရိုးရာယဉ်‌ကျေးမှု၊ စာ‌ပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာ များကို အသိအမှတ်ပြု၍ ပြည်‌ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စု‌ပေါင်း ‌ဖော်‌ဆောင်ရန် ဟူသည့် NCAပါ သ‌ဘောတူညီချက်အတိုင်း နှစ်စဉ်ကျင်းပ ပြုလုပ်သွားရမည်ဖြစ်သည်ဟုလည်း KNU က ဆိုသည်။

ယခုနှစ်တွင် ကျ‌ရောက်‌သော ကရင်အမျိုးသားအာဇာနည်‌နေ့ကို ရန်ကုန်မြို့တွင် ကျင်းပရန် ဦး‌ဆောင် ပါဝင်သူများက ကျင်းပခွင့်ရ‌ရေး ‌ဒေသအာဏာပိုင်များကို တင်ပြခဲ့‌သော်လည်း ကျင်းပခွင့် မပြုခဲ့ခြင်း ‌ကြောင့် ‌နော်အုန်းလှက ဦး‌ဆောင်၍ ရန်ကုန်မြို့ရှိ ကရင်လူငယ်များဖြင့် ဗဟာဗန္ဓုလပန်းခြံတွင် စု‌ပေါင်းကျင်းပခဲ့ပြီး‌နောက် ‌ဒေသအာဏာပိုင်များ၏ တရားစွဲဆို ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ‌နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦး တရားစွဲဆို ဖမ်းဆီခံထားရမှုနှင့်ပတ်သက်ပြီး KNU Concern Group၊ ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်-KPSNတို့ကလည်း ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)နှင့် (၁၁)ရက်‌နေ့များက တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းမှုများကို ရုပ်သိမ်းရန် သ‌ဘောထား ထုတ်ပြန်‌ကြေညာခဲ့သလို နိုင်ငံတကာ‌ရောက် ကရင်အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ ကရင်လူမှုအသိုင်းအဝိုင်းများအကြား ၎င်းကိစ္စရပ်အ‌ပေါ် အပြင်းအထန်‌ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ သည်။

‌နော်အုန်းလှအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလ ၁ဝရက်‌နေ့တွင် ‌ကျောက်တံတားမြို့နယ် တရားရုံး၌ အမှုလာတင်ကာ ရုံးထုတ်ခဲ့ပြီး‌နောက် တရားသူကြီးက စက်တင်ဘာလ ၁၇ ရက်‌နေ့တွင် ရုံးချိန်း‌ပေးလိုက်ပြီး ခရိုင်တရားသူကြီးက အာမခံ ‌လျှောက်ခွင့်ပြု ‌သော်လည်း ‌နော်အုန်းလှဘက်မှ အာမခံ မ‌လျှောက်သဖြင့် အင်းစိန်‌ထောင်သို့ ပို့‌ဆောင်ထားခဲ့‌ကြောင်း သိရသည်။