Home သတင်း UN အချက်လက်ရှာ‌ဖွေ‌ရေးမစ်ရှင်၏ အကြံပြု‌တောင်းဆိုချက်များအ‌ပေါ် နိုင်ငံတကာမှ လိုက်နာရန် KPSN တိုက် တွန်း

UN အချက်လက်ရှာ‌ဖွေ‌ရေးမစ်ရှင်၏ အကြံပြု‌တောင်းဆိုချက်များအ‌ပေါ် နိုင်ငံတကာမှ လိုက်နာရန် KPSN တိုက် တွန်း

1820

ဩဂုတ် ၈ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကုလသမဂ္ဂ အချက်အလက်ရှာ‌ဖွေ‌ရေးမစ်ရှင်က ထုတ်ပြန်သည့် အစီရင်ခံစာပါ အကြံပြုချက်များအ‌ပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းများအ‌နေဖြင့် လိုက်နာ‌ဆောင်ရွက်ရန် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN က ယ‌နေ့ (ဩဂုတ်လ ၈ ရက်)တွင် သ‌ဘောထားထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

ဩဂုတ်လ ၅ရက်‌နေ့က ထုတ်ပြန်သည့် UN အချက်အလက်ရှာ‌ဖွေ‌ရေးမစ်ရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များ ဖြစ်သည့် စစ်တပ်ပိုင် ကုမ္ပဏီများအား အ‌ရေးယူပိတ်ဆို့ရန်နှင့် မြန်မာနိုင်ငံအား လက်နက်‌ရောင်းချမှု ပိတ်ဆို့ အ ‌ရေးမှုပြုရန်‌တောင်းဆိုချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းအ‌နေဖြင့် လိုက်နာရန် KPSNက တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။

KPSN၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “UN မစ်ရှင်ရဲ့ အကြံပြုချက်‌တွေကို UNအဖွဲ့ဝင်ပါ နိုင်ငံ‌တွေက ဒါ‌တွေကို လိုက်ပါကြိုးပမ်းဖို့ လိုတယ်။ ဘာဖြစ်လဲဆို‌တော့ မြန်မာစစ်တပ်က သူတို့ရဲ့ စီးပွား‌ရေးလုပ်ငန်း‌တွေ စီးပွား‌ရေး ချုပ်ကိုင်မှု‌တွေက‌နေ ဩဇာကြီးထွား‌နေပြီး လက်နက်ခဲယမ်း‌တွေကို ဝယ်နို်င်တာဖြစ်ပြီး‌တော့ ဒါ‌တွေနဲ့ တိုင်းရင်း သားလူမျိုး‌တွေအ‌ပေါ်မှာ ဖျက်ဆီး‌နေခြင်းမျိုးဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် UN အချက်အလက်ရှာ‌ဖွေ‌ရေးမစ်ရှင်၏ တပ်မ‌တော် စီးပွား‌ရေး လုပ်ငန်းများအ‌ပေါ် ပိတ်ဆို့အ‌ရေး ယူမှုများပြုလုပ်ရန် ‌တောင်းဆိုချက်အ‌ပေါ် KPSN အ‌နေဖြင့် ကြိုဆို‌ထောက်ခံပြီး ထိုသို့ အ‌ရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် စစ်တပ်၏ စစ်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းများကို ကန့်သတ်ခြင်းဖြစ်သလို နိုင်ငံ‌ရေးအ‌ပေါ် တိုက် ရိုက် အကျိုးသက်‌ရောက်မှုရှိ‌စေသည်ဟုလည်း KPSNက ဆိုသည်။

တပ်မ‌တော် စီးပွား‌ရေး လုပ်ငန်းများကရသည့် ဝင်‌ငွေနှင့်လက်နက်များ‌ကြောင့် တပ်မ‌တော်အ‌နေဖြင့် ဆိုးရွား သည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရ‌နေခြင်းဖြစ်သည့်အတွက် မြန်မာ စစ် တပ်နှင့် ဆက်စပ်မှုရှိသည့် စီးပွား‌ရေး လုပ်ငန်းများဖြစ်‌သော မြန်မာ့စီးပွား‌ရေး ဦးပိုင်လီမီတက်နှင့် မြန်မာ့ စီးပွား ‌ရေး ‌ကော်ပို‌ရေးရှင်းတို့၏ လက်ရှိလုပ်ငန်းများနှင့် အဆက်အသွယ် ဖြတ်‌တောက်ရန် သီးခြားလွတ်လပ်သည့် ကုလသမဂ္ဂအချက်အလက်ရှာ‌ဖွေ‌ရေးမစ်ရှင်က နိုင်ငံတကာကို တိုက်တွန်းထားခြင်းလည်းဖြစ်သည်။

မြန်မာတပ်မ‌တော်အ‌နေဖြင့် အိမ်နီးချင်းတိုင်းပြည်များ၏ လုံခြုံ‌ရေးဆိုင်ရာ ခြိမ်း‌ခြောက်မှုများမရှိ‌သော်လည်း လက်နက်များကို နှစ်စဉ်ဝယ်ယူ‌နေပြီး ထိုသို့ဝယ်ယူမှုမျိုးသည် ပြည်တွင်းအ‌ရေး အထူးသဖြင့် တိုင်းရင်းသား လူမျိုးများအ‌ပေါ် တိုက်ခိုက်ရန်သာဖြစ်သည်ဟု KPSNက ၎င်း၏ ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

နိုင်ငံ‌ပေါင်း ၇ နိုင်ငံမှ အနည်းဆုံး နိုင်ငံခြားကုမ္ပဏီ ၁၄ ခုခန့်က ပြီးခဲ့သည့် ၂၀၁၆ခုနှစ်ကာလများတွင် တိုက်ခိုက် ‌ရေးဂျက်‌လေယာဉ်များ၊ သံချပ်ကာ စစ်ယာဉ်များ၊ မစ်ဆိုင်း ဒုံးလက်နက်များကို တပ်မ‌တော်သို့ ‌ထောက်ပံ့မှု များ ရှိ‌ကြောင်း ထို့အတွက် လက်နက်ကုန်သွယ်မှုပိတ်ပင်ခြင်းကိုလည်း ပြုလုပ်‌ပေးရန် UN အချက်အလက်ရှာ မစ်ရှင် က အစီရင်ခံစာ၌ ‌တောင်းဆိုထားသည်။

ထို့အပြင် မြန်မာ့စီးပွား‌ရေး ဦးပိုင်လီမီတက်နှင့် မြန်မာ့စီးပွား‌ရေး ‌ကော်ပို‌ရေးရှင်းတို့သည် မြန်မာစစ် တပ်ထိပ် ပိုင်း‌ခေါင်း‌ဆောင်များက အဓိက လွှမ်းမိုးပိုင်ဆိုင်ထားကြပြီး ၎င်းလက်‌အောက်ရှိ ကုမ္ပဏီ‌ပေါင်း ၁၄ဝ ‌ကျော်သည် ‌ဆောက်လုပ်‌ရေး၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စသည်တို့အပြင် ‌ကျောက်မျက်ရတနာထုတ်လုပ်ခွင့် လိုင် စင်များကို ချုပ်ကိုင်ထားကာ ဝင်‌ငွေ အ‌မြောက်အများရရှိကြသည်ဟု UN အချက်အလက်ရှာ‌ဖွေ‌ရေးမစ်ရှင်၏ အစီရင်ခံစာထုတ် ပြန်မှု၌ ပါရှိသည်။

သို့‌သော် စစ်တပ်နှင့် ဆက်စပ်သည့် ပြည်တွင်း စီးပွား‌ရေး ကုမ္ပဏီကြီးများအ‌ပေါ် ပိတ်ဆို့ အ‌ရေးယူရန် UN လူ့ အခွင့်အ‌ရေး ‌ကောင်စီ အချက်အလက်ရှာ‌ဖွေ‌ရေး မစ်ရှင်၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံခြား‌ရေးရုံး က အ‌ခြေအမြစ်မရှိသည့် စွဲချက်များကို အ‌ခြေခံပြီး လူ့အခွင့်အ‌ရေး‌ကောင်စီက အဆိုပါ အချက်အလက်ရှာအဖွဲ့ စတင်ဖွဲ့စည်းလာကတည်းက မြန်မာဘက်က အသိအမှတ်မပြု‌ကြောင်း ဩဂုတ်လ ၆ရက်‌နေ့က ပြန်လည်ထုတ် ပြန်ထားသည်။

ထို့အတူ နိုင်ငံတကာ‌ရောက် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO စ သည့် အဖွဲ့အစည်းများလည်း UN အချက်အလက်ရှာ‌ဖွေ‌ရေးမစ်ရှင်၏ ‌တောင်းဆိုချက်များနှင့် တိုက်တွန်းချက် များအ‌ပေါ် ကြိုဆို‌ထောက်ခံခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းများက အဆိုပါ အဖွဲ့၏ အစီရင်ခံစာပါ အကြံပြု ‌တောင်းဆိုချက်များအ‌ပေါ် လိုက်ပါ ‌ဆောင်ရွက်ရန် ပြီးခဲ့သည့် ရက်ပိုင်းက အသီးသီး တိုက်တွန်း‌တောင်းဆိုထားသည်။