Home သတင်း ‌ရေလွှမ်းလယ်စပါး သွားကြည့်ရင်း ‌လှေ‌မှောက်‌သေဆုံးမှုဖြစ်

‌ရေလွှမ်းလယ်စပါး သွားကြည့်ရင်း ‌လှေ‌မှောက်‌သေဆုံးမှုဖြစ်

2657

ဩဂုတ် ၁၆ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲ၊ အစွန်း(အဇင်း)‌ကျေးရွာတွင် ဩဂုတ်လ ၁၅ရက် ညက ‌ရေလွှမ်းခံရသည့်လယ်ရှိ စပါးများကို သွားကြည့်ခဲ့သူ ရွာသားတစ်ဦး ‌လှေ‌မှောက်ကာ ‌ရေနစ်‌သေဆုံးသွား‌ကြောင်း ‌ကျေးရွာတာဝန်ရှိသူက ‌ပြောသည်။

အစွန်း‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦးဆိုက်‌ဖော်က “မ‌နေ့ညက ‌လှေ‌မှောက်ပြီးဖြစ်သွားတာပါ။ သူ့လယ် ‌ရေမြုပ်သွားတာကို ‌လှေနဲ့ သွားကြည့်ရင်း အဲ‌နေ့က ကျ‌နော့်ဆီ ဖုန်းဆက်‌သေးတယ်။ ည‌နေအိမ်ပြန်မ‌ရောက်လာလို့ လိုက်ရှာ‌သေးတယ်။ ဒီမနက် ၁၁နာရီ ‌လောက်မှ ရှာ‌တွေ့တယ်။ သူအ‌လောင်းပြန်ဆယ်ရတဲ့‌နေရာက ‌ရေနက်တယ်။ ရွာမှာလယ်‌တွေ‌ရေမြုပ်လို့ ထိခိုက်ပျက်စီးမှုများ တယ်။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

အစွန်း‌ကျေးရွာမှ ‌လှေ‌မှောက်‌သေဆုံးသူမှာ အသက် ၄ဝအရွယ်ရှိ ‌စောပြည်ချစ်ဖြစ်ပြီး ၎င်း၏ဇနီးနှင့် သားသမီး ၅‌ယောက် ကျန် ရစ်ခဲ့သည်ဟု ‌ဒေသခံများထံမှ သိရသည်။

ကျိုက်ဒုံမြို့နယ် အုပ်ချုပ်‌ရေးမှူးဦးမင်း‌ဇော်က “လူ‌သေတာ မသိရ‌သေးဘူး‌ပေါ့‌နော်။ အစွန်း‌ကျေးရွာအုပ်စုက KNU နယ်‌မြေထဲကျ ‌တော့ လက်လှမ်းမမှီ‌သေးတဲ့အ‌နေအထားဖြစ်‌နေတယ်။ ‌ရေ‌တွေပြန်ကျသွားပါပြီး။ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း‌တွေလည်း အကုန် ပြန်‌ပြောင်းကုန်ပြီး။ အကုန်လုံး‌ပေါ့‌နော်။ ထိခိုက်ပျက်စီးသွားတဲ့လယ်‌တွေ ပြည်နယ်အစိုးရဆီ တင်ပြထား‌ပေးတယ်။”ဟု ဩဂုတ်လ ၁၆ရက်၊ ယ‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ကျိုက်ဒုံမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၈ရက် ညက ‌တောင်ကျ‌ရေနှင့်အတူ ‌ဟောင်သ‌ရော်မြစ်‌ရေလျှံတက်လာပြီး မိတန်၊ မိနန်အပ် ‌ကျေးရွာများနှင့် ကျိုက်ဒုံမြို့‌ပေါ်ရှိ အိမ်‌ထောင်စု ၂ဝဝ‌ကျော် ‌ရေလွှမ်းခံခဲ့ရပြီး လယ် ၁၂၃၅ဧက ပျက်စီးခဲ့‌ကြောင်း အုပ် ချုပ်‌ရေးတာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်ရှိ ‌ကျေးရွာအများစုမှာ ‌ရေလွှမ်းမှုဒဏ်‌ကြောင့် လူ ၂ဦး ‌သေဆုံးကာ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များအပြင် ကား၊ ဆိုင်ကယ်၊ လယ်ထွန်စက်၊ စပါးကျီများနှင့် လမ်းတံတားအများစု ထိခိုက် ပျက်စီးဆုံးရှုံးမှုဖြစ်ပြီး ‌ကျေးရွာအချို့မှာ ယ‌နေ့အချိန်ထိ သွားလာမှု ခက်ခဲ‌နေဆဲဖြစ်သည်။