Home သတင်း အ‌မေရိကန်‌ရောက်ကရင်များ ရိုးရာလက်ချည်ပွဲကို အစဉ်အလာမပျက် ပြုလုပ်ကျင်းပ

အ‌မေရိကန်‌ရောက်ကရင်များ ရိုးရာလက်ချည်ပွဲကို အစဉ်အလာမပျက် ပြုလုပ်ကျင်းပ

3021

ဩဂုတ် ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

‌မွေးရပ်‌မြေကိုစွန့်ခွာပြီး အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိအ‌ခြေချ‌နေထိုင်ကြသည့် ကရင်လူမျိုးများသည် မိမိတို့ရိုး ရာဓ‌လေ့များ မ‌ပျောက်ပျက်‌စေရန်အတွက် ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာ(လက်ချည်ပွဲ)ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလျက်ရှိသည်ဟု သိရသည်။

ဩဂုတ်လ ၃ ရက်‌နေ့က အ‌မေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ်၊ စိန့်‌ပေါမြို့ရှိ Karen Buddhist Temple of Minnesota (မီနီဆိုးတား ကရင်ဗုဒ္ဓဘာသာဘုန်း‌တော်ကြီး‌ကျောင်း)၌ ကရင်ရိုးရာ လက်ချည်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပြီး လက်ချည်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ သဘာပတိတစ်ဦးဖြစ်သူ စသန်းမြင့်က ယခုလို ‌ပြောသည်။
“ကိုယ့်ရိုးရာဓ‌လေ့‌တွေ မ‌ပျောက်မပျက် ‌စေဖို့အတွက် ရည်ရွယ်သလို မျိုးဆက်သစ်‌လေး‌တွေအ‌နေနဲ့ မိမိရိုးရာ ဓ‌လေ့‌တွေကို ရင်းနှီးကျွမ်းဝင်‌စေဖို့ ရည်ရွယ်ပြုလုပ်‌ပေးရခြင်းဖြစ်ပါတယ် ” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။
မီနီဆိုးတားပြည်နယ်ရှိ မြို့နယ်အသီးသီးမှ လူ‌ပေါင်း ၁၀ဝ ဦးခန့် ပါဝင်ခဲ့‌သော အဆိုပါ လက်ချည်ပွဲ၌ ကရင် ဘိုးဘွား သက်ကြီးဝါကြီးများမှ တက်‌ရောက်လာသူများအား ချည်ဖြူရစ်ဖွဲ့‌ပေးခြင်း၊ ကရင်‌တေးသီချင်း၊ အကစသည့် ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်များကို ထည့်သွင်း ပြုလုပ်ကျင်းပခဲ့‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းများမှတဆင့် အ‌မေရိကန်နိုင်ငံသို့ အများဆုံး‌ရောက်ရှိ‌နေထိုင်သည့် ကရင်လူဦး‌ရေမှာ ၆၄,ဝဝဝ (‌ခြောက်‌သောင်း‌လေး‌ထောင်)‌ကျော်ရှိသည်။ ယခုလက်ချည်ပွဲပြုလုပ်သည့် မီနီဆိုးတားပြည်နယ်တွင် ကရင်လူမျိုးအများဆုံး‌နေထိုင်လျက်ရှိကာ လူဦး‌ရေ တစ်‌သောင်း‌ကျော်‌နေထိုင်သည့် နိုင်ငံ‌မြောက်ပိုင်း ဘက်ရှိ ပြည်နယ်တစ်ခုလည်းဖြစ်သည်။

ကရင်ချည်ဖြူဖွဲ့မဂင်္လာ(လက်ချည်ပွဲ)မှာ ကရင်လူမျိုးတို့၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ရိုးရာဓ‌လေ့တစ်ခုဖြစ်ပြီး အဆိုပါ ချည်ဖြူဖွဲ့ရာတွင် စ‌ကော၊ ‌ယောက်မ၊ ‌ရေ၊ ထမင်းဆုပ်၊ ‌ကောက်ညှင်း၊ ကြံ၊ ငှက် ‌ပျောသီး၊ နတ်ပန်းညို၊ ချည်ဖြူစသည့် ပစ္စည်းများပါဝင်ကာ ကြင်‌ဖော်စုံ သက်ကြီး ဘိုးဘွားများမှ လိပ်ပြာ‌ခေါ် ဆု ‌တောင်း‌ပေးပြီး ချည်ဖြူကို လက်တွင် ရစ်ပတ်ချည်‌နှောင်‌ပေးခြင်းဖြစ်သည်။

ထိုသို့ချည်ဖြူဖွဲ့ရာတွင် ကွဲကွာသွားသည့် ကရင်မျိုးနွယ်စုများကို ပြန်လည်ဆုံဆည်းရန် ‌သော်လည်း‌ကောင်း၊ အားငယ်စိတ်၊ ‌ကြောက်ရွံ့စိတ်များ ပ‌ပျောက်ရန်‌သော်လည်း‌ကောင်း၊ မ‌ကောင်းဆိုးဝါးများ ‌သွေး‌ဆောင်ဖြား ‌ယောင်းခြင်းမှ ကင်း‌ဝေး‌အောင်‌သော်လည်း‌ကောင်း စသည့် ယုံကြည်မှုများဖြင့် ပြုလုပ်ကြခြင်းလည်းဖြစ်သည်။