Home သတင်း အချင်းချင်း ပြန်လည်တိုက်ခိုက်ရန် ဆန္ဒမရှိ‌တော့‌ကြောင်း BGF ‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး‌စောချစ်သူ‌ပြော

အချင်းချင်း ပြန်လည်တိုက်ခိုက်ရန် ဆန္ဒမရှိ‌တော့‌ကြောင်း BGF ‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး‌စောချစ်သူ‌ပြော

3626

ဩဂုတ်လ ၂ဝ ရက်၊ ၂ဝ၁၉ခုနှစ်။ ‌ကေအိုင်စီ

ညီအစ်ကို အချင်းချင်းကြားတွင် ပြန်လည်တိုက်ခိုက်ကြရန် ဆန္ဒမရှိ‌တော့ဘဲ ပြည်နယ်တွင်း ငြိမ်းချမ်းမှုရရှိလာပါ က လက်နက်မကိုင်လို‌တော့‌ကြောင်း ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်-BGF၏ ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ ‌ရေးအဖွဲ့၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက (၉)နှစ်‌မြောက် BGF တပ်နှစ်ပတ်လည် ‌နေ့အခမ်းအနားတွင် ‌ပြောဆိုလိုက်သည်။

တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBAမှ နယ်ခြား‌စောင့်တပ်အဖြစ်သို့ အသွင်ကူး ‌ပြောင်းခြင်း (၉)နှစ်‌မြောက်တပ်နှစ်ပတ်လည်‌နေ့ကို ယ‌နေ့ (ဩဂုတ်လ ၂ဝ ရက်)တွင် မြဝတီမြို့ခရိုင်၊ ‌ရွှေကု က္ကိုမြိုင်မြို့၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၃)တပ်နယ်တွင် ကျင်းပသည့် အခမ်းအနား၌ ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး ‌စောချစ်သူက “ကျ‌နော်တို့ ညီအစ်ကို အချင်းချင်း နှစ်‌ပေါင်းများစွာ တိုက်‌နေကြတာမကဘဲနဲ့ ကရင် အချင်းချင်း နှစ်‌ပေါင်း ၂ဝ ဝန်းကျင်‌လောက် သတ်‌နေကြတာ။ အဲ့ဒီ တိုက်တာ၊ သတ်တာ အဲ့ဒီ‌ခေတ်‌တွေကို လုံးဝ မလိုချင်‌တော့ဘူး။ ဥပမာ‌ပြောရရင် ကျ‌နော်တို့ ကရင်ပြည်နယ် ၁ဝဝ ရာခိုင်နှုန်းမငြိမ်းချမ်း‌ပေမဲ့ ၈ဝ ရာ ခိုင်နှုန်းငြိမ်းချမ်းသွားရင် ကျ‌နော်တို့‌တောင် လက်နက်ကိုင်ဖို့ စိတ်လုံးဝ ကျ‌နော်တို့မှာ တကယ်စိတ်မရှိ ‌တော့ဘူး။” ဟု အခမ်းအနားတွင် ထည့်သွင်း‌ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့အပြင် BGF အ‌နေဖြင့် မတတ်သာ၍သာ လက်နက်ကိုင်‌ဆောင်‌နေရခြင်းဖြစ်ပြီး မိမိပြည်နယ်နှင့် မိမိလူမျိုးကို ကာကွယ်ရန်အတွက်သာဖြစ်ကာ ၎င်းအ‌ပေါ် မိဘပြည်သူများမှ အထင်လွဲမှားမှုမရှိ‌စေရန်နှင့် မိခင်အဖွဲ့အစည်း ကရင်အမျိုးသားအစည်းအရုံး-KNUအ‌ပေါ် သစ္စာ‌ဖောက်ခဲ့‌သော်လည်း နိုင်ငံ‌တော်နှင့် ကရင်ပြည်နယ် တစ်ခုလုံး အ‌ပေါ်တွင် သစ္စာမ‌ဖောက်ရန်လည်း အခမ်းအနား၌ ဗိုလ်မှူးကြီး ‌စောချစ်သူက ၎င်း၏ရဲ‌ဘော်များကို တိုက်တွန်း ‌ပြောဆိုခဲ့သည်။

BGF အဖြစ်သို့ အသွင်မ‌ပြောင်းခင်ကာလ ယခင် ၁၉၉၄ ခုနှစ်တွင် ‌ကေအဲန်ယူ အဖွဲ့အစည်းမှ DKBA အသွင်ဖြင့် ခွဲထွက်ပြီး အစိုးရ တပ်မ‌တော်နှင့် ပူး‌ပေါင်း၍ ‌ကေအဲန်ယူ အဖွဲ့အစည်းကို ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ခဲ့ သည်။ ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ်က BGF အဖြစ်သို့ အသွင်‌ပြောင်းသွားသည့်တိုင် နယ်ခြား‌စောင့်တပ် အသွင် မ‌ပြောင်းသည့် ကရင်လက်နက်ကိုင်များအကြားတွင် အပြန်အလှန်တိုက်ခိုက်မှုများ ယခုအချိန်ထိ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်။

BGF အ‌နေဖြင့် အစိုးရတပ်မ‌တော်၏ လက်‌အောက်ခံတပ်တစ်ခု အသွင်ကူူး‌ပြောင်းသွားခဲ့သည့်တိုင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ‌ကေအဲန်ယူက ဦး‌ဆောင်သည့် ကရင်လက်နက်ကိုင် ညီညွတ်‌ရေး‌ကော်မတီတွင် ကရင်ပြည် နယ်၊ နယ်ခြား‌စောင့်တပ်-BGF အဖွဲ့လည်း တစ်ဖွဲ့ အပါအဝင်ဖြစ်သည်။

ထို့အပြင် BGF အ‌နေဖြင့် ပြည်နယ်လုံခြုံ‌ရေးနှင့် ဖွံ့ဖြိုး‌ရေးအတွက် ‌ဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်း ဗိုလ်မှူးကြီး ‌စောချစ်သူက ‌ပြောဆိုခဲ့‌သော်လည်း လတ်တ‌လောတွင် ‌ရွှေကုက္ကိုမြိုင်၌ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေ သည့် China town စီမံကိန်းနှင့်ပတ်သက်၍ ယ‌နေ့ အခမ်းအနားတွင် တစ်စုံတစ်ရာ ထည့်သွင်း‌ပြောဆိုုခြင်း မရှိ ခဲ့‌ပေ။

ယ‌နေ့အခမ်းအနားကို ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်း‌နောင် ၊ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် နယ်ခြား‌စောင့်တပ်ဆိုင်ရာ ညွှန်ကြား‌ရေးမှူးတာဝန်ရှိသူများ၊ ပြည်‌ထောင်စု ကြံ့ ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP) ဥက္ကဌ ဦးသန်း‌ဌေးနှင့် ပါတီ‌ခေါင်း‌ဆောင်များ၊ ကရင်ပါတီ‌ခေါင်း‌ဆောင်များ၊ ဝန်ကြီး‌ဟောင်း ဦး‌အောင်မင်း၊ ဦးခင်ရီ၊ ‌ခေါင်း‌ဆောင်များအပါအဝင် ‌ကေအဲန်ယူဗဟို ‌ခေါင်း‌ဆောင်အချို့နှင့် အခြား‌သော ကရင်လက်နက်ကိုင်အဖွဲ့အစည်း ‌ခေါင်း‌ဆောင်များ ထိုင်း၊ တရုတ် စသည့် အထူူးဧည့် သည်များလည်း ပါဝင်တက်‌ရောက်ခဲ့ပြီး စုစု‌ပေါင်း လူဦး‌ရေ ‌ထောင်ချီ တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အဖွင့်မိန့်ခွန်း၊ အမှာစကား‌ပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံ‌တော် အလံ အ ‌လေးပြုခြင်း၊ တပ်မ‌တော်၏ သစ္စာဓိဌာန်ရွတ်ဆိုခြင်းများအပြင် တိုင်းရင်းသားအက ‌ဖျော်‌ဖြေမှုများနှင့် ‌ရေ ‌ဘေးသင့်ပြည်သူများအတွက် ‌ငွေ‌ကြေးလှူဒါန်းမှုများ၊ ‌မေတ္တာလက်‌ဆောင်‌ပေးခြင်း အစီအစဉ်များ ပါဝင်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “သူတို့က ခွဲထွက် သွားပြီးမှ ‌နောက် DKBA ဖြစ်၊ DKBA ဖြစ်တာက‌နေ တစ်ဆင့် BGF ဖြစ်သွားတာ‌ပေါ့။ အဲ‌တော့ နားလည် မှုလွဲ တာပါလို့ ‌ပြောတာပဲ။ သူ(ဗိုလ်မှူးကြီး‌စောချစ်သူ )‌နောက်ဆုံး ‌ပြောသွားတာက ‌နောက်ဆုံးက‌တော့ ကရင်‌တွေ ပြန်‌ပေါင်းဖို့က အဲန်စီ‌အေ (အပစ်ရပ်စာချုပ်)သ‌ဘောတူညီချက်၊ လက်မှတ်‌ရေးထိုးထားတဲ့အ‌ပေါ်မှာ အားလုံးပြန်‌တွေ့နိုင်ဖို့ပါပဲ။ ချုပ်ရရင် ဒါပါပဲ၊ ”ဟု သတင်း‌ထောက်များကို ‌ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ကို ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ်၊ ဩဂုတ်လတွင် တို်းတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBAမှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ (KPF) အဖွဲ့မှ တပ်ရင်း တစ်ရင်းဖြင့် နယ်ခြား‌စောင့်တပ် (BGF)အဖြစ်သို့ ‌ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ နံနက်ဖြန် ဩဂုတ်လ ၂၁ ရက်‌နေ့တွင်လည်း မြဝတီမြို့နယ်၊ မဲကနယ်‌ကျေးရွာရှိ (BGF) အမှတ် (၁ဝ၂၂)တပ်ရင်းတွင် တပ်နယ်မှူး ဗိုလ်မှူး ‌စောမုတ်သုန် ဦး‌ဆောင်၍ ၎င်း၏ တပ်နှစ်ပတ်လည်‌နေ့ကို အလားတူ ပြုလုပ်သွားမည်ဟု သိရသည်။