Home ကဗျာ သမိုင်းတွင်မယ့် ‌ခြေရာ

သမိုင်းတွင်မယ့် ‌ခြေရာ

2623

မိုးထဲ‌လေထဲမှာ
ဝမ်းနည်းမှု‌တွေနဲ့ …
အလွမ်း‌တွေနဲ့ …
ပန်း‌တွေနဲ့ …
အ‌ရောင်အ‌သွေး‌တွေ စုံစုံလင်လင်နဲ့ …
ခံယူချက် ကိုယ်စီနဲ့ …
‌ရှေ့သို့ ချီတက်ကြတယ်
နှလုံးရည်တိုက်ပွဲ ဆင်နွှဲကြတယ်။

တန်းတူ‌ရေးအတွက် တိုက်ပွဲဝင်ရင်း …
ကျဆုံးသွားတဲ့
အာဇာနည်‌စောဘဦးကြီးနဲ့
‌တော်လှန်‌ရေးရဲ‌ဘော်များကို
အ‌လေးပြုကြတယ်
‌လေထန် ‌ရေဆန်ကြားက
ရင်ဘတ်တူရာ ခရီးဆက်ကြတယ်။

တိုက်ယူရမှ
တိုက်ပွဲမည်တယ်
တိုက်ပွဲအမျိုးမျိုး ရှိတယ်
ဆက်တိုက်ရဦးမယ်
ဆူး‌လေဘုရား
မဟာဗန္ဓုလ ပန်းခြံနားက
နှလုံး‌သွေးနဲ့ ‌ခေါင်းခွတ်*ကို
အ‌လေးပြုကြတယ်
ရင်ထဲက အာဇာနည်
ကမ္ဘာတည်သ‌ရွေ့ ရှိ‌နေမယ် ။

ဆူး‌လေ ဘုရားနားဟာ
သမိုင်းမှာ ရဟန်းရှင်လူ
‌သွေးစွန်းရာ‌မြေ ဖြစ်ခဲ့တယ်
ဒီ‌နေ့ …
ကရင်အမျိုးသား‌ရေးအတွက်
ကရင်လူငယ်‌တွေ
‌သွေးစည်းရာ‌မြေ ဖြစ်တယ်
သမိုင်းတွင်မယ့် ‌ခြေရာဖြစ်တယ် ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
၁၂-၈-၂၀၁၉

< ကရင်အာဇာနည်‌နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုလျက် ... ရန်ကုန်၊ ဧရာဝတီ>
‌ခေါင်းခွတ်(ခါန်.‌ခေါဟ်) = ‌ကော်ခို