Home တွေ့ဆုံမေးမြန်းခန်း ဘဲဂရက် ကရင့်အာဇာနည်‌နေ့ ကျင်းပ‌ရေး‌ကော်မတီအတွင်း‌ရေးမှူးနှင့် ဆက်သွယ်‌မေးမြန်းခြင်း

ဘဲဂရက် ကရင့်အာဇာနည်‌နေ့ ကျင်းပ‌ရေး‌ကော်မတီအတွင်း‌ရေးမှူးနှင့် ဆက်သွယ်‌မေးမြန်းခြင်း

2559

“ကရင်အာဇာနည်‌နေ့လို့ ထည့်မသုံးရတာရယ်၊ ‌ဟော‌ပြောပွဲ မလုပ်လိုက်ရတာကို‌တော့ စိတ်ထဲ မ‌ကောင်းဘူး”

ကရင်အမျိုးသားအာဇာနည် ပုဂ္ဂိုလ် ‌စောဘဦးကြီး၏ ဇာတိရွာ၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ်၊ ဘဲဂရက်ကြီးရွာ၌ ဩဂုတ် ၁၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၉နှစ်‌မြောက် အာဇာနည်‌နေ့ အခမ်းအနားကျင်း ပခဲ့မှု အ‌ခြေအ‌နေများကို ကျင်းပ‌ရေး‌ကော်မတီအတွင်း‌ရေးမှူး ‌စောကွာလာနှင့် ဆက်သွယ်‌မေးမြန်းထားသည် များကို ‌ဖော်ပြလိုက်ပါသည်။

‌ကေအိုင်စီ။ ။ ဘဲဂရက်မှာ ဩဂုတ် ၁၂ ရက်‌နေ့က အ‌ခြေအ‌နေ‌တွေကို‌ပြောပြ‌ပေးပါဦး။
ကားအစီး ၆ဝ ‌ကျော်လာတယ်။ ဧရာဝတီတိုင်းက မြို့နယ်စုံသ‌လောက်ပဲ။ ပန်း‌ခွေ၊ ပန်းခြင်း ၃၂ ခု‌ပေါ့။ ပြီး‌တော့ KPP (ကရင်ပြည်သူ့ပါတီ) ဒုဥက္ကဌနဲ့ ‌မြောင်းမြလူငယ်အဖွဲ့က ကျွန်းပင်နဲ့ မကြင်္န်ရှားပင် ၅၀ဝ စိုက်ပျိုး‌ပေးတယ်။ ‌တော်‌တော်စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်သွားတာ။ ဘဲဂရက် ရွာသူရွာသား‌တွေလည်း ထမင်း ဘူး ၁,၅၀ဝ မ‌လောက်လို့ ထပ်ချက်‌ကျွေးရတယ်။ ဒီနှစ်‌တော်‌တော် အဆင်‌ပြေတယ်။ ကျ‌နော်တို့ ဝတ်ပြုကိုး ကွယ်၊ အ‌လေးပြု၊ ပန်း‌ခွေချပြီး သစ်ပင်စိုက်ပွဲ‌တော်လုပ်တယ်။

‌ကေအိုင်စီ။ ။ အာဇာနည်‌နေ့ ‌ဟော‌ပြောပွဲ မလုပ်ဖြစ်ဘူးလို့ သိရတယ်။ ဘယ်လို အ‌ကြောင်း‌တွေ‌ကြောင့်လဲ။
‌ဟော‌ပြောပွဲ မလုပ်ဘူးဆိုတာ တိုင်းကရင်‌ရေးရာဝန်ကြီးလည်း စာထုတ်ထားတဲ့အ‌ပေါ်မှာ မလုပ်တာ‌ပေါ့။ ကျ‌နော်တို့လည်း မဆန့်ကျင်ဘူး‌လေ။ မလုပ်ဘူး။ ဒါ‌ပေမဲ့ အားရ‌ကျေနပ်မှုရှိပါတယ်။ အခမ်းအနားကိုလည်း ကရင်လိုပဲ (မာထူးရာ) လို့ပဲ‌ရေးတာ‌ပေါ့။ သူတို့ မကြိုက်တဲ့ ကရင်အာဇာနည်ဆိုတာ မ‌ရေးဘူး‌ပေါ့။ ‌ကော်ခို ‌စောဘဦးကြီးရဲ့ ‌အောက်‌မေ့ဖွယ်ရာ (မာထူးရာ)‌နေ့ အစီအစဉ် အဲလိုပဲ‌ရေးတယ်။ အာဇာနည်‌နေ့ဆိုတာ မထည့် ထားဘူး။ သူမကြိုက်တဲ့ဟာမသုံး‌ပေးဘူး‌ပေါ့ဗျာ။

‌ကေအိုင်စီ။ ။ ခြုံ‌ပြောရရင် အခမ်းအနား တစ်ခုလုံးအ‌ပေါ် အားရ‌ကျေနပ်မှု ဘယ်လိုရှိလဲ။
အားရ ‌ကျေနပ်မှုရှိပါတယ်။ လာတဲ့ လူထု‌တွေလည်း ‌တော်‌တော်စိတ်ချမ်းချမ်းသာသာနဲ့ ဖြစ်သွားတယ်လာပြီး အ‌လေးပြု ကြတာလည်း အများကြီးဘဲ တချို့ဆို မိသားစုလိုက်လာတာ။ တစ်ခုပဲ ကရင်အာဇာနည်‌နေ့လို့ ထည့် မသုံးရတာရယ်၊ ‌ဟော‌ပြောပွဲ မလုပ်လိုက်ရတာကို‌တော့ စိတ်ထဲမှာ မ‌ကောင်းဘူး။ ကျန်တာ‌တွေကို‌တော့ အားရ ‌ကျေနပ်မှု ရှိပါတယ်။ ပုသိမ်က ‌စောဘဦးကြီးရဲ့တူမ ‌နော်အိန်ဂျယ်လာဒွန်းလည်း လာ‌ရောက်ဂါဝရ ပြုတယ်။

‌ကေအိုင်စီ။ ။ အခမ်းအနားအတွက် ကုန်ကျစရိတ်‌တွေ‌ရော ဘယ်လိုရှိလဲ။

ကုန်ကျစရိတ်က‌တော့ ဘတ်ဂျက်ရယ်လို့ သီးသန့် မရှိဘူး။ တချို့‌ကျေးရွာ‌တွေက ထမင်းဗူး ၁၅ဝ စီ လှူတယ်။ ဗူး ၁၀ဝ လှူ သူလည်းရှိတယ်။ ဘဲဂရက်ကြီး ‌ကျေးရွာသား‌တွေက ဗူး ၁,၀၀၀၊ အလှူရှင်‌တွေက တိုက်ရိုက်လာ လှူတာ ဖြစ်တယ်။ ထမင်းဗူးကြီးပဲက စုစု‌ပေါင်း ၁,၅၀ဝ မ‌လောက်ဘူး။ ထပ်ချက်ရတယ်။ ဆို‌တော့ လူ ၂,၀၀ဝ ‌ကျော်‌လောက်လာတဲ့ သ‌ဘောရှိတယ်။ တချို့ဆို ‌နေ့လည်ဘက်မှ ‌ရောက်လာတာ‌တွေလည်း ရှိတယ်။ အရင် နှစ် ကထက် သုံးဆ‌လောက်စည်ကားတယ်။ အရင်နှစ်ကလို စက်‌လှေ‌တွေနဲ့ မဟုတ်‌တော့ဘူး။ ကားလမ်းလည်း ‌ပေါက်‌နေပြီးဆို‌တော့ သွားလာ‌ရေး အဆင်‌ပြေတယ်။
‌ကေအိုင်စီ။ ။ ဘဲဂရက်မှာ ‌စောဘဦးကြီးအထိမ်းအမှတ် ‌ကျောက်တိုင်လည်းစိုက်ထူပြီးသွားပြီးဆို‌တော့ တခြား ဘာထပ်လုပ်ဖို့ စဉ်းစားထားလဲ။
ကျ‌နော်တို့ စဉ်းစားထားတာက‌တော့ ‌စောဘဦးကြီးရဲ့ အထိမ်းအမှတ် ‌ကျောက်တိုင်‌ရှေ့မှာ ရင်ပြင်သ‌ဘောမျိုး လုပ်ဖို့ ရှိတယ်။ ‌နောက် ‌ဟောခန်းမတစ်ခုလည်း လုပ်ဖို့ ရှိတယ်။ လာမဲ့ ပွင့်လင်းရာသီ‌ပေါ့၊ ‌နွေရာသီ ‌လောက် ဖြစ်မယ် ထင်တယ်။ ဒီအတွက် အလှူရှင်‌တွေကိုလည်း ဖိတ်‌ခေါ်ပါတယ်။