Home သတင်း ပဲခူးတိုင်း‌ဒေသကြီး ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မဂင်္လာပွဲ လူ‌ပေါင်း ၁,ဝဝဝ ‌ကျော် တက်‌ရောက်ဆင်နွှဲ

ပဲခူးတိုင်း‌ဒေသကြီး ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မဂင်္လာပွဲ လူ‌ပေါင်း ၁,ဝဝဝ ‌ကျော် တက်‌ရောက်ဆင်နွှဲ

2966

ဩဂုတ် ၂၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်​း​‌ဒေသကြီး ကရင်​စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြီး ဩဂုတ်လ ၂၉ရက် (ယ‌နေ့) နံနက်တွင် ပဲခူးမြို့၊  မြို့‌တော်ခန်းမ၌ တိုင်းအဆင့် ကရင်​ရိုးရာဝါ‌ခေါင်လ ချည်​ဖြူ ဖွဲ့ မဂင်္လာအခမ်း အနားကျင်းပပြု လုပ်ခဲ့ကြရာ တိုင်းဝန်ကြီးချုပ်နှင့် အစိုးရ ဝန်ကြီးများပါအဝင် လူ‌ပေါင်း ၁,ဝဝဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ချည်ဖြူ ဖွဲ့မဂင်္လာပြုလုပ်ခြင်းသည် ကရင်တိုင်းသားလူမျိုးများ၏ မိရိုးဖလာရိုးရာဓ‌လေ့ ထုံးတမ်းအစဉ် အလာတစ်ခု ‌ပျောက်ကွယ်မသွား‌အောင် ထိန်းသိမ်း‌စောင့်‌ရှောက်ခြင်းအပြင် ‌နောင်လာ‌နောက်သားများ သိရှိ‌စေရန် လက်ဆင့်ကမ်းအ‌မွေ‌ပေးလိုက်ခြင်းကို ‌ဖော်ထုတ်ပြသသည့်ပွဲဖြစ်သလို ကရင်တိုင်းရင်းသား များ‌ဘေးဒုက္ခအ‌ပေါင်းမှ ကင်း‌ဝေးနိုင်‌အောင်ပြုလုပ်သည့်ပွဲလည်းဖြစ်သည်ဟု ကရင်တိုင်းရင်းသားလူ မျိုးများ‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးက အခမ်းအနား နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ‌ပြောကြား သည်။

“ကရင်တိုင်းရင်းသားများအ‌နေဖြင့် မိမိတို့၏ဖြတ်သန်းလာခဲ့တဲ့သမိုင်း‌ကြောင်း၊ ဂုဏ်ယူဖွယ်ရာ ယဉ်‌ကျေးမှုအ‌မွေအနှစ်၊ ‌ကောင်းမွန်တဲ့ဓ‌လေ့ထုံးတမ်း အစဉ်အလာ‌တွေကို သားစဉ်‌မြေးဆက်ဆက် လက်ထိန်းသိမ်း‌ဆောင်ရွက်သွားကြရန်လို‌ကြောင်း” ဟု ဝန်ကြီး‌နော်ပွယ်‌စေးက ‌ပြောကြားသည်။

ချည်ဖြူ ဖွဲ့မဂင်္လာပွဲအခမ်းအနားသို့ ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ကရင်တိုင်းရင်းသား လူမျိုးများ‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦး ထွန်းထွန်းဦး၊ ပဲခူးတိုင်း‌ဒေသကြီး လွှတ်‌တော်ဥက္ကဌ ဦးခင်‌မောင်ရင်၊ တိုင်​းရင်​းသားလူမျိုးများအ​‌ရေးဆိုင်​ရာ​‌ကော်​မတီဥက္ကဌ ​‌စောသူရ​‌အောင်​နှင်​့ အဖွဲ့ဝင်​များ၊ အစိုးရဌာနဆိုင်ရာများ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဝင်များနှင့် လူမှုအဖွဲ့အစည်းများက တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ‌တော်အလံနှင့် ကရင်အမျိုးသားအလံ‌တော်တို့အား အ‌လေးပြုကြပြီး ကရင် အမျိုးသားသီ ချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ တိုင်းဝန်ကြီးချုပ်နှင့် ကရင်‌ရေးရာ ဝန်ကြီးတို့က ဆုမွန်‌ကောင်း ‌တောင်းနှုတ်ခွန်းဆက်စကား ‌ပြောကြားခြင်း၊ ပဲခူးတိုင်း ‌ဒေသကြီး စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဒု ဥက္ကဌ ‌ဒေါက်တာကြည်စိုးမှ ‌ကျေးဇူးတင်စကား‌ပြောကြားခဲ့ကြသည်။ ထို‌နောက် ကရင်တိုင်းရင်းသား အနုပညာရှင်များမှ ‌တေးသီချင်းဖြင့် ‌ဖျော်‌ဖြေတင်ဆက်ကာ ကရင်အဘိုးအဘွားများမှ ဆု‌တောင်းခြင်း၊ ‌မေတ္တာပို့သခြင်းများပြုလုပ်ကြပြီး အခမ်းအနားသို့ တက်‌ရောက်လာကြသည့် ဧည့်သည်‌တော်များအား ချည်ဖြူ ဖွဲ့မဂင်္လာ ပြုလုပ်‌ပေးကြသည်။

ကရင်ရိုးရာ ဝါ‌ခေါင်လ လက်ချည်ပွဲကို ကျန်းမာသန်စွမ်း‌သော လိပ်ပြာ‌လေးများ ကိုယ်နှင့်မကွာရှိ ‌စေရန်နှင့် ကရင်တိုင်းရင်းသားများ ပြန်လည်ဆုံဆည်းနိုင်ရန် ရည်ရွယ်ပြီး ဝါ‌ခေါင်လဆန်း ၁ရက်မှ လကုန်အထိ ကျင်းပပြုလုပ်သည့် ရိုးရာ ပွဲ‌တော်တစ်ခုဖြစ်သည်။ ထိုသို့ ကျင်းပပြုလုပ်ရာတွင် ငှက် ‌ပျောသီး၊ ‌ကောက်ညှင်းထုပ်၊ ထမင်းဆုပ်​၊ နတ်ပန်းညို၊ ချည်ဖြူ၊ ‌ရေနှင့် ကြံပိုင်းစသည့် ပစ္စည်း ၇ မျိုးကို ထည့်သွင်းအသုံးပြုပြီး လွင့်ပျံ့‌နေ‌သော လိပ်ပြာကို​‌ခေါ်သည်​ဟု ယုံကြည်​မှုဖြင့် ဝါဂွမ်း စစ် စစ်ဖြင့်ပြု လုပ်ထားသည့် ချည်ဖြူကို လက်‌ကောက်ရစ်တွင် ရစ်ချည်‌ပေးခြင်းဖြစ်သည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်း ကရင်ရိုးရာချည်ဖြူ ဖွဲ့မဂင်္လာပွဲများကို ​‌တောင်​ငူခရိုင်​ ‌ကျောက်​ကြီးမြို့နယ်​ ၌ ဩဂုတ်လ(၁၇) ရက်‌နေ့က လည်း‌ကောင်း၊ ပြည်​ခရိုင်​ ‌ပေါင်​းတည်​မြို့နယ်​၌ ဩဂုတ်လ (၂၀)ရက်‌နေ့က လည်း‌ကောင်း၊ သာယာဝတီခရိုင်​ အုတ်​ဖိုမြို့နယ်​၌ ဩဂုတ်လ(၂၄) ရက်‌နေ့က လည်း‌ကောင်း အသီး သီးကျင်းပပြုလုပ်ပြီးစီးခဲ့သည်ဟု သိရသည်။