Home သတင်း နယ်ခြား‌စောင့်တပ်ဖွဲ့နှင့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားတို့ မွန်ပြည်နယ်‌ရေ‌ဘေးသင့်ပြည်သူများအတွက် စု‌ပေါင်းလှူဒါန်း

နယ်ခြား‌စောင့်တပ်ဖွဲ့နှင့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားတို့ မွန်ပြည်နယ်‌ရေ‌ဘေးသင့်ပြည်သူများအတွက် စု‌ပေါင်းလှူဒါန်း

2516

ဩဂုတ်လ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်-BGFနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌ခေါင်း‌ဆောင်တို့ စု‌ပေါင်း၍ မွန်ပြည် နယ်၊ ကျိုက်မ‌ရောမြို့နယ်ရှိ ‌ရေ‌ဘေးသင့်ခံ‌နေရသည့် ‌ကျေးရွာအချို့ကို ယမန်‌နေ့ (ဩဂုတ်လ ၁၃ရက်)က သွား‌ရောက်စု‌ပေါင်းလှူဒါန်းမှု ပြုခဲ့‌ကြောင်း သိရသည်။

BGF ဗဟိုအကြံ‌ပေးနှင့်ကွပ်ကဲ‌ရေးဌာန အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ၏ မတည်လှူဒါန်းသည့် ကျပ်‌ငွေသိန်း ၂ဝဝ ‌ကျော် တန်ဖိုးရှိ စားနပ်ရိက္ခာပစ္စည်းများနှင့် ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား များ၏ စု‌ပေါင်းလှူဒါန်းမှုကို BGFမှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်နှင့် အလုပ်သမားအ‌ရေး‌ဆောင်ရွက်သည့် AAC မှ ကိုရဲ မင်းတို့ဦး‌ဆောင်၍ ကျိုက်မ‌ရော မြို့ နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၈ ရွာမှ ‌ရေ‌ဘေးသင့်ပြည်သူများအား သွား ‌ရောက်လှူဒါန်းခဲ့‌ကြောင်း ကိုရဲမင်းက ‌ပြောသည်။

“ထိုင်းနိုင်ငံက မြန်မာအလုပ်သမား‌တွေစု‌ပေါင်းလှူဒါန်းကြတဲ့စား‌သောက်စရာပစ္စည်း‌တွေရယ်၊ နယ်ခြား‌စောင့် တပ်က ဗိုလ်မှူးကြီး‌စောချစ်သူ လှူဒါန်းတဲ့စား‌သောက်စရာပစ္စည်း‌တွေရယ် အားလုံး‌ပေါင်း ကားငယ် ၁၂ စီးနဲ့ ကျိုက်မ‌ရောမြို့နယ်အတွင်းမှာရှိတဲ့ ငါး‌ပြေမ‌ကျေးရွာ၊ ကြခတ်ကုန်းနဲ့‌ညောင်ကုန်း‌ကျေးရွာ‌တွေအပါအဝင် ‌ကျေးရွာ‌ပေါင်း ၈ ရွာက ‌ရေ‌ဘေးသင့်ပြည်သူ‌တွေကို လာ‌ရောက်လှူဒါန်း‌ပေးတာပါ” ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိတွင် ထိုင်းလုပ်ငန်းရှင်များမှ မြဝတီမြို့တွင် ထပ်မံလာ‌ရောက်လှူဒါန်းထားမှုများရှိ‌နေသလို ၎င်းအလှူပစ္စည်းများကို နယ်ခြား‌စောင့်တပ် ဗိုလ်မှူးခင်‌မောင်ဝင်းမှ လက်ခံရယူထားပြီး အဆိုပါ လှူဒါန်းပစ္စည်း များကိုလည်း ‌နောက်ထပ်တစ်ကြိမ် ထပ်မံ၍ အခြား‌ရေ‌ဘေးသင့်ပြည်သူများထံသို့ သွား‌ရောက် လှူဒါန်းမည် ‌ကြောင်း ကိုရဲမင်းက ဆက်‌ပြောသည်။

ထို့အတူ မွန်ပြည်နယ် ‌ရေ‌ဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံမှ ထိုင်းဘတ်‌ငွေ သိန်း ၃ဝ ခန့် တန်ဖိုးရှိ ဆန်၊ ‌ရေသန့်၊ ‌ခေါက်ဆွဲနှင့်လူသုံးကုန်ပစ္စည်းများကို ထိုင်းတပ်မ‌တော် အမှတ် (၃) တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ အမှတ်(၄) တပ်မဟာမှူးကိုယ်တိုင်က ဩဂုတ်လ ၁၃ ရက်‌နေ့တွင် မြန်မာ-ထိုင်းအမှတ် ၁ ချစ် ကြည်‌ရေးတံတားတွင် မြန်မာအစိုးရ တာဝန်ရှိသူများထံ ‌ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ယခုလအတွင်း ကျိုက်မ‌ရောမြို့နယ်အတွင်းရှိ ဦး‌လေး၊ ငါး‌ပြေမ၊ ‌ညောင်ကုန်း၊ ကြခတ်ကုန်း စသည့် ‌ကျေးရွာ များအပါအဝင် ‌ကျေးရွာ‌ပေါင်း ၈ ရွာခန့်မှာ ‌ရေကြီးမှုဒဏ်ခံစား‌နေရပြီး အိမ်‌ထောင်စု ၈ဝဝ ခန့်မှ ‌ရေ‌ဘေးသင့် ပြည်သူ ၆,ဝဝဝ ‌ကျော်အတွက် ‌ရေ‌ဘေးကယ်ဆယ်‌ရေး စခန်း ၁၂ ခုဖွင့်လှစ်‌ပေးထားရသည်။ ထို့အတူ အတ္တရံ မြစ်‌ရေ တက်မှု‌ကြောင့် ကျိုက်မ‌ရောမြို့နယ်အတွင်း အိမ်‌ခြေ‌ပေါင်း ၈,၉၀၇ မှ လူဦး‌ရေ ၄၆,၃၃၈ ဦး ‌ရေ‌ဘေး ဒုက္ခခံစား‌နေရ‌ကြောင်း သိရသည်။

မွန်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအ‌နေဖြင့် ‌ရေကြီးနစ်မြှုပ်မှု များ ‌ကြောင့် ‌သေဆုံးသူ ၅ဝ ‌ကျော်ရှိပြီး ‌ရေ‌ဘေးသင့်ပြည်သူ သိန်းနှင့်ချီရှိ‌နေသည်ဟု ‌ဘေးန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဦးစီးဌာနမှ ဩဂုတ်လ ၁၁ရက်‌နေ့အထိ ‌ကောက်ယူထားသည့် အချက်အလက်အရ သိရသည်။